ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများအနေဖြင့် အလည်သွားရန်နေရာတွေထဲက
Wat Traimit ဆင်းတုတော်၏ အကြောင်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာကြောင့်
Bliss of Us အဖွဲ့မှ ကောက်နုတ် တင်ဆက်လိုက်ပါတယ်။
Wat Traimit ဆင်းတုတော်၏ အကြောင်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာကြောင့်
Bliss of Us အဖွဲ့မှ ကောက်နုတ် တင်ဆက်လိုက်ပါတယ်။
သူတို့သမိုင်းကြောင်းလေးကို အင်္ဂလိပ်ဘာသာဖြင့် Travel & Tour ဆိုဒ်တွေမှာ ကြေညာရေးသားထား ကြပါတယ်။ ထိုအချက်အလက်တွေထဲက မြတ်စွာဘုရားရုပ်ပွါးတော်မြတ်ကို ရွံ့များဖြစ့် မံ(ဖုန်းအုပ်)ထားခြင်း အချက်ကို လေ့လာသိရှိရသောအခါ မြန်မာနိုင်ငံတွင်လည်း ကြေးသွန်းဘုရားများကို စစ်အတွင်းက ကျည်ဆံပြုလုပ်ရန် အရည်ကျိုချက်ပြုလုပ်ကြမှာကို ကြောက်ရွံ့ကြသော မြန်မာဗုဒ္ဓဘာသာဝင်များက ထိုကဲ့သို့ပင် ရွံ့များဖြင့် မံထားကြကြောင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုရားသမိုင်းတွေလည်း အထင်ကရတွေ့ခဲ့ရပါတယ်။ အခုချိန်ခါမှာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံတွင်ပါ ယခုကဲ့သို့ ပြလုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံလေးတွေ တူနေကြောင်း တွေ့ရှိရပါတယ်။ ရုပ်ပွါးတော်များကို တိုင်းတစ်ပါးသားများ လက်ချက်မမိရလေအောင် မြေကြီးများ၊ ရွံ့များဖြင့် မံကာ မြစ်တွင်းသို့ ပစ်ချပြီး ဖုန်းကွယ်ထားခြင်းဖြင့် ဘာသာ သာသနာအတွက် ကာကွယ်ကြကြောင်းကို သိရတော့ ရှေးခတ်ဗုဒ္ဒဘာသာဝင်များ၏ မြတ်စွာဘုရားအပေါ်ထားရှိသော ကြည်ညိုခြင်းများ၊ သာသနာအပေါ်အလေးထားပုံများသည် နိုင်ငံတွေ ဘယ်လိုပင် ကွဲကွဲ၊ ဝေးဝေး စိတ်ထားကတော့ဖြင့် တစ်ထပ်တည်းပင် အလေးအနက်ထားကြကြောင်းကို သိခွင့်ရသောအခါ ပီတိဖြစ်စရာ သာဓုခေါ်ဆိုထိုက်ပါကြောင်း။
Wat Traimit ဆင်းတုတော်၏ သမိုင်း
ရုပ်ပွါးတော်ကြီးကို (၁၃) ရာစုနှစ်တွင် တည်ထားကိုးကွယ်ခဲ့တယ်လို့ ယူဆကြပါတယ်။ ရွှေအတိပြီးသော ရုပ်ပွါးတော်ကြီးသည် နှစ်(၉၀၀)ခန့် သက်တမ်းရှိပြီး၊ ထိုင်းလူမျိုးများ သွန်းလုပ်ပူဇော်လေ့ရှိသော ဓလေ့ပုံစံဖြင့် တည်ထားခြင်းဖြစ်ပါတယ်။ ထိုရုပ်ပွါးတော်မြတ်ကို အယုဒ္ဓယမြို့သို့ ဦးစွာပင့်ဆောင်ခဲ့ဖူးကြောင်း ထိုင်းလူမျိုး များက ယုံကြည်ကြတယ်။ ထိုင်းနိုင်ငံကို မြန်မာမင်းများက အယုဒ္ဓယမြို့သို့ တိုက်ခိုက်သိမ်းယူခဲ့စဉ်အချိန်တွင် ထိုရုပ်ပွါးတော်ကို ဆင်းတုတော်၏ တန်ဖိုးကို ဖုန်းကွယ်လိုသောကြောင့် ထိုင်းလူမျိုးတို့ စွမ်းနိုင်သမျှ ရိုးရာပညာများဖြင့် ဖုံးအုပ်ခဲ့ကြပါတယ်။ နောင် နှစ်ပေါင်း (၂၀၀)ခန့်ကြာချိန် တိုင်အောင် ပလာစတာများဖြင့် ဖုံးအုပ်ထားဆဲဖြစ်ကြောင်းနှင့် အဖိုးတန်ကြောင်းကို သိရှိသူ နည်းပါးခဲ့ကြပါတယ်။ သို့သော်လည်း (၁၉၅၇)ခုနှစ်တွင် ဆင်းတုတော်ကို ဘန်ကောက်မြို့သို့  ပင့်ဆောင်ရန်အတွက် ကရိန်းဖြင့် သယ်မ ပင့်ဆောင်စဉ် ချော်ကျခဲ့ရာ ပြောင်းရွေ့သယ်ဆောင်ပေးကြသော အလုပ်သမားများက လမ်းဘေး ရွှံ့ ထဲမှာ ထားရစ်ခဲ့ကြတယ်။
နောက်တစ်နေ့မနက်မှာတော့ ညက ရုပ်ပွါးတော်ကြီးမှ တန်ခိုးတော်ပြတယ် လို့  အိပ်မက်ရသော ဆင်းတုတော် ကျကျန်ခဲ့ရာ အနီးရှိ ကျောင်းထိုင်ဆရာတော်မှ ကျကျန်ရစ်ခဲ့သော ဆင်းတုတော်ကို သွားရောက် ကြည့်ရှုခဲ့တယ်။ ပလာစတာအက်ကွဲကြားထဲမှ တောက်ပသော အ၀ါရောင်ကို မြင်ရပြီးနောက် ဆင်းတုတော်ကြီးသည် ရွှေသားအတိနှင့် သွန်းလုပ်ထားကြောင်း သိရှိသွားခဲ့တာဖြစ်ပါတယ်။
ဆင်းတုတော်မြတ် သီတင်းသုံးရာ စံကျောင်းတော်
Off to the side of Wat Traimit is a small chapel containing the Golden Buddha, which is the world's largest solid-gold Buddha. The graceful seated Buddha is nearly 10 feet high and weighs over (5) tons. This powerful image has such a bright, reflective surface that its edges seem to disappear, and it gleams with such richness and purity that even the most jaded are inspired by its strength and power.
Pieces of the stucco that once hid this remarkable treasure are on display in a case to the left.
Names: | Wat Traimit; Temple of the Golden Buddha |
Location: | Bangkok, Thailand |
Faith: | Buddhism |
Denomination: | Thai |
Categories: | Buddhist Temples; Colossal Statue |
Date: | 13th century |
Size: | Golden Buddha: almost 10 feet (3m) high; weighs 5 tons |
Features: | Largest in the World |
Status: | active |
ထိုင်းနိုင်ငံအတွင်း လေ့လာလည်ပတ်ရန်အတွက် စိတ်ဝင်စားဖွယ်ရာ နေရာလေးများကို ပိုစ့်အဖြစ် ဆက်လက်ရေးသားပါမည်။
လေးစားစွာဖြင့်
crystal
လေးစားစွာဖြင့်
crystal