Monday, November 29, 2010

ကိုးတောင်ပြည့် “ကျား”


အရွယ်ရောက် ကျားသတ္တဝါနဲ့ ထိုင်းဦးဇင်းတစ်ပါး


ဆော့ကြတဲ့ အရွယ်လေးတွေပါ

သား အသက်က ဆယ်နှစ်ရှိပြီဂျ

ဗိုက်ဆာလို့ စိတ်တိုနေတယ်နော် ဓာတ်ပုံမရိုက်နဲ့ ဟွန်း

တောင်ကုန်းအမြင့်ပေါ်တက်နေတုန်း ရိုက်ထား၊ ပိုစ့်ပေးရတာ ပျင်းတယ်ဗျာ

အပြင်ထွက်ရမလားလို့ ချောင်းကြည့်ရအောင်

ဟိုကောင်တွေကို မတိုက်နဲ့ သားအကုန်သောက်ပစ်မှာ


သားသား တော်တော် ဆာနေတာ၊ ကျေးဇူးပဲဂျာ။

စိတ်ရှုပ်လိုက်တာ တောထဲသွားချင်တယ်နော်

လာမကြည့်ကြနဲ့ နားလိုက်အုံးမယ်

ကျောင်းပေါ်တွင် နားနေကြတဲ့ ရွယ်တူ အရောင်တူနှစ်ကောင်

ထိုင်းနိုင်ငံ ကချနဘူရီမြို့တွင် မရဏတံတား၊ ဧရာဝဏ်ရေတံခွန်အပန်းဖြေစခန်းနှင့် အခြားရေတံခွန်စခန်း များအပြင် ဆင်စခန်းနှင့် ကျားများတွေကို မွေးမြူထားတဲ့ ထိုင်းဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတို့က အထူးပင်နာမည်ကျော်ကြားလှပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားများ လာရောက်လည်ပတ် လေ့လာကြပြီး ထိုင်းနိုင်ငံသားများကတော့ ရုံးပိတ်ရက်များတွင် သွားရောက်လည်ပတ်ကြပါတယ်။
တောတွင်းမှ အင်မတန် ရိုင်းစိုင်းတဲ့ လူယဉ်ပါးရန်ခက်ခဲသော သတ္တဝါတစ်မျိုးဖြစ်တဲ့ ကျားကို ထိုင်းဘုန်းတော်ကြီး များမှ စောင့်ရှောက်ထားခြင်းအကြောင်းက အထူးအဆန်းဖြစ်စေပါတယ်။ ကျားစခန်းကို မတည်ထောင်ခင် တစ်ချိန်တုန်းက မုဆိုးများသည် ကျားပေါက်လေးများ ဖမ်းမိလာကြပြီး ဘုန်းကြီးကျောင်းတွင် လာရောက်လှူဒါန်းရာမှ အစပြုခဲ့တယ်လို့ သိရပါတယ်။
ယနေ့အခါမှာတော့ ကျားများကို စနစ်တကျဖြင့် ပြုစုကျွေးမွေးစောင့်ရှောက်ထားပြီး နိုင်ငံခြားခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုအနေဖြင့် အလေးပေးပြုလုပ်လာကြပြီဖြစ်ပါတယ်။ ကချနဘူရီမြို့တွင်ရှိသော ကျားစခန်းသည် ထိုင်းနိုင်ငံတွင် ပထမဆုံးနှင့် အဓိက ကျားမွေးမြူရေးစခန်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်လာတဲ့အတွက် ကြောင်လေးများသဖွယ် လိမ္မာယဉ်ကျေးသလို တွေ့ရမှာဖြစ်ပါတယ်။ ထိုင်းဘုန်းကြီးများအပြင် လူများမှလည်း လာရောက်ကြည့်ရှုသူဧည့်သည်များ အန္တရာယ်မရှိရေးနဲ့ ကျားများ၏ မွေးမြူထိန်းသိမ်းရေးတွေမှာ ဝိုင်းဝန်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ ယင်းကျားစခန်းမှ ယဉ်ကျေးအောင် လေ့ကျင့်ပြီး စိတ်ချရသော ကျားများကိုမှ ထိုင်းနိုင်ငံ၏ နိုင်ငံခြားခရီးသွားများ သွားလေ့ရှိသော နေရာတိုင်းသို့ ပေးပို့ခြင်းဖြစ်ပါတယ်။ ကျောင်းဝင်းထဲမှာ ကျားများကို ယဉ်ကျေးအောင် မွေးမြူထားခြင်းအပြင် အခြားသော တိရစ္ဆာန်များကိုလည်း ဘေးမဲ့ပေးထားတာတွေကိုပါ တွေ့ရပါတယ်။ မြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ တောဝက် အပြင် ကျေးငှက်များလည်း သဘာဝအလျှောက် သွားလာနေထိုင် ကျက်စားလျှက်ရှိပါတယ်။
ထို့ကြောင့် ကချနဘူရီမြို့သို့ အပန်းဖြေသွားရင်းဖြင့် ကျားစခန်းရှိရာသို့ သွားရောက် လေ့လာနိုင်ကြပြီး ကျားကလေးများနှင့်လည်း အတူတွဲ ဓာတ်ပုံများ ရိုက်ကူးနိုင်ပါကြောင်း သတင်းစကား လက်ဆင့်ပါးလိုက်ရပါတယ်နော်။


နေ့လည်ခင်း တစ်ရေးတမော အိပ်နေတာ

ကျားစခန်း တည်ရှိရာ
Wat Pa Luangta Bua Yannasampanno Forest Monastery (Tiger Temple)
333, Singh Sub-disstrict, Saiyok District, Kanchanaburi, Thailand.

ကျားစခန်းကို သွားမယ်ဆိုရင် အနီရောင်ပါတဲ့ မည်သို့သော အဝတ်အစားမျိုးကိုမဆို ဝတ်ဆင်ထားမယ်ဆိုရင် စခန်းထဲသို့ ဝင်ခွင့်ပြုမှာမဟုတ်တဲ့အကြောင်း သတိပေးလိုက်ပါတယ်။ ထိုင်းလူမျိုးများအတွက် ဝင်ကြေးငွေမှာ (300)ဘတ်ဖြစ်ပြီး နိုင်ငံခြားဧည့်သည်များအတွက်တော့ (500)ဘတ်ဖြစ်ပါတယ်။

လေးစားစွာဖြင့်
bliss of us

p.s - ဓာတ်ပုံတွေက တချို့က ကျားစခန်းမှဖြစ်ပြီး တချို့ကတော့ မိကျောင်းမွေးကန်သို့ ပို့ထားသော ကျားနဲ့ ကျားသစ်များ၏ ပုံဖြစ်ပါတယ်။

Thursday, November 25, 2010

ဈေးဝယ်မယ်ဆိုရင် အပိုင်း(၂)

ကုန်တိုက်တွေထဲမှာ ဈေးအသက်သာဆုံးဝယ်လိုတယ်ဆိုရင် Big C မှာ ဈေးဝယ်နိုင်ပါတယ်။

“Big C ထဲမှာ သရက်သီး နဲ့ သင်္ဘောသီးထောင်းသုပ်များကအခုလို စားချင်စဖွယ်”

ဒီဇိုင်းဆန်းတာတွေပဲ တင်တယ်နော်။

ပစ္စည်းတိုင်း အလှအပဆင်ရမှ ကျေနပ်ကြတယ်

ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်ဖက်ရှင်ပေါင်းစည်းထားတဲ့ အထည်ဆိုင်တစ်ခု

ဆွမ်းကပ်နေပုံ ပုံစံတူ အလှထား အရုပ်လေးများ

အလွန်လှပပြီး၊ ဈေးကောင်းတဲ့ Tea Set ပုံစံနှစ်မျိုး


အိမ်အသုံးအဆောင်ပစ္စည်းတွေက အိမ်ရှင်မတွေ အကြိုက်တွေ့အောင် ဆွဲဆောင်နေတယ်


အိမ်အလှဆင်ပစ္စည်းမျိုးစုံကို “Home Pro” မှာ ဝယ်ယူနိုင်ပါတယ်။
ပစ္စည်းလည်း ကောင်း၊ ဈေးလည်း ကောင်း။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower