Bliss of Us စာမျက်နှာကို လာရောက်ကြည့်ကြပါသော အွန်လိုင်းစာဖတ်သူအားလုံး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နေကြမယ်လို့ ယုံကြည်ပါတယ်။
(၂၀၀၉)ခုနှစ်မှ
စတင်ပြီး ထိုင်းနိုင်ငံကို လာရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအတွက်
အထူးရည်ရွယ်ကာ လိုအပ်မည့် ခရီးသွားလမ်းညွှန်ပေးခြင်းများကို
ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ထုတ်ဝေသော ဂျာနယ်များမှာလည်း ကြေညာထည့်သွင်းထားခြင်းကြောင့်
ဂျပန်နိုင်ငံမှ ဧည့်သည်များက BOU ကို ဒုတိယအိမ် လို့ မှတ်သားခေါ်ဆိုကြပါတယ်။
BOU၏ အဓိက ရည်ရွယ်ချက်အနေနဲ့ သုံးနှစ်တာကာလအတွင်း ခရီးသွားမြန်မာနိုင်ငံသားတွေ အဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံနှင့်ပတ်သက်သော ခရီးသွားခြင်းဆိုင်ရာများအတွက် လက်လှမ်းမီသမျှ ... မိမိတို့သိသမျှကို စေတနာရှေ့ထားပြီး မျှဝေပေးခဲ့ပါတယ်။

(၂၀၁၃)ခုနှစ်မှစပြီး ပိုစ့်တွေ ရေးပေးနေတဲ့ ခရစ္စတလ်တစ်ယောက် အလုပ်ပြောင်းရွှေ့မှာဖြစ်တဲ့အတွက် ဒုတိယအိမ်ရဲ့ စာမျက်နှာမှာ မကြာခင် ပိုင်ရှင်အသစ် ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီဇိုင်းအသစ် စာရေးသားမှုအသစ်များ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးပါလိမ့်မည် ဆိုတဲ့အကြောင်း နှစ်သစ်ကူး သတင်းစကား လက်ဆင့်ပါးလိုက်ပါရစေနော်။
ကိုယ့်နိုင်ငံကိုလည်း တခြားနိုင်ငံတွေလို တိုးတက်စေချင်လို့ သတင်းစာတွင် အခုလို လေ့လာမိပါသည်။
ထိုင်းနိုင်ငံနဲ့ ပတ်သက်သော သိလိုတာ မေးချင်တယ်ဆိုရင်
blissofus@gmail.com ကို စာရေးသားဆက်သွယ်နိုင်ပါတယ်။
အွန်လိုင်းမှ စာဖတ်သူ မိတ်ဆွေအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်မှာ
ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
ခင်မင်လေးစားစွာဖြင့်
ခရစ္စတလ်