လာအိုနိုင်ငံမှ ထိုင်းနိုင်ငံနယ်စပ်သို့ သွားရန် အဝေးပြေးကားဂိတ်။
လာအိုခရီးမှ ပြန်ရောက်လာခဲ့သော ကျောင်းသို့ ဗီဇာရရှိကြောင်း အကြောင်းကြားရန် လိုအပ်ပါသည်။ တစ်နှစ်ဗီဇာအတွက် ကျောင်းလခမှာ ဘတ်ငွေ (27,000) ဖြစ်ပါတယ်။ ထို့ကြောင့် ကျောင်းဗီဇာ တစ်နှစ်ရရှိလာချိန်တွင် လက်ကျန်ငွေကို ပေးချေရမည် ဖြစ်ပါသည်။ တစ်နှစ်ဗီဇာရရှိမှုသည် အများအားဖြင့် လာအိုနိုင်ငံရှိ ထိုင်းသံရုံးနှင့် အဓိကသက်ဆိုင်သောကြောင့် လာအိုသို့သွားရောက် ဗီဇာပြောင်းလဲခြင်းသည် စိတ်ပင်ပန်းမှုများ၊ လူပင်ပန်းမှုများရှိတဲ့အတွက် လာအိုနိုင်ငံရှိ ထိုင်းသံရုံးတွင် ဗီဇာသွားရောက်ယူရန်အတွက် မတိုက်တွန်းလိုပါ။ ယခုအခါ ထိုင်းနိုင်ငံတွင် ဗီဇာ အပြောင်းအလဲများကို ပြုလုပ်ပေးလျှက်ရှိနေပြီဖြစ် သောကြောင့် ခရီးသွားကုန်ကျ စရိတ်နှင့် ဗီဇာပြောင်းလဲခ တန်ဖိုးနှစ်ခုသည် ကွာခြားမှုများစွာ မရှိသည့်အတွက် ထိုင်းနိုင်ငံတွင် ဗီဇာပြောင်းလျှင် ပိုမိုသင့်တော်မည့်အကြောင်းကို သတင်းကောင်းပါး လိုက်ပါတယ်။ အကယ်၍ မိမိသိလိုသော အချက်အလက်များကို မေးမြန်းလိုပါက ဖုံးဖြင့်ဖြစ်စေ၊ အီမေးဖြင့်ဖြစ်စေ လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းစကားလက်ဆင့်ပါးလိုက်ရပါတယ်။
No comments:
Post a Comment