Saturday, February 27, 2010

Safari World ကို သွားလည်ကြမယ်။

အပန်းဖြေနေရာတွေ ပေါတဲ့ဘန်ကောက်မြို့မှာ နာမည်ကြီးလှတဲ့ ဆာဖာရီဝေါလ်ကို သွားကြရအောင်နော်။ တစ်ဦးလျှင် ဘတ်ငွေ (၅၅၀) ကုန်ကျမှာ ဖြစ်ပြီး စိတ်ဝင်စားစရာ ကောင်းလှတဲ့ နေရာလေးတွေကို သွားချင်ပါတယ် ဆိုရင် (၁-မတ်လ)မှ (၁၀-အောက်တိုဘာလ-၂၀၁၀)အထိ ဈေးနှုန်း မပြောင်းလဲပါကြောင်းကို သတင်းကောင်းပါးလိုက်ပါတယ်ရှင်။
ဆာဖာရီဝေါလ်တွင် တိုက်ရိုက်ဝယ်ယူပါလျှင် ပုံမှန်ဈေးမှာ ဘတ်ငွေ (၈၀၀)ကုန်ကျမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားများ သက်သာအဆင်ပြေစေရန် Bliss of Us အဖွဲ့မှ ဆောင်ရွက်ပေးထားပါတယ်ရှင်။







Tuesday, January 5, 2010

ထိုင်းနိုင်ငံတွင် ဆေးကုသခြင်းနှင့်ပတ်သက်၍...။

ထိုင်းနိုင်ငံသို့ ဆေးကုသရန် သို့မဟုတ် ဆေးစစ်ရန် လာရောက်မည့် မြန်မာနိုင်ငံသားများသည် မိမိပြသလိုသော ဆေးရုံကို ကြိုတင်ရွေးချယ်ဖို့လိုပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ထံတွင်၎င်း၊ ထိုင်းနိုင်ငံတွင်ရှိသော ဝန်ဆောင်မှုပေးသော အဖွဲ့များသို့ အသေးစိတ် မေးမြန်းစုံစမ်းခြင်းဖြင့်၎င်း၊ ကုသဖူးသော မြန်မာလူမျိုးများထံ မှ သင့်တော်သော အကြံဥာဏ်များ ရယူထားနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။
Bliss of Us အဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ဆေးကုသလိုသူတို့ သိလိုသမျှကို ရှင်းပြပြီးနောက် ကုသလိုသူတို့စိတ်ကြိုက် မိမိနှစ်သက်ရာ ဆေးရုံတွင် ဆေးကုသနိုင်ရန် ကူညီစီစဉ်ပေးမည်ဖြစ်ပါသည်။

ဆေးစစ်ခြင်းနှင့် ထိုင်းနိုင်ငံ (Medical Check-Up)
မြန်မာနိုင်ငံသားတစ်ဦးသည် ဆေးစစ်ရန်အတွက် ထိုင်းနိုင်ငံသို့ လာရောက်မည်ဆိုပါက ပထမဆုံး အနေဖြင့် မည်သည့်ရောဂါအမျိုးအစားကို အဓိကထားစစ်ဆေးလိုပါသနည်း။ အထွေထွေ စစ်ဆေးလိုခြင်း နှင့် ရောဂါရှာဖွေခြင်း၊ မြန်မာနိုင်ငံတွင် ကုသခဲ့သော၊ စစ်ဆေးခဲ့သော ရောဂါကို ပြန်လည်စစ်ဆေး ခြင်းစသော မိမိတို့ဆေးစစ်လိုသော အကြောင်းများကို ဝန်ဆောင်မှုပေးသော အဖွဲ့သို့ ကြိုတင်အကြောင်းရန် လိုအပ်ပါတယ်။
ထိုသို့ ကြိုတင်အကြောင်းကြားနိုင်လျှင် ဝန်ဆောင်မှုအဖွဲ့များက ဝန်ဆောင်မှုအတွက် အခကြေးငွေ မယူပဲ ဆောင်ရွက်ရန်ကိစ္စများကို လမ်းညွှန်ပေးခြင်းနှင့် ဆေးရုံသို့ စစ်ဆေးလိုသော ရောဂါနှင့် ဆရာဝန်ကို ကြိုတင်အကြောင်းနိုင်ခြင်းများကို စီစဉ်ကူညီပေးကြပါတယ်။
ဆေးစစ်ရာတွင် အသက်အရွယ်အလိုက်လည်းကောင်း၊ ရောဂါအခြေအနေအရ လည်းကောင်း၊ မိမိစစ်ဆေးလိုသည်များကိုပါ ရွေးချယ်စစ်ဆေးနိုင်ကြပါတယ်။ ယနေ့ချိန်ခါတွင် ဆေးစစ်ခြင်းများနှင့် ပတ်သက်၍ ကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလာကြပြီဖြစ်လို့ ဆေးရုံတစ်ခုနှင့် တစ်ခုသည်လည်း ဈေးနှုန်းများ ကွာခြားမှုမများလှတဲ့အပြင် ဆေးစစ်ခြင်းနှင့် ပတ်သက်၍ ဆေးရုံများမှ ဈေးနှုန်းများကို မြန်မာနိုင်ငံသားများ စိတ်ချမ်းသာအဆင်ပြေစေရန် ဆောင်ရွက်ပေးကြပါတယ်။
 ဆေးရုံတစ်ခုရှိ တစ်ယောက်ခန်း။

ကျန်းမာရေးစစ်ဆေးသည့် ဈေးနှုန်းများမှာ အနိမ့်ဆုံး ဘတ် (၅,ဝဝဝ) ဝန်းကျင်မှ မိမိစစ်ဆေးလိုသော ဆေးစစ်ခြင်းအပေါ်တွင် မူတည်၍ ကုန်ကျမည် ဖြစ်ပါကြောင်းကို သတင်းစကား လက်ဆင့်ကမ်းလိုက်ပါတယ်နော်။
ဆက်လက်ဖေါ်ပြပါမည်။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower