Monday, December 6, 2010

မိကျောင်းကန်

ဥကလေးတွေက ပေါက်ခါစ အရွယ်ငယ်ငယ်

တဆင့်တိုးတော့ မရိုးမရွအရွယ်

အရွယ်ရောက်လို့ အပြင်ထွက်ပြီး သဘာဝအတိုင်း စည်းစိမ်ခံစားနေကြတယ်...



မိကျောင်းတွေကို ဒီလိုလေး အစာကျွေးနိုင်တယ်
အစာတစ်တွဲ(ကြက်ရိုးများ)ကို ဘတ်(၂၀)ဖြစ်ပါတယ်။

အယူအဆအမျိုးမျိုးရှိကြတဲ့ မြန်မာများနဲ့ မြန်မာနိုင်ငံမှ အခါပေးဆရာတွေက ဗေဒင်ယတြာတွေ လုပ်ဖို့ တိုက်တွန်းတဲ့အထဲမှာ မိကျောင်းအစာကြွေးခြင်းဆိုတာလည်း အပါအဝင်ဖြစ်တယ်။ မြွေကို အစာကျွေးခြင်း၊ ဆင်ကို ကြံကျွေးခြင်း၊ သတ်မှတ်ချက်တစ်ခုနဲ့ တိရစ္ဆာန်တွေကို အစာကျွေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် သတ္တဝါလေး ဗိုက်ဝပါစေ၊ အစာဝဝလင်လင်စားပါစေလို့ စေတနာလေးထားလိုက်ရင်တော့ ပစ္စပ္ပုန် သံသရာ နှစ်ဖြာ အကျိုးရစေမှာ ဖြစ်ပါတယ်။

ဒီလို သဘာဝအတိုင်းဖြစ်အောင် ပြုစုမွေးမြူထားကြတယ်...


“မိကျောင်းသား လျှာကို ရှည်တယ်”လို့ ဘာကြောင့် ပြောကြသလဲဆိုတာ သိရအောင်...

မိကျောင်းတွေကို ကြည့်ပြီး သူတို့ ပတ်သက်လို့ ကြားဖူးထားတာတွေကို စဉ်းစားမိတယ်၊ စကားပုံတစ်ခုက “မိကျောင်းမင်း ရေခင်းပြ”၊ “ဆယ့်နှစ်တောင်ရှိတဲ့ မိကျောင်းဆိုရင် လူဖန်ဆင်းနိုင်သတဲ့”၊ မိကျောင်းက လျှာကို မျောက်က ဖြတ်ပြေးလို့ မိကျောင်းမှာ လျှာမရှိတော့ဘူးဆိုတဲ့ ပုံပြင်တစ်ပုဒ်လည်း ကြားဖူးပါရဲ့နော်။

ကိုယ့်မွေးရပ် အမိနိုင်ငံမှာတောင် မိကျောင်းမွေးကန်ထဲ မသွားဖူးခဲ့ပါဘူး။ အိမ်နီးချင်းနိုင်ငံမှာတော့ မိကျောင်းများကို စီးပွါးဖြစ်မွေးမြူခြင်းအပြင် မိကျောင်းထွက်ကုန်များကိုပါ ရောင်းချနိုင်ခြင်းနဲ့ လူအများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပွဲသွင်းပြီး ပြသလျှက်ရှိပါတယ်။ အန္တာရာယ်များလှတဲ့ သတ္တဝါတွေကို ထိန်းကျောင်းနိုင်ပြီး လူများနဲ့ တင်ဆက်ထားနိုင်တာကိုလည်း ချီးကျူးစရာတစ်ခုပါ။

ဆက်လက်ဖော်ပြပါမည်...

4 comments:

...အလင်းစက်များ said...

အစ်မ Crystal တစ်ကောင်ဖမ်းလာတယ်ဆို.... ဘယ်မှာတုန်းဗျ... :P......

ကြောင်ဖြူနဲ့  မိကျောင်း လဲမလား......... :P

Crystal said...

မိကျောင်းအဖြူရောင်တစ်ကောင် ကိုယ်တိုင်ဆင်းဖမ်းပြီး ဝယ်လာလိုက်တယ်၊ လဲမယ်လေ လာခဲ့လိုက် :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ခဏခဏရောက်တယ်
ကော်နက်ရှင်မကောင်းလို့ မန့်မရလို့ စိတ်ပျက်ပျက်နဲ့ ပြန်သွားရတယ်
ခု .. စိတ်ကောင်းဝင်နေတုန်း အမြန်မန့်လိုက်ဦးမယ်း)
မိချောင်းကိုတော့ အသည်းယားတယ် ကြောက်လဲကြောက်တယ်
အဟွန့် ထိုင်းလာလည်ရင် မိကျောင်းတော့ သွားမကြည့်ဘူး

Bliss of Us said...

တကယ်တော့ မိကျောင်းကန်ကို သွာရတာ ဗဟုသုတတွေလည်း ရတယ်၊ ကျာစခန်းကို သွားတဲ့စရိတ်ထက်လည်း သက်သာတယ်နော်.. အဟမ်း

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower