Sunday, March 25, 2012

ကြည်ညိုဖွယ် သပ္ပါယ်သော စေတီသုံးဆူ သို့မဟုတ် Wat Sri Sanphet


Wat Phra Sri Sanphet is situated on the city island in Ayutthaya’s World Heritage Park in Pratu Chai sub-district. It has been registered as a national historic site by the Fine Arts Department since 5 March 1935. This monastery was the most important temple of Ayutthaya and situated within the Royal Palace grounds. It served as a model for the Temple of the Emerald Buddha in Bangkok.  In 1350 Prince U-Thong ordered a palace built in an area called Nong Sano, actual the area in the vicinity of Bung Phra Ram. The palace contained three wooden buildings named "Phaithun Maha Prasat", "Phaichayon Maha Prasat", and "Aisawan Maha Prasat". Upon finalization of the palace in 1351, he established Ayutthaya as his capital and was bestowed the title of King Ramathibodi I. The original size of the old palace compound is believed to be the same as the area of Wat Phra Sri Sanphet today.  King Borom Trailokanat, the eighth king of Ayutthaya, built a new palace just north of the area, adjacent to the old Lopburi River, the actual Khlong Muang, serving that time as the northern city moat. He converted in 1448 the royal pavilions of his predecessors into a Putthawat or sacred religious zone.

Although it is not at all that clear. The Royal Chronicles of Ayutthaya mention that King Boromracha II, after invading Cambodia in 1431, removed a large number of sacred images of oxen, lions and other animal creatures from Angkor and on return to Ayutthaya presented all the images as offerings, some at Wat Maha That and some at the Phra Sri Sanphet Monastery. [1] This indicates that at the fall of Angkor, Wat Phra Sri Sanphet was already in existence and occupied a prominent place.  King Ramathibodi II’s first act after his throne ascendance in 1491 was to cremate the remains of his father King Borom Trailokanat (r. 1448-1488) and his elder brother King King Boromracha III (r. 1488-1491). In 1492 King Ramathibodi II built two chedi: the chedi to the east was to store the ashes of his father; the chedi to the west (the actual middle one) was for his older brother.

“In 861, a year of the goat, the holy Preaching hall of the Phra Si Sanphet Monastery was founded.” In 1499 a hall of worship called “Vihara Luang” (Royal Chapel) was built on the grounds. The next year King Ramathibodi II gave orders for a gigantic image, of Buddha to be cast, and installed in Wat Sri Sanphet. This image, representing Buddha in a standing posture, was 16 meter high, and the pedestal was 8 meter in length. The statue was named after the temple. The head was 2 m long and 1.5 m wide, while its chest was 5.5 m wide. The bronze core weighted close to 64 ton while its surface was covered with 343 Kg of gold and took more than three years to complete. It was said that it was the largest and nicest standing image of Buddha recorded as having ever existed in the world. This statue, called “Phra Sri Sanphetdayan”, became the main object of veneration in the royal chapel.

On Friday, the eleventh day of the waxing moon of the eighth month, in 865, a year of the boar, the Holy and Glorious Omniscient One, the image of the lord Buddha, was dedicated. The dimensions of that image of the Lord Buddha were eight wa in height from the feet to the tip of the flame, four sok in length for the face by three sok in width, and eleven sok in width at the chest. The bronze for casting the image of the Lord Buddha weighed fifty-three thousand chang, and the pure gold for gilding weighed two hundred and eighty-six chang. For the front of the image the gold was of seven nam and two kha quality, and for the back of six nam and two kha.

I would like to let history speak with two accounts of visits to Wat Sri Sanphet: one account by Nicolas Gervaise and another by the French Jesuit Guy Tachard during his
stay in Ayutthaya in 1685.

Wat Phra Sri Sanphet, being part of the royal palace, was exclusively used by the Ayutthayan Kings. No clergy was allowed to reside on the grounds, with exception of an occasionally invitation to pray and to perform ceremonies such as the taking of an oath of allegiance for royal officers and for preaching and merit-making by the King. The expansion of the temple caused the moving of the Buddhist center from Wat Maha That to Wat Phra Sri Sanphet.

The temple enshrined also the Phra Buddha Lokanat (Protector of the World) and the Phra Buddha Palelai. Ashes of the members of the royal family were placed in small chedi constructed at the site.
The third chedi was built by King Boromracha IV (r. 1529-1533) to house the remains of King Ramathibodi II.

The Greek cross-shaped viharn at the west side of the temple was added during the reign of King Narai. It is not clear if the square mondop structures adjacent to the chedi were built around this time or later.

On the eve of the Burmese invasion, the central portion of the temple included three gilded chedis, three gilded mondops (square buildings adjacent to the chedis that held objects of worship), and two very large viharns.

When Ayutthaya fell in April 1767, the Burmese sacked and burned the monastery to the ground. All but the chedis were completely destroyed. Buddha images were taken away
and from the larger ones, the gold was melted. The Buddha image Phra Palelai in the southern chapel was completely destroyed.

The partially restored ruin includes all the buildings that survived the sack of 1767. In the early twentieth century only the eastern chedi was still standing. The rest was restored, although the two main vihara were not reconstructed. Little more but portions of the base, remain of the mandapas.

The Burmese melted the gold coating from the statue of Phra Sri Sanphetdayan, leaving the bronze core of the image badly damaged. King Rama I of the Chakri dynasty removed the statue to Bangkok in pieces for restoration, together with the remaining Phra Lokanat image which was kept in the northern chapel. The statue was however too seriously damaged to be recast into its former state. He installed the bronze core of Phra Sri Sanphetdayan in a chedi at the time of the founding of Wat Phra Chetupon better known as Wat Pho. The 45 meter high chedi has been called “Phra Chedi Sri Sanphetdayan”. Phra Buddha Lokanat was placed inside the eastern chapel at the same temple. Both of them remain in Bangkok up to this day.

References:[1] The Royal Chronicles of Ayutthaya – Richard D. Cushman (2006) - page 15 / Source: Luang Prasoet, Phan Canthanumat, British Museum, Reverend Phonnarat & Royal Autograph.

credit to: History of Ayutthaya


သမိုင်းကြောင်းထဲမှာ ရှင်းပြထားတဲ့ စေတီ သုံးဆူ

အယုဒ္ဓသမိုင်းမှာ မြန်မာ-ထိုင်းစစ်ပွဲက မပါမဖြစ်ပါနေကြပါ။ နိုင်ငံခြားသားတွေလာတိုင်း ရှင်းပြနေသံ နားထောင်ရင်း  မြန်မာတွေ ထိုင်းကို စစ်ပွဲအောင်နိုင်ခဲ့တဲ့ သမိုင်းကို ကမ္ဘာသိအောင် ခဏခဏပြောသလိုများ ဖြစ်နေမလားလို့ တွေးမိတာပါ။ သမိုင်းကြောင်းကို ခဏထားပြီး စေတီတွေရဲ့ လက်ရာကို ကြည့်ရင် တစ်မူထူးခြားနေပါတယ်။ ဒီအကြောင်းကပဲ ဒီစေတီတွေကို လေ့လာဖို့  စိတ်ဝင်စားမှု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သမိုင်းကို လိုက်ရှာဖတ်ရတော့တာပေါ့ :)

သက်တမ်းကြာရင့်မှုကြောင့်လည်းကောင်း၊ မကြာသေးခင်က ရေကြီးထားမှုကြောင့် လည်းကောင်း
 စေတီတော်များအနားကို အနီးကပ်လေ့လာဖို့ ခွင့်မပြုတော့ပါဘူး။


ဘာသာရေးနဲ့ ပတ်သက်တဲ့ အထင်ကရနေရာတွေမှာ ညောင်ပင်တွေ စိုက်ထားတာ တွေ့ရတတ်ပါတယ်။

မြန်မာပြည်မှာတော့ ဇီးပင်ရိပ်ထက် ထနောင်းရိပ်က ပိုများမလားပဲနော်။ အယုဒ္ဓယမှာတော့ ပူပြင်းတဲ့ နွေရာသီမှာ ဇီးပင်ရိပ်အောက် ခေတ္တခိုလှုံရင်း ဘုရားပုထိုးစေတီများကို လေ့လာကြပါတယ်။


ဘုရားဝင်းအပြင်မှာ သရက်သီးတွေလည်း သီးနေတယ်

ဟိုးတုန်းက တည်ခဲ့တဲ့ စေတီ ပုံစံ

ဂျပန်နိုင်ငံသားတွေ အယုဒ္ဓယကို ဘုရားဖူး အလာများကြတယ်။
အယုဒ္ဓယကို ရောက်ရင် သမိုင်းတွေထဲက အထင်ကရနေရာတွေကို လေ့လာကြည့်ရှုနိုင်ဖို့ မျှဝေလိုက်ပါတယ်။

လေးစားစွာဖြင့်
bliss of us

Tuesday, March 6, 2012

ထိုင်းနိုင်ငံတွင်း ဖုန်းနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာအချို့

အခုတလော အရေးများကြတဲ့ ငါးထောင်တန်ဖုန်းနဲ့ ပတ်သက်ပြီး ဘလော့မှာ စာရေးသူတို့ တာဝန်အရ ကိုယ်သိသမျှရေးကြ အမြင်တွေ ဖွင့်ဟကြနဲ့ စာဖတ်သူတို့ ဗဟုသုတတွေ အများကြီးရကြတာပေါ့။ ဒါကြောင့် ပိုပြီး သိချင်တဲ့သူတွေများရှိခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံတွင်း ဖုန်းပြောဆိုမှုတွေနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာအချို့ကို မျှဝေပါရစေနော်။

ထိုင်းနိုင်ငံကို ရောက်ပြီဆိုတာနဲ့ ဧည့်သည်များ အများဆုံးနဲ့ အရင်ဆုံးပြုလုပ်လေ့ရှိတာ ဖုန်းနဲ့ ငွေလဲလှယ်တာတွေဖြစ်ပါတယ်။ BOU ရဲ့ ဧည့်သည်တွေဆိုရင် မလာခင်တည်းက ဖုန်းကြိုမှာထားမယ်ဆိုရင် လေဆိပ်ရောက်တာနဲ့ ဖုန်းဆက်လို့ ရနိုင်အောင် အဆင်သင့်ပြုလုပ်ပေးထားပါတယ်။ ဆယ်ရက်တာ လည်ပတ်နေထိုင်မယ့် ဧည့်သည်တွေကို ဖုန်း hand set နဲ့ ဖုန်းကဒ် အဆင်သင့်ဖြစ်ရပါစေမယ်။ ဖုန်းငှားရမ်းခ မယူပါဘူး။ ပြောဆိုခတွေသာ ဧည့်သည်က ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါက ကြေညာဝင်တာပါ :)


dtac နဲ့ happy က ကုမ္ပဏီအတူတူဖြစ်ပါတယ်





ဖုန်းကုမ္ပဏီများ
ဧည့်သည်အနေနဲ့ ထိုင်းလေဆိပ်မှာ ဖုန်းကဒ်တွေ ဝယ်ယူနိုင်တဲ့အတွက် DTAC (အပြာရောင်), True Move(အနီရောင်), 1-2 Call (အစိမ်းရောင်) ဖုန်းကဒ်ရောင်းတဲ့ ကောင်တာများမှာ မိမိGSMလက်ကိုင်ဖုန်းကို ပေးပြီး စင်းကဒ်ထည့်ခြင်း၊ ကဒ်တွင် ငွေဖြည့်ခြင်းများကို ကုမ္ပဏီများမှ ပြုလုပ်ပေးပါတယ်။ အဓိက ကုမ္ပဏီသုံးခုမှာ ဘယ်တစ်ခုက ကောင်းလဲလို့ မေးရင်တော့ 1-2 Call (အစိမ်းရောင်) အကောင်းဆုံးနဲ့ ဈေးကြီးတယ်လို့ ဖြေရမှာဖြစ်ပါတယ်။ လိုင်းအားကောင်းမှု အဓိကကြောင့် ထိုင်းလူမျိုးတွေ သုံးစွဲကြပါတယ်။ ထိုင်းတောင်ပိုင်းမှ မြန်မာအများစုတွေလည်း လိုင်းအားကောင်းလို့ သုံးပါတယ်။ သို့သော်လည်း ထိုင်းအတွင်း မြန်မာအများစုကတော့ DTAC (အပြာရောင်)ကို သုံးစွဲကြပါတယ်။ အစဉ်အဆက် သုံးခဲ့ကြလို့လားမေးရင်တော့ မြန်မာတွေက TV ဆိုရင် TOSHIBA သာ တီဗွီထင်ခဲ့ကြသူများမဟုတ်လား ဒီတော့ ပထမဆုံးတစ်ယောက် သုံးရင် နောက်လူတွေ သိပ်မစဉ်းစားတော့ဘူး လိုက်သုံးကြတာပေါ့နော်။ တဖန် ငွေသက်သာလို့လားမေးရင် ငွေ အနည်းငယ်သက်သာပါတယ်၊ ဒါ့အပြင် အများစုက သုံးနေတော့ အသစ် အသစ်သော မြန်မာတွေလည်း လိုက်သုံးကြရတယ် ဘာလို့လဲဆိုတော့ သူ့ကုမ္ပဏီက ဝန်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ (ဝန်ဆောင်မှုတွေကို အောက်တွင် အသေးစိတ်ရေးပေးပါမယ်)။ True Move(အနီရောင်)ကတော့ ပြီးခဲ့နှစ်မှ မြန်မာလူမျိုးတွေအတွက် အကြီးအကျယ်ထိုးဖောက်လာပါတယ်။  သီးခြားဝန်ဆောင်မှုတွေ ရှိလာပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မြန်မာအချို့ DTAC (အပြာရောင်) နဲ့ True Move(အနီရောင်) ကဒ်နှစ်ခု ခွ သုံးလာကြပါတယ်။ အလုပ်လုပ်တဲ့သူတွေဆိုရင် ကဒ်သုံးမျိုးလုံး ဝယ်ထားကြပါတယ်။ အဆင်ပြေသလို ဝန်ဆောင်မှုတွေအပေါ် မူတည်ပြီး ခေါ်ဆိုကြပါတယ်။

ဝန်ဆောင်မှုများနဲ့ ကုမ္ပဏီများ
ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ကုမ္ပဏီများလေ ဝန်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် သုံးစွဲသူကို မျက်စိလည်အောင် ဖြားယောင်းကြတယ်ဆိုလည်း မမှားပါဘူး။ လူဆိုတာလည်း ကောင်းတဲ့နောက် လိုက်ချင်တာဆိုတော့ ဝန်ဆောင်မှုဘယ်လိုရှိလဲ ဈေးနှုန်းတန်သလား ကြည့်ကြပါတယ်။ ကုမ္ပဏီများကလည်း ဈေးကွက်ကို သုံးစွဲသူတွေ မျက်စိလည်အောင် ကစားကြပါတယ်။ နည်းပညာပေါ်ထွန်းတဲ့ပေါ်မူတည်ပြီး အပြောင်းအလဲတွေလည်း ယနေ့ခေတ်မှာ အလွန်များလာပါပြီ။ နည်းပညာတိုးတက်မှု၊ ဝန်ဆောင်မှုနဲ့ ဈေးနှုန်းတွေအကြား သုံးစွဲသူတွေလည်း လက်လှမ်းမီရာ လိုက်ပြီး ကိုယ်သိသမျှ သုံးစွဲနေကြရပါတယ်။ တချို့ထိုင်းတွေဆို မြန်မာတွေလောက် ဈေးသက်သာတာ ဘယ်လို promotion ယူရတယ်ဆိုတာတောင် မသိကြဘူး။ promotion တွေ အပြိုင်အဆိုင်ပေးလို့ ဈေးခေါ်ရာနောက်ကို ဖုန်းအသုံးများသူတွေ မဟုတ်ရင် သိပ်မသိကြ၊ သိပ်မလိုက်နိုင်ကြတော့ဘူးလို့ ပြောရမလားပါပဲ။

ဖုန်းကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေ promotion တွေ အားလုံးရေးရရင်တော့ ဖတ်သူရော ရေးသူပါ အတော်မောကြပါလိမ့်မယ်။ ဒီတော့ မြန်မာတွေနဲ့ ဆိုင်တာအချို့သာ ကိုယ်သိသမျှလေး မျှဝေပေးမယ်နော်။ ဖုန်းကုမ္ပဏီတိုင်းမှာ စင်းကဒ်ဝယ်ပြီး ငွေကုန်သွားတိုင်း ငွေဖြည့်သုံးနိုင်သလို နှစ်ရှည်နေမယ့် မြန်မာတွေလည်း လိုင်းဖုန်းပြုလုပ်နိုင်ပါတယ်။ တချို့ကျတော့ ခဏခဏလာလည်ကြတဲ့အတွက် စင်းကဒ်ကို ငွေဖြည့်ထားကြပါတယ်၊ ငွေများများဖြည့်ပြီး ကုန်ဆုံးမယ့်ရက်ကိုလည်း တစ်နှစ်ခန့်ယူထားမယ်ဆိုရင် တနှစ်အတွင်း ထိုင်းကိုလာလည်တိုင်း ဒီဖုန်းနံပါတ်ကို အသုံးပြုနိုင်တာပေါ့။ ဖုန်းနံပါတ်ကလည်း အရေးပါနေတော့ ကိုယ့်ဆီ ဆက်သွယ်နိုင်မယ့်သူတွေအတွက် ဖုန်းနံပါတ်တစ်ခုသာဆိုရင် ပိုအဆင်ပြေတာပေါ့နော်။

စင်းကဒ်များ
စင်းကဒ်တစ်ခုကို အနိမ့်ဆုံး ဘတ်ငွေ 49-50 သာ ပေးရပြီး၊ တစ်မိနစ်ကို သုံးဘတ်နှုန်းနဲ့ စင်းကဒ် စသုံးကာစမှာ ဖြတ်ပါတယ်။ အရင်တုန်းကတော့ စသုံးတဲ့ userတွေကို promotion မပေးကြဘူး။ အခုနောက်ပိုင်းမှာတော့ နိုင်ငံတကာခေါ်ဆိုတဲ့ promotionတွေ ပေးလာကြပါတယ်။ ပြည်တွင်းခေါ်ဆိုမှုကို သုံးလကြာအောင် သုံးပြီးမှာ promotionတွေ ရွေးချယ်ခွင့်ရပါတယ်။ ဒီတော့ စင်းကဒ်တွေမှာ promotion များစွာရှိကြပါတယ်။ မိမိခေါ်ဆိုချင်တဲ့ပေါ်မူတည်ပြီး ဈေးနှုန်းနဲ့ promotion ကို ရွေးနိုင်ပါတယ်။ ကုမ္ပဏီများရဲ့ call center များကို ခေါ်ဆိုပြီး English လို ဖြေကြားတာနားထောင်ပြီး မိမိတို့လိုရာ ရွေးချယ်နိုင်ပါတယ်။ ဧည့်သည်များအနေနဲ့ လေဆိပ်မှာတည်းက ကုမ္ပဏီကောင်တာတွေမှာ ပြောခဲ့ရင်လည်း တခါတည်း သူတို့ ပြုလုပ်ပေးပါတယ်။ နိုင်ငံခြားခေါ်ဆိုမှုတွေ ဈေးသက်သာချင်တယ်၊ ဈေးနှုန်းတွေ ဘယ်လောက်ကျသလဲ စသဖြင့် မေးနိုင်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ နေထိုင်တဲ့သူတွေအတွက်ကြတော့ စင်းကဒ်ခြင်း တူမယ်ဆိုရင် မနက်/ည တချိန်လုံးပြော၊ မနက်/ည တစ်ခု ရွေးပြီး ကြိုက်သလောက်ပြောလို့ရတဲ့ promotion တွေလည်းရှိပါတယ်။ တစ်လလုံးမှ ဘတ် ၂၀၀ ပေးပြီး စင်းကဒ်တူတဲ့ network ပြောဆိုကြပါတယ်။ ဒါကြောင့် ထိုင်းအတော်များများကို ကြည့်လိုက်ရင် ကားစီးရင်း လမ်းလျှောက်ရင်း အလုပ်လုပ်ရင်း ဖုန်းနားကြပ်တပ်ပြီး အချိန်များစွာ ပြောနေကြတာ တွေ့ရမှာပါ။ မြန်မာတွေရောပဲ :)။ ဒါမျိုးက ဈေးကွက်ရှာတဲ့ သူတွေအတွက်တော့ အင်မတန်ကောင်းပါတယ်။ တွက်ချေကိုက်တာပေါ့။ အခြားသော promotion များစွာလည်း ရှိပါသေးတယ်။

စာရေးသူယူထားတဲ့  promotion ကို နဲနဲပြောပြပါအုံးမယ်။ DTAC (အပြာရောင်)ကို နာရီ အပိုင်းအခြားမရှိ စင်းကဒ်တူတဲ့ network အချင်းချင်းကို ပြောမယ်ဆိုရင် ဘတ် ၂၅-ပြား၊ အခြား networkတွေကိုတော့ (၁.၂၅)ဘတ်နဲ့ promotionကို ယူထားပါတယ်။ အချိန်အကန့်အသတ်မရှိတော့ ကိုယ်ပြောချင်တဲ့ အချိန် ဖုန်းဆက်နိုင်ပြီး ပြောဖြစ်မှ ကုန်မှာဖြစ်ပါတယ်။ True Move(အနီရောင်)ကိုတော့ မြန်မာနိုင်ငံဆက်သွယ်တဲ့ အခါသုံးပြီး promotionယူထားတော့ မြန်မာနိုင်ငံကို တိုက်ရိုက်ခေါ်ဆိုတဲ့အခါ တစ်မိနစ်ကို (၁၁)ဘတ်ဖြစ်ပြီး 1-2 Call (အစိမ်းရောင်)နဲ့ ခေါ်မယ်ဆိုရင်တော့  တစ်မိနစ်ကို (၁၄)ဘတ်ဖြစ်ပါတယ်။ True Move(အနီရောင်) လိုင်းအား သိပ်မကောင်းပေမယ့် မိနစ်ကြာကြာပြောတဲ့အခါ လိုင်းအားကောင်းတဲ့ 1-2 Call (အစိမ်းရောင်)ထက် သုံးဘတ် သက်သာပါတယ်။ 1-2 Call (အစိမ်းရောင်)ကဒ်ကို အများအားဖြင့် လိုင်းအားကောင်းတာဖြစ်လို့ laptop တွေမှာ modern ထဲ စင်းကဒ်ထည့်လို့ အသုံးပြုပါတယ်။ ခရီးသွားရင်း အင်တာနက်သုံးနိုင်တာပေါ့။ အခုနောက်ပိုင်း iPhone ခေတ်ရောက်လာတော့ မျိုးစုံသုံးနိုင်နေပါပြီ။

နှစ်ရှည်နေထိုင်သူများအနေနဲ့ လိုင်းဖုန်းပြုလုပ်နိုင်ပါတယ်။ ကုမ္ပဏီတွေမှာ မိမိပတ်စ်ပိုစ့်၊ နေထိုင်ခွင့် ဗီဇာပေါ်မူတည်ပြီး ထောက်ခံစာနဲ့ နေရပ်လိပ်စာတွေ ပြည့်စုံစွာပေးပြီး လိုချင်တဲ့ promotion ယူထားနိုင်ပါတယ်။ မိမိလိုချင်တဲ့ နံပါတ်ရွေးနိုင်ပါတယ်။ နံပါတ်လှရင် လှသလိုဈေးများများပေးရပါတယ်။ တစ်လတာခေါ်ဆိုခွင့် အနိမ့်ဆုံး ဈေးနှုန်းတစ်ခု သတ်မှတ်နိုင်ပါတယ်။ အများဆုံးသုံးနိုင်မယ့် ဈေးနှုန်းတစ်ခု သတ်မှတ်ရပါတယ်။ ဖုန်းခေါ်ဆိုခပေးဆောင်ရာမှာလည်း လကုန်လို့ နောက်လ (၁၈)ရက်နေ့ နောက်ဆုံးထားပေးဆောင်စေခြင်းအပြင် ဖုန်းပုံမှန် အကြွေးမကျန်ရင်လည်း promotion တွေ ထပ်ပေးပါသေးတယ်။ နှစ်ရှည်သုံးမယ်ဆိုရင် ကိုယ်သုံးစွဲနေတဲ့ ဘဏ်ကဒ်တွေနဲ့ ဖုန်းနံပါတ် ချိတ်ဆက်ထားတယ်ဆိုရင်လည်း ဈေးဝယ်တဲ့ promotion တွေ ထပ်ရနိုင်ပါသေးတယ်။ ဟိုတယ်တွေမှာတည်းခိုခွင့် 50% ဈေးလျော့ပေးတာမျိုး၊ ကုန်တိုက်တစ်ခုမှာ ဘာဝယ်ဝယ် ဘတ်တစ်ထောင်လျော့ပေးပါမယ်ဆိုတာမျိုးတွေ အပြင် ဖုန်းဟန်းဆက်တွေကိုပါ အကြွေးဝယ်နိုင်ခွင့်တွေပါ ဆက်ပြီး promotion လည်း ပေးရင်း marketing လည်း လုပ်ကြပါတယ်။ သုံးစွဲသူအနေနဲ့ တန်သမျှ ကြေညာသမျှသာ လိုက်ဝယ်ရမယ်ဆိုရင်တော့ မဆုံးနိုင်ဖြစ်တော့မှာပါ။ စင်းကဒ်နဲ့ ပတ်သက်လို့ ရေးတာဖြစ်တဲ့အတွက် ဖုန်းခေါ်ဆိုမှုနည်းလမ်းပေါင်းစုံ (call back ခေါ်ဆိုတဲ့ ဈေးသက်သာတာတွေ)ကိုတော့ မရေးတော့ဘူးနော်။

ဧည့်သည်တွေ မေးနေကြ မေးခွန်းတစ်ခုက “ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို ဖုန်းဘယ်လိုခေါ်ရမလဲတဲ့ ”

DTAC (အပြာရောင်)ဆိုရင် 009 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။
ဥပမာ - 009 668 5113 7722

True Move(အနီရောင်)ဆိုရင် 006 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။
ဥပမာ - 006 668 5113 7722

1-2 Call (အစိမ်းရောင်)ဆိုရင် 00500 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ 
ဥပမာ - 00500 668 5113 7722

ဘယ်လိုစင်းကဒ်မျိုးမဆို ပြည်တွင်းခေါ်ဆိုတဲ့အခါ 08 5113 7722 ဆိုရင် ရပါပြီ။

ပိုက်ဆံဖြည့်မယ်ဆိုရင် 7-11 သို့မဟုတ် FAMILY MART ဆိုင်တွေမှာ ဖုန်းစင်းကဒ် နာမည်ပြောပြီး ငွေဖြည့်ကဒ်လေးတွေ ဝယ်နိုင်ပါတယ်။ ငွေဘယ်လိုဖြည့်မလဲဆိုရင်တော့ ဝယ်လို့ ရလိုက်တဲ့ ကဒ်လေးတွေမှာ ရေးပေးထားပါတယ် အင်္ဂလိပ်လို ထိုင်းလို နှစ်ဘာသာရေးထားလို့ အညွှန်းအတိုင်း လွယ်ကူစွာ နှိပ်နိုင်မယ်ဆိုရင် ငွေဝင်သွားတဲ့ ပမာဏကို message ပို့ပေးပါလိမ့်မယ်။

အချုပ်အားဖြင့်ဆိုရရင် ထိုင်းနိုင်ငံအပြင် အခြားခြားသော နိုင်ငံတွေမှာလည်း သုံးစွဲသူတွေ အဆင်ပြေဖို့အတွက် ဖုန်းကုမ္ပဏီတွေက အလေးထားကြိုးပမ်းကြပါတယ်။ ဒါမှလည်း သုံးစွဲသူများပြီး အမြတ်နဲသော်လည်း အရေအတွက်များရင် စီးပွါးရေးသမားတွေဘက်က တွက်ချေကိုက်သလို သုံးစွဲသူများဘက်ကလည်း ဝန်ဆောင်မှုကောင်းလို့ စိတ်ချမ်းသာမှုရမှာဖြစ်ပါတယ်။ ဖုန်းစင်းကဒ်တစ်ခုရဲ့ နောက်ကွယ်မှာ အကြောင်းရာပေါင်းများစွာ ရှိနေကြတဲ့အတွက် မြန်မာနိုင်ငံက ငါးထောင်တန်ဖုန်းထွက်လာမယ်ဆိုရင်ရော ဒီလို သုံးစွဲသူ စိတ်ချမ်းသာ အဆင်ပြေစေဖို့တွေ ကြိုးစားကြမှာလားလို့ မေးကြည့်ပါရစေနော် ...။

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower