Monday, April 10, 2017

Bliss of Us မြန်မာတို့ရဲ့ ဒုတိယအိမ်မှသည် SanoMaru Home စ နို မာ ရု အိမ်ကလေးဆီသို့ ~ ~ ~

Thai နိုင်ငံမှာ ဂျပန်-ထိုင်း ဝန်ဆောင်မှုပေးနေတဲ့  မြန်မာတို့ရဲ့ ဒုတိယအိမ်မှသည် SanoMaru Home  စ နို မာ ရု အိမ်ကလေးဆီသို့ ရောက်သွားတဲ့အခါမှာတော့ .....။

Japan - Myanmar - Thai သုံးနိုင်ငံဆက်သွယ်ပြီး မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုပေးခြင်းများအပြင် ဂျပန်နိုင်ငံမှ အရည်အသွေးကောင်းတဲ့ ထွက်ကုန်များကို မြန်မာတို့အတွက် မှန်ကန်သောဈေးနှုန်းနဲ့ .. အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ဖို့ အထူးကြိုးစားပေးနေပါပြီလို့ သတင်းကောင်းလေး ပေးချင်ပါတယ်နော် ...။

SanoMaru Home Facebook Page မှာ ဂျပန်ပစ္စည်းစစ်စစ်လေးများကို ရောင်းပေးနေပါတယ်လို့ ...။




မြန်မာနိုင်ငံသားများအတွက် ဂျပန်အလည်ဗီဇာများ တနေ့နေ့တချိန်ချိန် ယခင်ထက်ပိုမို အဆင်ပြေလာမယ်ဆိုရင်လည်း ဂျပန်နိုင်ငံကို အလည်တခေါက်လာရင်ဖြင့် လေ့လာစရာ အပန်းဖြေစရာ ရင်သပ်ရှုမောဖွယ် ဂျပန်နို်င်ငံမှ သဘာဝရှုခင်းများကို လိုက်ပါပို့ဆောင်ပေးပါမယ်လို့ ပြောရင်းးး





မကြာခင်ကျရောက်တော့မယ့် ပျော်ရွှင်ဖွယ် မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်ရက်မြတ်မှာ မြန်မာနိုင်ငံသားအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဂျပန်တို့ရဲ့ ချယ်ရီမြေမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော် ...။

SanoMaru Home Facebook Pageကိုလည်း အလည်လာဖို့ ဖိတ်ခေါ်ပါရစေရှင် ...။


Bliss of Us ဘလော့မှာရော SanoMaru Home Facebook Pageမှာပါ Bliss of Us ရဲ့ မိတ်ဆွေတွေကို ဂျပန်နိုင်ငံရဲ့ ရှုခင်းအလှသဘာဝဓာတ်ပုံလေးတွေကိုလည်း တင်ဆက်ပေးသွားပါမယ်နော် ...။ 


ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...။
ခရစ္စတလ်


Monday, January 16, 2017

Ushiku Daibutsu

Ushiku Daibutsu  in Ibaraki PrefectureJapan.
  • Weight: 4,003 tonnes (8,825,000 lb)
  • Length of Left Hand: 18.00 m (59.06 ft)
  • Length of Face: 20.00 m (65.62 ft)
  • Length of Eye: 2.55 m (8.4 ft)
  • Length of Mouth: 4.5 m (15 ft)
  • Length of Nose: 1.2 m (3.9 ft)
  • Length of Ear: 10.00 m (32.81 ft)
  • Length of the First Finger: 7.00 m (22.97 ft)







Admission fees 
Adult: 500Yen
Child: 300Yen
New Year day: Free

Monday, December 5, 2016

MYANMAR Festival 2016 in Tokyo, JAPAN


ပွဲတော်ကို အရောက်နောက်ကျလို့ ပွဲတော်ရဲ့ အလှပုံတွေ မရိုက်ဖြစ်လိုက်တာမို့ သူများဆီက တဆင့်မျှဝေပေးလိုက်ပါတယ်။

နောင်နှစ်တွေမှာ မြန်မာပွဲကို ဂျပန်အသိုင်းအဝိုင်းနဲ့ နိုင်ငံခြားသားများအလယ်မှာ ဒီထက်ပိုပြီး ခမ်းခမ်းနားနားပြင်ဆင်မှုတွေနဲ့ ဆိုင်တွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပစေချင်ပါတယ်။








photo credit by Hiroyuki Isobe

ဒီနှစ်တော့ ပွဲအတွက် ဆိုင်ခန်းခက ယန်း၁၂သောင်းနဲ့ညီမျှတယ်လို့ မခံစားမိခဲ့ဘူး။

မီးအလှဆင်တာတွေနဲ့ ဆိုင်ခန်းခင်းကျင်းမှုတွေ ပိုခမ်းနားဖို့လိုနေသလို မြန်မာအသိုင်းအဝိုင်းအပြင် ဂျပန်နဲ့အခြားနိုင်ငံခြားသားများကိုပါ ပါဝင်လာဖို့ ကြိုးစားနိုင်ရင် မြန်မာနိုင်ငံအတွက် ပိုဂုဏ်ရှိစေမယ် အကျိုးရှိစေမယ်လို့ ထင်ပါတယ်။ အခက်အခဲတွေရှိပေမယ့် တစ်နှစ်ထက် တစ်နှစ်ပိုစည်ကားအောင်မြင်လာပါစေလို့ ဆုတောင်းပါတယ်။

ဒီပွဲလေးကို မနေ့က ပိတ်ကာနီးအချိန်မှာ ဂျပန်ဝန်ကြီးချုပ်ကတော် တက်ရောက်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဝန်ကြီးချုပ်ကတော်ဆိုပေမယ့် အစောင့်အရှောက် ၂-ယောက်လောက်နဲ့သာ ခပ်ရိုးရိုးလာရောက်အားပေးသွားတာတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံပညာရေးကို ဝိုင်းဝန်းကြိုးစားပေးနေတဲ့ သူမကိုလည်း အထူးလေးစားကျေးဇူးတင်နေမိပါတယ်။

26-Nov-2016 မြန်မာပွဲတော်အမှတ်တရ
ရွှင်လန်းချမ်းမြေ့ကြပါစေ ...။
ခရစ္စတလ်

Sunday, December 1, 2013

မှန်းဆကာ လွမ်းရပါသည် .. ခမာပြည် ...။


ခမာပြည်က လွမ်းစရာကောင်းတယ် ..  :)


ခမာပြည်နဲ့ ပတ်သက်တာလေးတွေ လေ့လာချင် ဖတ်ချင်တဲ့သူတွေအတွက် 
ဘလော့ကို ပြန်ဖွင့်ပေးထားပါတယ် ...။



ဘလော့က ပုံတွေ စာတွေ ကူးယူပြီး ကိုယ်ကျိုးအသုံးချသူတွေများလွန်းလို့ 
blog ကို ခဏပိတ်ထားမိတာ ခွင့်လွှတ်ပါလို့ ...။


ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Sunday, January 6, 2013

“ဒုတိယအိမ်၏ (၂၀၁၃)ခုနှစ်အတွက် နှုတ်ခွန်းဆက်လွှာ”

Bliss of Us စာမျက်နှာကို လာရောက်ကြည့်ကြပါသော အွန်လိုင်းစာဖတ်သူအားလုံး 

မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နေကြမယ်လို့ ယုံကြည်ပါတယ်။ 


(၂၀၀၉)ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံကို လာရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအတွက် အထူးရည်ရွယ်ကာ လိုအပ်မည့် ခရီးသွားလမ်းညွှန်ပေးခြင်းများကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ထုတ်ဝေသော ဂျာနယ်များမှာလည်း ကြေညာထည့်သွင်းထားခြင်းကြောင့် ဂျပန်နိုင်ငံမှ ဧည့်သည်များက BOU ကို ဒုတိယအိမ် လို့ မှတ်သားခေါ်ဆိုကြပါတယ်။  
BOU အဓိက ရည်ရွယ်ချက်အနေနဲ့ သုံးနှစ်တာကာလအတွင်း ခရီးသွားမြန်မာနိုင်ငံသားတွေ အဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံနှင့်ပတ်သက်သော ခရီးသွားခြင်းဆိုင်ရာများအတွက် လက်လှမ်းမီသမျှ ... မိမိတို့သိသမျှကို စေတနာရှေ့ထားပြီး မျှဝေပေးခဲ့ပါတယ်။

(၂၀၁၃)ခုနှစ်မှစပြီး ပိုစ့်တွေ ရေးပေးနေတဲ့ ခရစ္စတလ်တစ်ယောက် အလုပ်ပြောင်းရွှေ့မှာဖြစ်တဲ့အတွက် ဒုတိယအိမ်ရဲ့ စာမျက်နှာမှာ မကြာခင် ပိုင်ရှင်အသစ် ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီဇိုင်းအသစ် စာရေးသားမှုအသစ်များ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများကို  ကူညီဆောင်ရွက်ပေးပါလိမ့်မည် ဆိုတဲ့အကြောင်း နှစ်သစ်ကူး သတင်းစကား လက်ဆင့်ပါးလိုက်ပါရစေနော်။

ကိုယ့်နိုင်ငံကိုလည်း တခြားနိုင်ငံတွေလို တိုးတက်စေချင်လို့ သတင်းစာတွင် အခုလို လေ့လာမိပါသည်။


 ထိုင်းနိုင်ငံနဲ့ ပတ်သက်သော သိလိုတာ မေးချင်တယ်ဆိုရင်
blissofus@gmail.com ကို စာရေးသားဆက်သွယ်နိုင်ပါတယ်။ 

အွန်လိုင်းမှ စာဖတ်သူ မိတ်ဆွေအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်မှာ
ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်

Monday, October 8, 2012

ကဉ္စနမည်သော မြို့။

ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်၏ အနောက်ဘက်စူးစူးတွင် တည်ရှိပြီး မြန်မာနယ်နိမိတ်နှင့် ထိစပ်လျှက်ရှိသော မြို့ကြီးဖြစ်သည့် ကချနဘူရီမြို့သည် ပါဋ္ဌိဘာသာလို ကဉ္စနမည်ပါ၏။ ကဉ္စန ဆိုသည်မှာ တောင်မှဖြစ်သော ရွှေ အဓိပ္ပါယ်ဖြစ်ပါသည်။ တောင်တန်းများစွာရှိသော ထိုမြို့ကို ကချနဘူရီအမှတ်သညာထားရှိဟန်တူပါသည်။  တောင်ကုန်းတောင်တန်းများထူထပ်ပြီး မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် တူသော မြို့တစ်မြို့လည်းဖြစ်ပါသည်။ 

သဘာဝတောတောင်ရေမြေကို ချစ်မြတ်နိုးကြသော နိုင်ငံရပ်ခြားခရီးသွားအများစု စိတ်ဝင်စားဆုံး ခရီးသွားလုပ်ငန်းရှိရာမြို့လည်းဖြစ်သည်။ သဘာဝအလျောက်ဖြစ်လျှက်ရှိသော ရေတံခွန်များ၊ ဆင်စခန်း၊ ထိုင်းနိုင်ငံ၏ မူလကျားစခန်းရှိခြင်း၊ မွန်တံတားအပြင် ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့သော မရဏတံတား၊ မြန်မာတို့သိပြီးဖြစ်တဲ့ ဘုရားသုံးဆူနေရာများ စသည့် စိတ်ဝင်စားဖွယ်များ တည်ရှိရာ မြို့တစ်မြိုးဖြစ်၏။ နိုင်ငံခြားဧည့်သည်များသည် ထိုမြို့တွင် နှစ်ညအိပ်သုံးရက်ခန့် နေထိုင်ကြပြီး ဗဟုသုတရှာမှီးကာ အပန်းဖြေနေထိုင်လေ့ရှိတတ်ကြပါသည်။ ထိုမြို့ရှိ ဧရာဝဏ်ရေတံခွန်သည် ထိုင်းနိုင်ငံသားတို့အတွက် ပိတ်ရက်များတွင် မိသားစုများနှင့် ရေတံခွန်များသို့ လာရောက်ကာ ပျော်ပျော်ပါးပါးအပန်းဖြေနေရာအဖြစ် ထင်ရှားပါသည်။

မြန်မာဧကရာဇ်ဘုရင့်နောင်မင်းသည် ထိုင်းနိုင်ငံမှ မင်းသားငယ်တစ်ပါးကို ဟံသာဝတီမင်း နေပြည်တော်သို့ ခေါ်ဆောင်သွားခဲ့သော အကြောင်းသည် သမိုင်းတွင် ခဲ့၏။  ထို့ကြောင့် ထိုင်းလူမျိုးတို့သည် သူတို့ခေါင်းဆောင်နေထိုင်ခဲ့ရာအရပ် ဟံသာဝတီနေပြည်တော်ကို စိတ်ဝင်စားကြသည်။ တနည်းအားဖြင့် ပဲခူးမြို့သို့ အလည်အပတ်သွားရောက်လေ့ရှိပါသည်။ ထို့အပြင် ထိုင်း-မြန်မာသမိုင်းဝင် ဇာတ်ကားများကိုလည်း ယနေ့ထက်တိုင် ရိုက်ကူးမဆုံးနိုင်ခဲ့ပေ။
ထိုဇာတ်ကားများ ရိုက်ကူးနိုင်ရန် သန်းပေါင်းများစွာ အကုန်အကျခံကာ စတီဒီယိုဆောက်လုပ်ရိုက်ကူးခဲ့ကြသည်။ ဇာတ်ကားရိုက်ကူးရန် Prommitr Film Studio နေရာကို လေးနှစ်ကြာ သုတေသနပြုလုပ်တည်ဆောင်ပြီးမှ ဇာတ်ကားရိုက်ကူးခဲ့ကြပါသည်။ ထိုဇာတ်ကားရိုက်ကူးပြီးစီးသွားသော်လည်း စတီဒီယိုနေရာကို ထိုင်းနိုင်ငံသားများအပါအဝင် အခြားနိုင်ငံသားများပါ လေ့လာနိုင်ရန်အမှတ်တရ ဆက်လက်ထိန်းသိမ်းထားကြ၏။ 

ဟံသာဝတီမင်းနေပြည်တော် ပုံစံအတု တည်ဆောင်ထားပုံ

နန်းတော်အဝင်ဝမှာ ခြင်္သေ့ကြီးတွေ ရှိခဲ့ကြသတဲ့လား

လာရောက်လေ့လာကြသော ဧည့်သည်တော်များ။ 

ကချနဘူရီ စတီဒီယို ဝက်ဘ်ဆိုက်မှ ဓာတ်ပုံများကို ကူးယူဖေါ်ပြထားပါသည်။ ယခုအခါ ထိုလင့်များ မရှိတော့ သည့်အတွက် လင့်မပေးနိုင်ခြင်းကို တောင်းပန်ပါသည်။ ဓာတ်ပုံများကို ကူးယူဖေါ်ပြကြမည်ဆိုလျှင် မူရင်း စတီဒီယိုမှ ဓာတ်ပုံများဖြစ်ကြောင်း ထည့်သွင်းမျှဝေစေချင်ပါသည်။


ထိုင်းနိုင်ငံသားတွေ ရိုက်ကူးတင်ဆက်တဲ့အထဲမှာ
 ဟံသာဝတီမင်းနေပြည်တော်ကြီးရဲ့ ခမ်းနားမှုများကို တွေ့မြင်ခွင့်ရမှာဖြစ်ပါတယ်။ 


ဒီဇာတ်ကားထဲမှာတော့ ကချနဘူရီ ဆင်စခန်းမှာ ရိုက်ကူးထားတဲ့ မြင်ကွင်းတွေ တွေ့ရမှာဖြစ်ပါတယ်။ 
ယင်းဇာတ်ကားမှာ ပါဝင်တဲ့ ဆင်စွယ်အရှည်ဆုံးဆင်ကြီးက အခုဆိုရင် အသက်(၇၆)နှစ်ရှိနေပါပြီ။ 


ဒုတိယကမ္ဘာစစ်အတွင်းက မရဏတံတား

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

လေးစားစွာဖြင့်
bliss of us

Tuesday, October 2, 2012

ထိုင်းလေကြောင်းလိုင်းများနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ ခေါင်းစပြူလာသော တိုးတက်မှုတွေကြောင့် 
ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများသည်လည်း တိုးတက်ပြောင်းလဲပြေးဆွဲလာကြပါပြီ။ 


 (၄ - အောက်တိုဘာလ - ၂၀၁၂) ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ 
အထက်မြန်မာနိုင်ငံမြို့တော် မန္တလေးသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲကြတော့မည်


မြန်မာနိုင်ငံသို့ သွားကြမည့် ကမ္ဘာလှည့်ခရီးသွားများအတွက် အဆင်ပြေရုံမျှမက
ဘန်ကောက်မြို့မှ အထက်မြန်မာပြည်သို့ ပြန်လိုကြသော မြန်မာနိုင်ငံသားများအတွက် အချိန်ကုန်သက်သာပြီး ခရီးစဉ်ချောမွေ့အဆင်ပြေနိုင်ကြတော့မည်။

 

ထို့အပြင် Air Asia လေကြောင်းလိုင်းများသည်လည်း တစ်နေ့တာ ပုံမှန်ပြေးဆွဲချိန် နှစ်ချိန်မှ သုံးချိန်သို့ပြောင်းလဲထားပြီးဖြစ်သဖြင့် မိမိတို့နှစ်သက်ရာအချိန်ကို ရွေးချယ်နိုင်ပြီ။


Bangkok Airway နဲ့ THAI Airway တို့သည်လည်း လေယာဉ်ချိန်များတိုးချဲ့ပျံသန်းလျှက်ရှိနေကြပါပြီ။



Air Asia လေကြောင်းလိုင်းတစ်ခုတည်းသာ 
ဒူမောင်းလေဆိပ် (ယခင်ဘန်ကောက်မြို့၏ လေဆိပ်အဟောင်း) သို့
 ပြောင်းရွှေ့သွားခြင်းဖြစ်ပါတယ်။  


နောင်လာမယ့်အနာဂတ်ကာလများမှာ မြန်မာနိုင်ငံရဲ့ ကောင်းသော ပြောင်းလဲခြင်းများနဲ့အတူ ခရီးလမ်းပန်းဆက်သွယ်ရေးများလည်း ချောမွေ့အဆင်ပြေလာတော့မည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်ခြင်းများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ခြင်းများအပြင်
 မြန်မာနိုင်ငံသားများ သွားလာရေး လွယ်ကူကြတော့မည်ဖြစ်သဖြင့်
 မြန်မာနိုင်ငံ၏ ပြောင်းလဲလာသောတိုးတက်မှုများ  ရေရှည်တည်တံ့နိုင်စေဖို့ ဆုတောင်းလျှက် ...။

လေးစားစွာဖြင့်
bliss of us

Sunday, August 19, 2012

“မြစ်တစ်စင်း၏ ခမ်းနားမှု”

ကျောက်ဖရားမြစ်ပြင်မှ ဖြတ်တိုက်လာတဲ့ လေနုအေးကို ခံစားရင်း
 မြစ်တစ်စင်းရဲ့အလှများကို ခံစားကြရအောင်နော် ...။

မြစ်ကြောင်းတစ်လျှောက် ခုတ်မောင်းနေတဲ့ ခရီးသည်တင် စက်လှေတစ်စီး

နေ့လည်ချိန်ဆိုရင် မြစ်ပြင်တစ်လျှောက် နိုင်ငံခြားသား ခရီးသည်တွေများတယ်၊

 မနက်စောစောဆိုရင်တော့ ဘန်ကောက်မြို့အနောက်ဘက်မှာနေတဲ့
ဝန်ထမ်းတွေ ရုံးချိန်မှီအောင် အပြေးအလွှားရုံးတက်ကြရပါတယ်။

 စက်လှေ အတက် အဆင်းကို ဝန်ထမ်းများက သေချာဂရုစိုက်ပေးကြပါတယ်

Group Tour တွေကို လိုက်ပို့တဲ့ စင်းလုံးငှား ထိုင်းရိုးရာစက်လှေများလည်း ဟိုမှာ သည်မှာ ...။

 မြစ်ထဲမှာ ကင်းလှည့်ကယ်ဆယ်ရေး ရေယာဉ်များလည်း အသင့်

 ဟိုတယ်ပိုင် ရေယာဉ်များ

မြစ်ကြောင်းတစ်လျှောက် ခရီးသည်များ စိတ်တိုင်းကျ လည်လည်သွားဖို့ စင်းလုံးငှားစက်လှေများ



 မြစ်ကမ်းဘေးက မြင့်မြင့်မားမား ဟိုတယ်

လေးစားစွာဖြင့်
bliss of us 

Saturday, August 11, 2012

ဘန်ကောက်မြို့မှ နေ့ချင်းပြန် အလည်ထွက်နိုင်သော နေရာများ

ကချနဘူရီမြို့
 

ဆာရဘူရီမြို့

Bliss of Us ဆိုဒ်ကို ဖတ်ပြီး ထိုင်းနိုင်ငံအတွင်းမှာ သွားရေးလာရေး အဆင်ပြေကြောင်းကို 
ကြားသိရတဲ့အတွက် အထူးပင် ဝမ်းသာပါကြောင်း။ 

လေးစားစွာဖြင့်
bliss of us

Monday, June 25, 2012

အယုဒ္ဓယတွင် တစ်နေ့တာ...။

 အယုဒ္ဓယမြို့မှာ ကြည်ညိုသပ္ပါယ်လှတဲ့ ဘုရားစေတီပုထိုးများကို ဖူးမျှော်လေ့လာကြပြီး
မိသားစု အပန်းဖြေခရီး ထွက်ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ အလေ့အထနဲ့ မြင်ကွင်းထူးဆန်းလေးတွေကို 
လှည့်လည်ကြည့်ရှုပြီး အလှဓာတ်ပုံရိုက်ကြပါတယ်။ 

ဒေသရဲ့ အလေ့အထမြင်ကွင်းတွေက ထိုင်းလူမျိုးတို့ရဲ့ သမိုင်းနဲ့ လူနေမှုအကျင့်စရိုက်များကို လေ့လာနိုင်မှာဖြစ်ပါတယ်။ 

အပန်းဖြေနေရာများမှာ လူအများစိတ်ဝင်စားဖွယ်ဖြစ်အောင် အလှဆင်ထားကြတာပါ

နှောင်းခတ်ပုံရိပ်များကို အရုပ်လေးတွေနဲ့ အဓိပ္ပါယ်ဖေါ်ဆောင်ထားပါတယ်

“ပျော်ပျော်ရွှင်ရွှင် အယုဒ္ဓတစ်ခွင်”

ဒေသဓလေ့များကို အခုလို အရုပ်လေးတွေနဲ့ ဖေါ်ကျူးထားတာ အလွန်ချစ်စရာပါ။

“အယုဒ္ဓယရောက် ဧည့်သည်များ ပျော်ရွှင်နိုင်ကြပါစေ”

ငယ်ငယ်တုန်းက ကလေးဘဝအရွယ် ပျော်ရွှင်စွာ ဆော့ကစားကြတယ် :)

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower