Monday, October 4, 2010

ပင်လယ်ပြင်မှာ လေဟုန်စီးလိုသော်...

ထိုင်းနိုင်ငံရှိ ထင်ရှားတဲ့ အပန်းဖြေစရာ၊ ပေါများလှတဲ့ လည်စရာနေရာတွေထဲမှာ ပတ္တရားကမ်းခြေလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အပန်းဖြေခြင်းများစွာထဲက တစ်ခုကို တင်ဆက်လိုက်ပါတယ်။ လေထီး ဘောလုံးလေးနဲ့ boat လေးက ဆွဲသွားတာကို လိုက်စီးကြတဲ့ ပျော်စရာ ရင်ခုန်စရာ အပန်းဖြေနည်းပါ။

လေထီးလိုက်စီးဖို့ စောင့်စားနေသူများ။


လေထီးလေးကို အဆင်သင့်သလို ပြင်ဆင်နေကြတယ်။


ဒီပုံလေးထဲမှာ ကလေးငယ်လေးတစ်ယောက်ကို ပြင်ဆင်ပေးနေတာပါ။


လိုက်ပါစီးနှင်းမည့်သူမှာ ကြိုးတပ်ပေးနေကြပါတယ်။


boat လေးကနေ နဲနဲဆွဲလိုက်တော့ လေထီးလေး မြောက်တက်လာပြီ။




အခုတော့ လေထီးလေးနဲ့ လူပါသွားပါပြီ။


ပင်လယ်ပြင်ကျယ်ထဲမှာ ဒီလိုလိုက်စီးရတာ ရင်ခုန်စရာပါ။


ကမ်းပေါ်မှာ ရှိတဲ့ တိုက်တွေထက်မြင့်အောင်ကို ဆွဲသွားတာပါလား။


ဒီပုံလေးမှာတော့ boat လေးက ဆွဲခေါ်သွားတဲ့ပုံပါ။


ကဲ...အောင်မြင်စွာ ပြန်လည်ဆင်းနိုင်ခဲ့ပါပြီ။


ဒါလေးကို ပင်လယ်ပြင်ထဲက သင်္ဘောပေါ်ကနေ ပြုလုပ်ကြတာဖြစ်ပါတယ်။ ပြန်အဆင်းမှာ သင်္ဘောကုန်းပတ်ပေါ်ကို ကွက်တိကျအောင် လုပ်ထားရတာလည်း မလွယ်ပါဘူး။ ကုန်းပတ်ကနေ ကျော်မထွက်သွားအောင်လည်း လေထီးလေး ဆင်းလာချိန် အောက်က အဖွဲ့တွေ ဝိုင်းဖမ်းပေးကြပါတယ်။ အန္တရာယ်များပေမယ့် သူတို့ လုပ်ဆောင်ကြတာ တိကျလွန်းတော့ တော်တော်လေး အဆင်ပြေနေပါတယ်။ အဘိုးအဖွားများက စလို့ ကလေးပါမကျန် ပျော်ရွှင်ရင်ခုန်စွာ စီးနင်းလိုက်ပါကြပါတယ်။
လိုက်ပါစီးနင်းခမှာ ထိုင်းဘတ်ငွေ (500)ဖြစ်ပါတယ်။

3 comments:

...အလင်းစက်များ said...

မြန်ပြည်ထဲမှာ ဒါမျိုးတွေ မြင်ချင်ပါဘိ.....

ဘယ်တော့လဲ .... တစ်နေ့ နေ့ ပေါ့.... သို့ သော်ဘယ်နေ့ မှန်း မသိ..

လွန်ခဲ့တဲ့ ၂ လလောက်က ဘိုလိုနဲနဲတတ်တဲ့ တက္ကစီ မီတာ သမားနဲ့  စကား ပြော ဖြစ်တယ်... သူတို့  နိုင်ငံစီးပွားကျနေတာကို ပျစ်ပျစ်နှစ်နှစ် ပြောနေတာ...

ခက်တာက ကိုယ်ကဘာပြောပေးရမှန်းမသိ... (ဟုတ်ပါတယ်... “နင်တို့  ၀န်ကြီး အဖွဲ့ ကလဲ ဆိုးလိုက်တာနော်” တို့  ... “အေးဟာ ဦးသက်ဆင် တက်လာရင်လဲ ကောင်းမှာနော်” တို့  ..... “အင်း နင်တို့ ကိုက ကံကိုဆိုးတာပါ ဒီလိုနိုင်ငံမှာ လူလာဖြစ်တာကိုက ကံဆိုးလို့ ပေါ့ဟာ” တို့  ) ပြောပေးရမှာလား မသိ..... သူက အားရ ပါးရ ပြောနေတာ လက်သီးနဲ့  ဒက်ရှ်ဘုတ်ပေါ်တွေ ထုထုပြီး ပြောနေတာ...

တကယ်တန်းကံဆိုးသည်မှာ ... ??????????????????????

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟယ် စီးချင်လိုက်တာ
ပျော်ဖို့ကောင်းသလို စိတ်လှုပ်ရှားဖို့လည်း အတော်ကောင်းမယ်နော်
ရင်ခုန်စရာကြီး။
အိမ်နီးချင်းနိုင်ငံတွေရဲ့ တိုးတက်မှုတွေက ဘယ်တော့များမှ လိုက်လို့ မီမှာပါလိမ့်နော်။
၂၀၁၀ပြီးရင် မီမှာလား ???????????????????????

Crystal said...

တစ်နေ့နေ့တော့ ဖြစ်လာမှာပါ။ တကယ် ပိုလှတာက မြန်မာနိုင်ငံက သဘာဝအလှတရားတွေပါ။ ကိုယ့်နိုင်ငံမို့ ကြွားပြောတာ ဟုတ်ပါဘူး...

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower