Thursday, December 2, 2010

“ဧည့်သည်များအတွက် ဒီလိုစီစဉ်ပေးပါမယ်”

ကချနဘူရီမြို့မှ Soi Yok Noi ရေတံခွန် အနီး ရှေးခေတ် မီးရထားစက်ခေါင်းတစ်ခု

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြမည့် ဧည့်သည်များအတွက် Bliss of Us မှ စီစဉ်ပေးမှုများသည် အခြားသော Travel & Tour များနဲ့ မတူညီပါ၊ Pattaya, Phukhet, Ayudhaya စသော လည်ပတ်ရန်နေရာများအတွက် တစ်ခုချင်းအတွက် ဈေးနှုန်းသတ်မှတ်ထားခြင်းများ မပြုလုပ်ထားပါ။
အဓိပ္ပါယ်ကတော့ ခရီးစဉ်အတွက် ဈေးနှုန်းတွေ သတ်မှတ်ရောင်းချတာမျိုးမဟုတ်ပဲ၊ ဧည့်သည်များ သွားလိုသော နေ့ရက်နဲ့နေရာ၊ လူဦးရေ စသော အချက်အလက်များပေါ်အခြေခံပြီး စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။
ယခုလို စီစဉ်ပေးခြင်းအားဖြင့် Tour Season အရ ဈေးသက်သာခြင်းနဲ့ စရိတ်မြင့်တက်မှုများကို ရှောင်ရှားလို့ရနိုင်ပါတယ်၊ ဧည့်သည်ဘက်မှ လိုအပ်နှစ်သက်သော အစီအစဉ်များကို ကြိုတင်ဆက်သွယ်ထားပြီး ဈေးနှုန်းညှိခြင်း၊ နေရာနဲ့ နေ့ရက်ညှိခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဧည့်သည်များ သွားလိုရာသို့ စိတ်ချမ်းသာ အဆင်ပြေစွာသွားနိုင်မှာ ဖြစ်ပါတယ်။
Bliss of Us အဖွဲ့သည် နိုင်ငံတကာရောက် မိတ်ဆွေများကို အသိမိတ်ဆွေများမှ စီစဉ်ဆောင်ရွက်ပေးသော ပုံစံဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

လေးစားစွာဖြင့်
bliss of us

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

လာလည်မှာ
ချစ်ချစ်နဲ့
ခုတော့ ချစ်ချစ် အရင်ရှာနေတုန်းနော်း)
တွေ့တာနဲ့ လာခဲ့မယ်..

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower