Friday, October 23, 2009

ထိုင်းနိုင်ငံတွင် ဆေးကုသလိုသော မြန်မာနိုင်ငံသားများသို့......




















ယခုချိန်ခါတွင် ဆေးရုံများ၏ ဝန်ဆောင်မှု များသည် မြန်မာနိုင်ငံသား များအတွက် များစွာအဆင်ပြေစေရန် ဝန်ဆောင်မှု များကို ပုံစံအမျိုးမျိုးနှင့် ပြုလုပ်ပေးထား ကြပါတယ်။ ထိုင်းနိုင်ငံရှိအပြည်ပြည်ဆိုင်ရာ ဆေးရုံများ တွင် medical check up program များကိုလည်း စီစဉ်ပေး လျှက်ရှိရာ မိမိတို့ စစ်ဆေးလိုသော
အမျိုးအစားများ အလိုက် ၄င်း၊ ဈေးနှုန်း အလိုက်သော၎င်း၊ မိမိစိတ် ကြိုက် စစ်ဆေးလိုပါကလည်း ရွေးချယ် စစ်ဆေး နိုင်ခြင်းနှင့် ဆေးကုသ ခံယူမည့် ဆေးရုံကိုပါ စိတ်ကြိုက် ရွေးချယ်နိုင်လျှက်ရှိပါသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံတကာအဆင့်ရှိ ပုဂ္ဂလိလဆေးရုံကြီးများမှာ ရောဂါရှာဖွေ စစ်ဆေးခြင်းနှင့် ဆေးကုသခြင်း တွေမှာ မြန်လဲမြန်၊ စိတ်လည်းချရသော ခေတ်မီစက်ကရိယာများကို တပ်ဆင်ထားသောကြောင့် နည်းပညာ အရသာမက လူနာများ စိတ်ချမ်းသာစွာဖြင့် ကိုယ့်အိမ်မှာ ရှိနေသလို သက်တောင့်သက်သာ ခံစားရစေပြီး၊ ရောဂါ ပျောက်လည်း မြန်ဆန်မှုရှိ စေရန် စီမံပေးထားပါသည်။ ရောဂါရှာဖွေခြင်းများနှင့် ကုသပေးမှုများသည် လည်း တိုးတက်သည်ထက် တိုးတက် လာပြီဖြစ်ပါသည်။
ခွဲစိတ်ကုသပြီးတဲ့ လူနာတစ်ယောက်ရဲ့ အရေးကြီးလက္ခဏာတွေဖြစ်သော သွေးဖိအား၊ နှလုံးခုန်နှုန်း၊ အသက်ရှူ နှုန်းတွေကို ဆရာဝန်များက wireless telemetry ခေါ်တဲ့ အဝေးထိန်းကြည့်နိုင်သော စနစ်နှင့် စောင့်ကြည့် ကုသပေးကြပါသည်။ အထူးခန်း ICU ထဲမှ လူနာအခြေအနေကို ဆရာဝန်က ဖုန်းဆက်မေးရန် မလိုအောင် telemetry ခေါ်တဲ့ ခေတ်မီနည်းပညာတွေကို သုံးထားကြပါသည်။ ဆေးရုံများသည် ယနေ့ခေတ်တွင် လူနာ သက်တောင့်သက်သာနှင့် အစစအဆင်ပြေစေရေးကို အထူးလေးပေးဆောင်ရွက်လာကြပါသည်။ လူနာများ၏ အချက်အလက်များကိုလည်း ကွန်ပျူတာနှင့် မှတ်တမ်းတင်ထားပြီးနောက် နံပါတ်သတ် မှတ်ပေးထားကာ လာရောက်ပြသရာတွင် ပိုမိုလျှင်မြန်စွာ စစ်ဆေးပေးနိုင်ရန် ပြုလုပ်ပေးထားသည်။ ယင်းအကျိုးရလဒ်သည် ရောဂါများ၏သမိုင်းကြောင်း၊ မတဲ့သောဆေးအမျိုးအစားများ၊ မျိုးရိုးလိုက်သော ရောဂါများစသည် တို့ကို မှတ်တမ်း တင်မှတ်သားထားမှုကြောင့် ဆေးကုသမှုတွင် များစွာအထောက်အကူဖြစ်စေပြီး အမှားအယွင်း လျော့နည်း စေပါတယ်။ ဓာတ်မှန်များကို ကွန်ပျူတာနှင့် မှတ်သားသိမ်းဆည်းထားပေးသောကြောင့် သက်ဆိုင်ရာဆရာဝန်သည် ကုသချိန်တွင် လူနာ၏အမှတ်စဉ်နံပါတ်ကိုနိပ်၍ လွယ်လင့်တကူ ကြည့်ရှူကုသ နိုင်ပါသည်။ ဆေးရုံများသို့ တက်ရောက်ကုသရာတွင်လည်း မြန်မာနိုင်ငံသား ဝန်ဆောင်မှုအဖွဲ့ထံသို့ အင်တာနက်မှတဆင့် ကြိုတင်စာရင်း ပေးသွင်းနိုင်ကြပြီဖြစ်ပါသည်။ ကြိုတင်စုံစမ်းစာရင်းပေးသွင်းထားသော မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသား သူနာပြုများလည်း ရှိနေပြီဖြစ်သောကြောင့် ဆေးစစ်မှုများ၊ ဆေးကုသခြင်းများကို လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။

















ဆေးရုံတွင် အသေးစားခွဲစိတ်မှုများဖြစ်သော အူအတက်ခွဲခြင်းသည်လည်း တစ်ရက်နှင့် ကုသနိုင်အောင် နည်းပညာများ တိုးတက်လာပြီဖြစ်ပါသည်။ အကြီးစား ခွဲစိတ်မှုများဖြစ်သော ဝမ်းဗိုက်ကို ဖွင့်၍ခွဲစိတ်ခြင်းများ၊ ဦးခေါင်းပိုင်းကို ခွဲစိတ်ခြင်း စသော ခွဲစိတ်ရာတွင် အန္တရာယ်ရှိနိုင်ခြင်းများကို လျော့ပါးစေနိုင်ရန် ချုပ်ရိုးအနည်း ဆုံးနှင့် ရောဂါဖြစ်ပွါးရာအတွင်းထဲထည့်သည့် နည်းပညာနှင့် စက်ကိရိယာများကို သုံးလာသောကြောင့် နာကျင်မှုတွေ လည်း သက်သာ၊ အန္တရာယ်ရှိမှုများလည်း ကင်းဝေးစေပါတယ်။ ပိုးသတ်ထားသော စက်ကိရိယာများကို သုံးထား ခြင်းကြောင့် ခန္ဓာကိုယ်တွင်းပိုးဝင်ရောက်မှုများကို ကာကွယ်စေနိုင်ပါသည်။ ထို့ကြောင့် ခွဲစိတ်ဒဏ်ရာသည် အကျက်မြန်ခြင်း၊ လူနာသည်လည်း နာကျင်မှုများသက်သာစေကာ သွေးထွက်လွန်ခြင်းများကို လျော့နည်းစေ ပါသည်။
နိုင်ငံတကာအဆင့်မီဆေးရုံများသည် နည်းပညာပိုင်းတိုးတက်လာခြင်းသည်လည်းကောင်း၊ စက်ကိရိယာဆိုင်ရာ တိုးတက် ခေတ်မီခြင်းကြောင့် ဆေးစစ်ရာတွင်လည်း ပိုမိုတိကျစေသော digital x-rays, CT scan, MRT, PET စသော ဓါတ်ခွဲစမ်းသပ်နည်း အမျိုးမျိုးကို ပိုမိုတိကျတဲ့အဖြေရစေတာဖြစ်သောကြောင့် ကုသရာတွင် ထိရောက် မြန်ဆန်စေပါသည်။ ကုသရာတွင် Cutting-edge technologies နည်းပညာကို သုံးသောကြောင့် မလိုလားအပ် သော ဘေးထွက်ဆိုးကြိုးတွေကို လျော့နည်းစေပါတယ်။
ဆေးရုံ၏အတွင်းအပြင်အဆင်များသည်လည်း ဆေးရုံ၏ အနံ့အသက်ကင်းဝေးစေရန် အလေးထား ဆောင်ရွက် လာကြကာ လူနာအခန်းများကိုလည်း တည်းခိုခန်းများကဲသို့ ပြင်ဆင်ထားပေးထားကြပါသည်။ မိသားစုနှင့် လူနာ၏ဧည့်သည်များအတွက်ပါ နားနေရန် ဆောင်ရွက်ပေးပါတယ်။ ဆေးရုံတက်နေရသော အာရုံအငွေ့ အသက်များကို တတ်နိုင်သမျှဖျောက်ထား ပေးကြပါတယ်။ အခန်းတွင် သုံးစွဲသောပစ္စည်းများသည်လည်း ဟိုတယ်နှင့်မခြား ပြင်ဆင်ပေးလာကြပါတယ်။ ကလေးတွေအတွက် ကစားစရာများနှင့် ကလေးဆော့ဖို့ အခန်းလေးတွေလည်းလုပ်ပေးထားတော့ ကလေးတွေ ဆေးကုရာမှာ မပင်ပန်းနိုင်စေဖို့ ပြုလုပ်ပေးကြတယ်။

ဆေးကုသစရိတ်များကို ရောဂါအလိုက် ကုသမှုများပါက အသင်းဝင်ကတ်များ ပြုလုပ်ပေးခြင်းဖြင့် ဈေးနှုန်းများ လျော့ပေးခြင်းတွေလည်း ဆောင်ရွက်ပေးပါတယ်။ ဘာသာစကားကျွမ်းကျင်သူက လိုက်ပါကူညီ ဆောင်ရွက်ပေး လျှင်တော့ များစွာအဆင်ပြေလှပါတယ်။ အကြိမ်ကြိမ်ပြန်လည် စစ်ဆေးကုသရန် လိုအပ်ပါလျှင်လည်း အသင်းဝင် ကတ်ပြုလုပ်ထားသူ ဈေးနှုန်းသက်သာမှု အခွင့်အလမ်းများကို ခံစားနိုင်ပါတယ်။ ထို့အပြင် ဘာသာပြန်များ ထားရှိပေးခြင်းကြောင့် ဘာသာစကားအခက်အခဲမရှိစွာဖြင့် ဆေးကုသနိုင်ပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့်မီဆေးရုံများတွင် ကျွမ်းကျင်သော ဆရာဝန်များ၏ ကုသမှုများကိုလည်း သင့်တော်သော နှုန်းထားများနှင့်လည်း ကုသနိုင်ပြီဖြစ်သည်။ ဆေးဝယ်ရာတွင် ဆေးရုံတွင်ဝယ်ခြင်းထက် ပြင်ပဆေးဆိုင်များတွင် ဝယ်ယူနိုင်လျှင် ကုန်ကျစရိတ်များစွာသက်သာနိုင်ပါသေးတယ်။ ထို့ကြောင့် ထိုင်းနိုင်ငံ တွင် ဆေးကုသလျှင် ကုသစရိတ်ကြီးမြင့်ခြင်းကို စိုးရိမ်ရန်မလိုအပ်တော့ပါ။

မြန်မာနိုင်ငံသားများ အတွက် စိတ်ချမ်းသာစွာဖြင့် ဆေးကုသနိုင်ကြစေဖို့ bliss of us အဖွဲ့မှ လက်လှမ်းမီရာ အချက်အလက် ကလေးများကို စုစည်း၍ သတင်းစကား လက်ဆောက်ပါးလိုက်ပါတယ်။


No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower