
ရေစပ်မှာရှိတဲ့ ထိုင်းဘုန်းကြီးကျောင်းအဝင်းအတွင်းမှ မီးထွန်းပွဲတော် စည်ကားနေပုံ။

မြတ်စွာဘုရားနဲ့ သံဃာ ရုပ်ပွါးတော်များရှေ့တွင် ရှိခိုးကန်တော့နေကြစဉ်

ဆီမီးပူဇော်ရာနေရာတွင် ဆီထည့်ဝင်လှူဒါန်းနေကြပုံ

အလောင်းတော် ရာမမင်းရဲ့ လေးတော်ကို ရည်မှန်းတယ်လို့ ထင်ပါတယ်။

Bangkok Bank ဘဏ်ဝန်ထမ်းများ မီးကြာခွက်လေးများ ပြုလုပ်နေပုံ

မီးမျှောပွဲတော်အတွက် ပျော်ပျော်ရွှင်ရွှင်

လှူဒါန်းဆုတောင်းပြီး ဓာတ်ပုံအမှတ်တရ ရိုက်နေကြတဲ့ ထိုင်းလှပျိုဖြူတစ်ဦး

“ချစ်သူစုံတွဲတွေရဲ့ ကောင်းမှုနှင့် ဆုတောင်း”

ကြာပန်းနှင့် ဆီမီးတိုင်

ဘုန်းကြီးကျောင်းတွင်းက မီးကြာခွက်လေးများ အရောင်းဆိုင်

သူတို့ဓလေ့နှင့် သူ့တို့ယုံကြည်မှု

ရွေ့နေတဲ့ သပိတ်ထဲကို ဆွမ်းဆန်လှူဒါန်းနေကြတာဖြစ်ပါတယ်။

ရေစပ်မှာ လူတွေ သိပ်များနေတော့ အခုလိုလည်း မီးမျှော်ဖို့ အဆင်ပြေအောင် လုပ်ပေးထားတယ်။

တန်ဆောင်မီးထွန်းပွဲတော် သို့မဟုတ် မီးမျှောပွဲတော်၊ ဘယ်လိုပဲ ခေါ်ခေါ် သဘောကတော့ အတူတူပဲဖြစ်ပါတယ်။ သို့သော်လည်း မတူညီမှုများကလည်း စိတ်ဝင်စားစရာပါ။ မြန်မာနိုင်ငံမှာ တော့မြတ်စွာဘုရားကို ရည်မှန်းပြီး ဆီမီးထွန်းညှိပူဇော်ကြတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ အချို့က မြစ်စောင့်နတ်ကို မီးထွန်းပူဇော်တာဖြစ်ပါတယ်သတဲ့၊ အချို့ကတော့ ဆံပင်၊ လက်သည်း ခြေသည်းများကို မီးကြာခွက်ထဲကို ထည့်သွင်းပြီး မျှောကြသတဲ့ ယတြာချေသလိုပေါ့။ တချို့ကတော့ ပိုက်ဆံထည့် မျှောကြတယ်။ ထေရဝါဒ (၅)နိုင်ငံထဲက ထိုင်းနဲ့မြန်မာနိုင်ငံက အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ယုံကြည်ကိုးကွယ်မှုလေးတွေ တူသလိုနဲ့ ယနေ့အချိန်အခါမှာ များစွာကွဲပြားလာပြီဆိုတာ လေ့လာနိုင်မှာဖြစ်ပါတယ်။
လေးစားစွာဖြင့်
bliss of us
1 comment:
မနေ့  ညက မသွားဖြစ်လိုက်ဘူး.... ဘောပွဲ ကြည့်လိုက်တာ မေ့သွားတယ်... အိမ်နားမှာတော့ ၀ုန်းဒိုင်းကြဲသောင်းကျန်းနေကြတာ..
အမ Crystal သွားလိုက်သေးသပေါ့လေ... ကောင်းပါ၏... ပုံလေးတွေ ပဲ ကြည့်လိုက်တော့မယ်.... :)
Post a Comment