Friday, August 13, 2010

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်နှုန်းထားများ ပြောင်းလဲသတ်မှတ်။

ထိုင်း-မြန်မာ နယ်စပ်နေရာမှ နှစ်နိုင်ငံအလံများ လွှင့်ထူထားပုံ

This is a key project of Mae Klong River Basin Development Scheme. The construction started in 1979 and finished in 1984. It is located on the Kwai Noi River at Thong Pha Phum District, about 280 kms from Bangkok.
တစ်နှစ်ဗီဇာအတွက် ကျောင်းလခမှာ
ဘတ်ငွေ
(27,000) မှ (23,000)သို့ ပြောင်းလဲထားပြီ ဖြစ်ကြောင်း
သတင်းရရှိပါတယ်။



လူကြိုက်များတဲ့ ထိုင်းဗီဇာ
ခုတလော အမေးများနေတဲ့ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာနဲ့ ပတ်သက်ပြီး လမ်းညွှန် ပေးလိုက်ပါတယ်။ အခုတော့ နည်းပညာတွေ တိုးတက်သလို ခေတ်တွေလည်း ပြောင်းလာတော့ ကျောင်းဗီဇာကို အရင်ကလို သုံးလတစ်ကြိမ်တိုးစရာ မလိုတော့ပါဘူး။
တစ်နှစ်တာနေထိုင်ခွင့် ပေးနေပါတယ်။ ကျောင်းအပ်ချိန်နဲ့ ကျောင်းတက်ချိန်ပေါ်မူတည်လို့ တစ်နှစ်အပြည့် မရတတ်ပါဘူး။ ရက်ပိုင်းတော့ အနည်းငယ်လို နေတတ်ပါတယ်။ တစ်နှစ်အပြည့်မရတာကတော့ ကျောင်းအပ်ပြီး ကျောင်းစတက်ရတဲ့အချိန်များပေါ်မူတည်ပါတယ်။ ဆောင်ရွက်ရမယ့် အစီအစဉ်တွေကတော့ ကျောင်းကို အနဲဆုံး ပတ်စပို့မှာ ဗီဇာလက်ကျန် တစ်လရှိရပါမယ်။ ဆောင်ရွက်ရမယ့် အစီအစဉ်အသေးစိတ်ကို ဖေါ်ပြပေးလိုက်ပါတယ်။
ကျောင်းစအပ်လျှင် ဆောင်ရွက်ရန်
  • မိမိ စာအုပ်မှာ ထိုင်းဗီဇာ (working 22-days ) တစ်လရှိရမည်။
  • တစ်နှစ်ဗီဇာအတွက် ကျောင်းလခမှာ ဘတ်ငွေ (22,000) ဖြစ်ပါတယ်။
  • ကျောင်းလခ ပထမအရစ်အနေဖြင့် ဘတ်ငွေ (15,000)သွင်းရပါမည်။
  • ကျောင်းဗီဇာ တစ်နှစ်ရရှိလာချိန်တွင် လက်ကျန်ငွေကို ပေးချေရမည် ဖြစ်ပါသည်။
  • ကျောင်းလခသည် ကျောင်းအပ်ချိန်ပေါ်မူတည်သောကြောင့် အပြောင်းအလဲရှိတတ်ပါသည်။ ထို့ကြောင့် ကြိုတင်ဆက်သွယ်၍ မေးမြန်းလျှင် ပို၍ သင့်တော်ပါသည်။
  • ဓာတ်ပုံ (၇)ပုံ
  • ပတ်စ်ပိုစ့်(ပတ်စ်ပိုစ့် စာမျက်နှာများအားလုံး) မိတ္တူ တစ်စုံ
  • blissofus@gmail.com ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်)
ထိုင်းနိုင်ငံတွင်းသို့ ရောက်ရှိလာပြီးမှသာ ယခုလို ဗီဇာပြောင်းလဲခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။ အခုအချိန်မှာ ဗီဇာတစ်နှစ်ရရှိရန် လာအိုနိုင်ငံသို့ သွားရောက်ပြီး ဗီဇာယူခြင်း ပြုလုပ်ရန် မလိုအပ်ပဲ ဗီဇာအမျိုးအစား Tourist မှ Non-ED ကို ထိုင်းနိုင်ငံတွင်ပင် ပြောင်းလဲပေးလျက်ရှိပါသည်။ ဗီဇာအမျိုးအစား ပြောင်းလဲခ အဖြစ် immigration သို့ ဘတ်ငွေ (7,000)ပေးဆောင်၍ ထိုင်းနိုင်ငံတွင်ပင် ဗီဇာအမျိုးအစား ပြောင်းလဲ ပေးလျက်ရှိပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ထို့အပြင် မည်သည့် ဗီဇာစာအုပ် အမျိုးအစားမဆို ရက်(၉၀)အကြောင်းကြားခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယခုကဲ့သို့ အေဘက် တက္ကသိုလ်အနီးတွင် ပြုလုပ်ပေးခြင်းဖြင့် immigration ရုံးသို့ သွားရန်မလိုပဲ အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ ဝန်ဆောင်ခမှာ ဘတ်(200) ဖြစ်ကြောင်း အသိပေးပါရစေရှင်။

No comments:

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower