Sunday, October 18, 2009

ထိုင်းနိုင်ငံတွင် တည်းခိုရန်အတွက်...........................

တည်းခိုစရာနေရာတွေ ပေါများလှသော ထိုင်းနိုင်ငံတွင် ဈေးနှုန်းအမျိုးမျိုးနှင့် ခဏ တာတည်းခိုဖို့ မြန်မာနိုင်ငံသား များအတွက် ဈေးချိုချိုနှင့် အခန်းငှားတဲ့ အစီအစဉ်တွေ လည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံတွင် တည်းခိုဆောင်တွေ ဆောက်ပြီး အခန်း ငှားတဲ့ စနစ်က ထိုင်းနိုင်ငံသားများ ကိုယ်တိုင်ကျင့်သုံး နေကြပါတယ်။ မြန်မာနိုင်ငံမှ အလည်လာ သူများ၊ ဈေးဝယ်ကြသူများ၊ ကျောင်းတက် သူများ၊ ဆေးကုသသူများအတွက် အဆင်ပြေစေရန် နေရာအလိုက် ဈေးနှုန်းအမျိုးမျိုးနှင့် အခန်းများကို စိတ်တိုင်းကျ ရွေးချယ်တည်းခိုနိုင်ပါတယ်။
အခန်းအတွင်းပိုင်းကို ဟိုတယ် အဆင့်မီပြင်ဆင်ထားကာ သန့်ရှင်းဆိတ်ငြိမ်တဲ့ နေရာတွင် စိတ်ချမ်းသာစွာဖြင့် တည်းခိုနိုင်ကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ မကြာခဏသွားနေကြသူများအဖို့ ကိုယ်ပိုင်အခန်း ကဲ့သို့ လုံခြုံမှု အပြည့်အဝနှင့် တည်းခိုနားနေနိုင်ပါတယ်။ ဈေးဝယ်ရန်လာလည်သူများအတွက် ဈေးနှင့် နီးသော နေရာများတွင် တည်းခိုနိုင်ခြင်းကြောင့် တက္ကစီကားခများလည်း သက်သာ၊ သွားလာရေးလည်း လွယ်ကူ၊ အခန်းခများလည်း ဈေးနှုန်းချိုသာ လို့  စိတ်ချမ်းမြေ့စွာ တည်းခိုနိုင်ကြပြီဖြစ်ပါတယ်။
ကျန်းမာရေးဆေးစစ်ရန် လာရောက်သော သူများကတော့ ဆေးရုံနှင့်နီးသော နေရာများတွင် နေထိုင်လိုကြ ပါသည်။ ဆေးစစ်ဆေးရန် လပိုင်းလောက်ကြာမြင့်မည်ဆိုပါလျှင် လအလိုက်ငှားရမ်း နေထိုင်နိုင်ကြပါတယ်။ ဟိုတယ်မှာ တည်းခိုတဲ့ ဈေးနှုန်းနှင့် အခန်းငှားနေတဲ့ ဈေးနှုန်းများဟာ အလွန်ကွာခြားတာကြောင့် သပ်ရပ် သန့်ရှင်းတဲ့ အခန်းများမှာ တည်းခိုရန် အထူးသင့်တော်လှပါတယ်။
အခန်းခ တစ်ရက်လျှင် ဘတ် ၂၀၀ မှ ၄၅၀ခန့် ပေးရသော အခန်းများဟာ ပန်ကာတပ်ထားသော အခန်းများ ဖြစ်ပြီး တချို့ အခန်းများဟာ အခန်းပိုင်ရှင်နှင့် တွဲနေရတဲ့ အခန်းများလည်းပါဝင်တတ်ပါတယ်။ အဲဒီလိုအခန်း များကိုတော့ ဧည့်သည်များ အနေဖြင့် သိပ်သဘောမတွေ့ကြပါဘူး။ ဘတ် ၅၀၀ မှ ၁ဝဝဝကျော်ပေးရတဲ့ အခန်းများကတော့ ကောင်းမွန်သော အခန်းတွင် စိတ်အေးချမ်းသာစွာ နားနေနိုင်ကြပါတယ်။ ရေပူ၊ရေအေးစက်၊ လေအေးပေးစက် နှင့် ရေခဲသေတ္တာတွေ ပါဝင်ခြင်း၊ အခန်းပြင်ဆင်မှုများသည်လည်း ဟိုတယ်ပုံစံပြင်ဆင်ထား ပေးခြင်းများကြောင့် သန့်ရှင်းသပ်ရပ်ကျယ်ဝန်းစွာ တည်းခိုနိုင်ကြပါသည်။
ယခုအခါ ထိုင်းနိုင်ငံတွင် အခန်းအဆောင်များတွင် နေ့စဉ်သန့်ရှင်းရေးလုပ်ပေးခြင်း၊ လုံခြုံရေးအစောင့်များ ထားပေးခြင်းကြောင့် ဟိုတယ်အခန်းကဲသို့ နေထိုင်ရပြီး စရိတ်များသက်သာကာ မြန်မာနိုင်ငံသားများ အထူးနှစ်ခြိုက်နေကြပါတယ်။
လအလိုက်တည်းခိုလိုသူများအတွက် ပတ်စ်ပို့မိတ္တူနှင့် ဈေးချိုသောအခန်းများကိုလည်း ငှားရမ်းနိုင်ပါတယ်။ သို့သော်လည်း ထိုင်းနိုင်ငံတွင် ဘာသာစကားအခက်ခဲများကြောင့် အခန်းပိုင်ရှင်များသည် အင်္ဂလိပ်စကား ပြော၍ ငှားရန်စုံစမ်းစဉ်တွင် အခန်းခများကို ပုံမှန်ထက်ပိုသော ဈေးနှုန်းများ ပြောလာကြသဖြင့် ကိုယ်တိုင်ငှား ရာတွင် အခက်အခဲများနှင့် တွေ့ကြုံရပြန်ပါတယ်။ လပိုင်းသာ နေထိုင်မည်ဆိုပါက တစ်နှစ်စာချုပ်ဖြင့် ငှားသော နှုန်းထက်ပိုပေးရ သော်လည်း ရက်အလိုက်ငှားရမ်းခြင်းထက် များစွာသက်သာစေပါတယ်။ တစ်နှစ်စာချုပ် ချုပ်ဆိုမည်ဆိုပါက စပေါ်ငွေ ၂-လစာပေးသွင်းရပြီး ပထမဆုံးလအတွက် လခကိုပါ တစ်ပေါင်းတည်း ပေးသွင်းရပါတယ်။ ထို့နောက် လျှပ်စစ်မီတာခနှင့် ရေမီတာခများကိုလည်း အခန်းရှင်များဘက်မှ သတ်မှတ်ထား သော နှုန်းထားများအတိုင်း လကုန် တစ်ပတ်အတွင်း အခန်းရှင်သို့ ပေးဆောင်ရတတ်ပါတယ်။
အချို့အခန်းရှင်များသည် အခန်းလခကိုသာ သူတို့သတ်မှတ်ထားသည့်အတိုင်း တောင်းတတ်ပြီး လျှပ်စစ်မီတာ ခနှင့် ရေမီတာခများကို အမြတ်လိုက်မယူ လိုတော့ပဲ အစိုးရကသတ်မှတ်နှုန်းထားနှင့်သာ ပေးဆောင်ရတတ် ပါတယ်။ ဒီလိုမျိုး အခန်းရှင်မျိုးကတော့ အလွန်ရှားပါးလှပါတယ်။ အခန်းပိုင်ရှင်များသည် အများအားဖြင့် ထိုင်းနိုင်ငံသားများဖြစ်ကြသဖြင့် အခန်းငှားရန် စုံစမ်းစဉ်ကပင် ထိုင်းဘာသာစကားဖြင့် ရေလည်စွာ ပြောဆို ဆွေးနွေးသင့်ပါတယ်။
တစ်နှစ်စာချုပ်ပြည့်သောအခါ စပေါ်ငွေသည်လည်း အပြည့်အဝပြန်လည် မရတတ်ပါ။ အဘယ်ကြောင့်ဆိုသော် အခန်းသန့်ရှင်းရေး ဆောင်ရွက်ခ ဘတ် ၃ဝဝ မှ ၁ဝဝဝအထိ တောင်းတတ်ကြပါတယ်။ ဖြစ်သင့်တာ မဖြစ်သင့် တာထက် ထိုင်းနိုင်ငံ၏ စနစ်ထုံးစံ ဖြစ်နေသောကြောင့် မည်သို့မျှ ပြန်လည်တောင်းဆို၍ မရတတ်ပါ။ အခန်းလခ များသည် တစ်လလျှင် ဘတ်၂၅ဝဝမှ အခန်းနေရာနှင့် အခန်းတွင်းပြင်ဆင်မှုများပေါ်မူတည်၍ အခန်းလခများ သည် အမျိုးမျိုးရှိ တတ်ပါတယ်။
ထိုသို့ ထိုင်းနိုင်ငံ၏ အခန်းငှားစနစ်ကို ကြိုတင်သိထားခြင်းကြောင့် အခန်းရှင်နှင့် ညှိနှိုင်းရာတွင် လွယ်ကူအဆင် ပြေစေနိုင်ပါတယ်။
ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြသော မြန်မာနိုင်ငံသားများကို အိမ်ခန်းငှားရမ်းခြင်းများနှင့် ပတ်သက်၍ အဆင်ပြေနိုင်စေရန် Bliss of us အဖွဲ့မှ စကားလက်ဆောင်ပါးလိုက်ရ ပါသည်ခင်ဗျား။

No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower