Friday, June 17, 2011

ဂျပန်နိုင်ငံမှာ ထိုင်းဗီဇာလျှောက်လိုပါလျှင်


ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်လိုသူများအတွက် တိုကျိုမြို့ရှိ ထိုင်းနိုင်ငံသံရုံးတွင် ဗီဇာလျှောက်ရန် မဖြစ်မနေလိုအပ်ပါသည်။

ဗီဇာလျှောက်ရာ၌ လိုအပ်မယ့်စာရွက်စာတမ်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

(၁) လျှောက်လွှာပုံစံ (ဤနေရာတွင် ဒေါင်းလုပ်ဒ် လုပ်၍ ရယူပါ။)

(၂) ဓါတ်ပုံ နှစ်ပုံ (ကာလာ ၊ 3.5 x 4.5 cm အရွယ်အစား)

(၃) Passport (သို့) ခရီးသွားလာခွင့်လက်မှတ်မှာ အနည်းဆုံး ဗီဇာသက်တမ်း (၆)လ ကျန်ရှိနေရပါမည်။

(၄) ဗီဇာလျှောက်ထားခမှာ တစ်ဦးလျှင် ယန်း (၄,၅၀၀) ကျသင့်မည်ဖြစ်ပါသည်။


(၅) ကုမ္ပဏီသို့မဟုတ် လုပ်ငန်းတစ်ခုခုတွင် ၀န်ထမ်းအဖြစ်လုပ်ကိုင်နေသူများသည် မိမိအလုပ်မှ ထောက်ခံစာ ပြရန်လိုအပ်ပါသည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းလိုင်စင် (သို့) 
Bank Statement ပြသရန်လိုအပ်ပါသည်။ ကျောင်းသားများအနေဖြင့် မိမိကျောင်းမှ ထောက်ခံစာ (သို့) ကျောင်းသားကဒ် ပြသရန် လိုအပ်ပါသည်။ အငြိမ်းစားပင်စင်စားများအနေဖြင့် Bank Statement (သို့) 
Pension Fund ပြသရပါမည်။ မှီခိုသူများအနေဖြင့် မိမိ ခင်ပွန်း/ဇနီး၏ Passport မိတ္တူကို ပြသပေးရပါမည်။

(၆) လျှောက်ထားသူသည် (Bank Statement) ပြရန်လိုအပ်ပါသည်။ တစ်ဦးချင်းစီအတွက် Baht (20,000) နှင့် ညီမျှသော ပျှမ်းမျှ Yen (55,000) နှင့် မိသားစုလိုက်အတွက် Baht (40,000) နှင့် ညီမျှသော ပျှမ်းမျှ Yen (110,000) အနည်းဆုံး ရှိထားရပါမည်။

(၇) အသွား၊ အပြန် လေယာဉ် လက်မှတ်များ ကို ပြသရန်လိုအပ်ပါသည်။ လက်မှတ်တွင် ပြန်လာမည့်ရက်အတိအကျ ပါရပါမည်။ အပြန်ရက်စွဲမပါသော Open Tickets များကို လက်မခံပါ။

(ဂ) ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ရသည့် အကြောင်းရင်းကို ဖော်ပြရပါမည်။
  • အထက်ပါ စာရွက်စာတမ်းများအပြင် သံရုံးမှ အခြေအနေပေါ်မူတည်ပြီး လိုအပ်သည့် စာရွက်စာတမ်းများကို ထပ်မံ တောင်းခံနိုင်ပါသည်။
  • မတင်ပြနိုင်သော စာရွက်စာတမ်းများရှိခဲ့ပါက ၄င်းစာရွက်စာတမ်းများကို ဘာ့ကြောင့် မတင်ပြနိုင်သည်ကို ပူးတွဲဖော်ပြပေးရပါမည်။
  • တင်ပြသည့် စာမျက်နှာတိုင်းတွင် လျှောက်ထားသူ၏ လက်မှတ် ပါရှိရပါမည်။
(၉) အလည်အပတ်သွားရောက်သူများအတွက် ထိုင်းဗီဇာသက်တမ်းမှာထိုင်းလေဆိပ်တွင် စ၀င်သည့်ရက်မှ ရက် (၆၀) တိတိရရှိမည်ဖြစ်ပါသည်။

ဗီဇာသွားရောက်တင်မည်ဆိုပါက 
ရုံးဖွင့်ရက် တနင်္လာနေ့မှ သောကြာနေ့အထိ 
နံနက် (၉)နာရီမှ (၁၁:၄၅) နာရီ အထိ 
လက်ခံဆောင်ရွက်ပေးပါသည်။

တိုကျိုမြို့ ရှိ ထိုင်းသံရုံးလိပ်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 Address
FORECAST KUDAN-MINAMI, 2-1, 2-Chome,
Kudan-Minami, Chiyoda-Ku, Tokyo.

Tel & Fax
Chancery: Tel. 3222-4101 Fax. 3222-4114-5 /
Consular Section: Tel. 3222-4121 Fax. 3222-4122)

E-mail
infosect@thaiembassy.jp

လမ်းညွှန်
  1. 5 minutes on foot from Kudanshita Station (Exit 2), Subway Hanzoumon Line 
  2. From Meguro station by Subway Namboku Line and change to Subway Hanzoumon Line at Nagatacho station to Kudanshita station

မှတ်ချက်။    ။ အထက်ဖော်ပြပါ အချက်များအားလုံးသည် ဂျပန်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၏ အင်တာနက်စာမျက်နှာမှ  မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုဖော်ပြပေးထားခြင်းသာ ဖြစ်ပါသည်။
လေးစားစွာဖြင့် 
bliss of us

2 comments:

ကျော်နှင်းဆီလွင် said...

ဆိုက်ရောက်အလည်ဗီဇာမပေးတော့ဘူးလားဟင်

ကျော်သုည said...

ဒီနယ်စပ်လမ်းလေး ပွင့်သွားယင်တော့ ရွာကို တစ်နာရီအတွင်း ရောက်ပြီပေါ့။ ဒီလမ်းလေးက ဘယ်တော့ ဖွင့်မလဲလို့ စောင့်မျှော်နေပါ၏။ နောက်နှစ်ပေါင်းများစွာတိုင်အောင် ပွင့်လာပါတော့မလား။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower