အပန်းဖြေစရာ ဆင်စခန်းတစ်ခုပါ။ ဒီနေရာလေးမှာ ဆင်ထိန်းဝန်ထမ်းများအားလုံးသည် မြန်မာနိုင်ငံသားတွေ ဖြစ်တာကြောင့် မြန်မာလိုပြောဆိုလို့ရတဲ့ အပန်းဖြေစရာနေရာလေး တစ်ခုပါ။ ဆင်စခန်းဆိုတဲ့အတိုင်း ဆင်စီးလို့ ရပါတယ်။ ချောင်းထဲမှာ ဆင်တွေနဲ့ ရေဆော့ကစားလို့ရပါတယ်။ ဆင်အယဉ်တွေဖြစ်တာကြောင့် အန္တာရာယ် မရှိနိုင်ပါဘူး။ အသက်ခုနှစ်ဆယ်ကျော်ဆင်ကြီးတစ်ကောင်လည်း ရှိပါတယ်၊ သူ့အစွယ်က အရှည်ကြီးပါ။ ဆင်စခန်းရဲ့အနောက်ဘက်မှာ တောင်တန်းတစ်ခု ရှိနေပါတယ်။ ယင်းတောင်တန်း၏ တောင်ထိပ်သည် ဆင်ဦး ခေါင်းပုံစံမျိုး ရှိခြင်းကြောင့် ဧရာဝဏ်ဆင်စခန်းလို့ ခေါ်ပုံရပါတယ်။ အဲဒီဆင်စခန်းမှာတော့ ထိုင်းလူမျိုးတွေ အပန်းဖြေတာထက် နိုင်ငံခြားသားတွေ အပန်းဖြေတာပိုများပါတယ်။ သဘာဝရှူခင်း အလှတွေရယ် ဆင်လိမ္မာ တွေနဲ့ ရေထဲဆော့ရတဲ့အရသာကို နိုင်ငံခြားသားတွေ အထူးကြိုက်နှစ်သက်ကြပါတယ်။
ဆင်အရိုးစုကို ထိုင်းနှင့်ထိုင်ဝမ် ဖက်စပ်ရိုက်တဲ့ ရုပ်ရှင်တစ်ခုထဲမှာ တွေ့ဖူးကြပါသလား။ ဒီဆင်စခန်းသည် ရုပ်ရှင်ဇာတ်ကားများစွာ လာရောက်ရိုက်ကူးတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်နော်။ ယူကျူ့မှာ နမူနာကြည့်ဖို့ လင့်ပေးလိုက်ပါတယ်။ http://www.youtube.com/watch?v=6pEzB4D6of8
http://www.youtube.com/watch?v=rsyIxBh_788&feature=related
ကဲ အသက်ကြီးလာတော့ ဆင်စီးကြပါစို့နော်။
http://www.youtube.com/watch?v=rsyIxBh_788&feature=related
ကဲ အသက်ကြီးလာတော့ ဆင်စီးကြပါစို့နော်။


ဆက်လက်ဖေါ်ပြပါမည်။
No comments:
Post a Comment