Wednesday, January 26, 2011

တုံလီစပ်ရေကန် - ကမ်ဘောဒီးယား

ကမ်ဘောဒီးယားနိုင်ငံ၏ မိုးရာသီ ရေများချိန်၌ အာရှတွင် အကြီးဆုံးရေကန်ဟူ၍ ခမာလူမျိုးတို့ ဂုဏ်ယူကြသော ရေကန်မှာ (Tonle Sap Lake) တုံလီစပ်ရေကန်ဖြစ်ပါတယ်။

ရေကန်တွင်းနေ ဒေသခံကလေးငယ်လေးတွေ ကျောင်းဆင်းလာကြပုံ။

ရေထဲမှာ လူကြီးတွေ မပါပဲ ကိုယ်တိုင် လှော်တက်လေးနဲ့ မူလတန်းအရွယ်ကလေးငယ်လေးတွေ ကျောင်းဆင်းလာကြတာဖြစ်ပါတယ်။ ရေပေါ်မှာပဲ အိမ်ဆောက်၊ ရေထဲမှာပဲ အသက်မွေးဝမ်းကြောင်းကြ၊ ရေထဲမှာပဲ စာသင်ကြကာ ရေထဲမှာပဲ ဘဝတစ်ပါးကူးပြောင်းကြရတဲ့ ဒေသခံများ၏ ပုံရိပ်တွေကို လေ့လာနိုင်ပါတယ်။

အခုလို နိုင်ငံခြားသား ခရီးသွားက Siem Reap မြို့နဲ့ အနည်းငယ်လှမ်းသော တုံလီစပ်ရေကန်သို့ စက်ဘီးများ ငှားပြီး အလည်အပတ်ထွက်လို့ ဗဟုသုတရှာမှီးကြပါတယ်။

ရေကန်ထဲမှာတော့ အခုလို လောင်းလှေမျိုးနဲ့ ဧည့်သည်များ အဖွဲ့အလိုက် ရေကန်အတွင်း လှည့်လည် လေ့လာနိုင်ရန် စီစဉ်ပေးထားကြပါတယ်။ ထိုရေကန်သို့ လောင်းလှေနဲ့ လေ့လာလည်ပတ်ရန်အတွက် ဝင်ကြေးပေးဆောင်ရုံဖြင့် လည်ပတ်နိုင်ဖို့ ကမ်ဘောဒီးယားနိုင်ငံမှ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။ ခရီးသွားတစ်ဦးလျှင် ($15/-)နှုန်း ကျသင့်မှာဖြစ်ပါတယ်။

ရေကန်အတွင်းမှ အရပ်ဓလေ့နှင့် ကလေးငယ်များ

ဈေးရောင်းထွက်လာတဲ့ ရေကန်တွင်းနေထိုင်သော ဒေသခံတစ်ဦး

ထိုရေကန်တွင် နေထိုင်ကြသော လူမျိုးများမှာ ဗီယက်နမ်လူမျိုးများဖြစ်ကြပြီး၊ တံငါလုပ်ငန်းဖြင့် အဓိက အသက်မွေးကြပါတယ်။ ကမ်ဘောဒီးယားနိုင်ငံ၏ ငါး (၅၀%)ထွက်ရှိသောကြောင့် တုံလီစပ်ရေကန်သည် နိုင်ငံ၏ အဓိက အားထားရာတစ်ခုလည်းဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်...

လေးစားစွာဖြင့်
bliss of us

Saturday, January 22, 2011

ရွှေနဲ့မြ

ရွှေဆင်းတုရုပ်ပွါးတော်၏ သမိုင်းရာဇဝင်များ ထားရှိရာ ပြခန်း
ရွှေဆင်းတုတော် ထားရှိရာ စံကျောင်းအောက်ထပ်တွင် ဘုရားသမိုင်းကို ကြည့်ရှုလေ့လာလိုသူများအတွက် ဝင်ကြေးမှာ တစ်ဦးလျှင် (100)ဘတ်ပေး၍ ဝင်ရောက်လေ့လာနိုင်ပါသည်။ ပြခန်းတွင် ဘုရားဆင်းတုတော် သွန်းလုပ်ပူဇော်ပုံ၊ ဘုရားပင့်ဆောင်စဉ် ထူးခြားသော အဖြစ်အပျက်များ၊ စသည့်သမိုင်းမှတ်တမ်းများကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဘုရားသမိုင်းကြောင်းကို အခုလို ရုပ်သံဇာတ်လမ်းဖြင့် ဖေါ်ကျူးပြသထားပြန်ပါတယ်။

ထို့အပြင် ပြခန်းတွင် ထိုင်းနိုင်ငံ၏ ခေတ်အဆက်ဆက်မှ ဘုရားပုထိုးစေတီများကိုလည်း အခုလိုမျိုး လေ့လာနိုင်ပါတယ်။ ခေတ်အဆက်ဆက်မှ သမိုင်းကြောင်းများ လက်ရာများကို အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာများနှင့် ရှင်းပြထားတာ တွေ့ရမှာဖြစ်ပါတယ်။

ကြည်ညိုသပ္ပါယ်စွာ ဖူးတွေ့ရသော ရွှေဆင်းတုရုပ်ပွါးတော်

ဘယ်လိုရှုထောင့်ကပဲ ကြည့်ကြည့် အလွန်သပ္ပါယ်လှပါတယ်။

ရွှေအတိဖြင့် သွန်းလုပ်ပူဇော်ထားလို့ “ရွှေဘုရား” ဟူ၍ အလွယ်ခေါ်ကြပါတယ်...
ဝင်ကြေးငွေမှာ (40)ဘတ်ဖြစ်ပါတယ်။

ဒီပိုစ့်လေးမှာ ရေးထားတာလေးကိုလည်း ဖတ်ကြည့်ပေးပါနော်...

မြဘုရား
(အထဲက ရိုက်ခွင့်မပြုလို့ အပြင်က ကင်မရာဖြင့်လှမ်းဆွဲလိုက်ပါတယ်၊
သူများတွေလည်း အခုလိုပဲ လှမ်းရိုက်နေကြပါတယ်။)
မြဘုရားသို့ ဝင်ရောက်ဖူးမျှော်မယ်ဆိုလျှင် ဝင်ကြေးငွေ (350)ဘတ်ဖြင့် မြဘုရားအပြင် နန်းတော်ကိုပါ လေ့လာနိုင်ပါတယ်။ အချိန် သုံးနာရီလောက် ယူကာ လေ့လာသင့်ပါကြောင်း သတင်းစကား လက်ဆင့်ပါးလိုက်ပါရစေနော်။

Golden Mount မှ နွေ၊ မိုး၊ ဆောင်း မြဘုရားသုံးဆူ။

ထိုင်းနိုင်ငံကို ဗုဒ္ဓဘာသာဝင်များ လာရောက်လည်ပတ်ကြရာတွင် မြသားအစစ်ဖြင့် ထုလုပ်ပူဇော်ထားကာ ရွှေနှင့်ခတ်၍ပြုလုပ် ပူဇော်လှူဒါန်းထားသော သင်္ကန်းဖြင့် စံပယ်တော်မူသော မြဘုရားအားသွားရောက် ဖူးမျှော်ကန်တော့ကြလေသည်။ မြတ်စွာဘုရားဆင်းတုတော်ပေါ်တွင် လွှမ်းခြုံပူဇော်ထားသော သင်္ကန်းများသည် နွေတွင် (အလယ်ပုံ)မင်းမြောက်တန်ဆာငါးပါးဖြင့် တစ်မျိုး၊ မိုးတွင် (ဘယ်ပုံ)သင်္ကန်းရုံပုံစံနှင့် တစ်သွယ်၊ ဆောင်းတွင် အနွေးထည် ဝတ်ဆင်တော်မူသကဲ့သို့ တစ်နည်း သင်္ကန်းရုံသော ပုံစံကွဲပြားအောင် ရာသီသုံးမျိုးအတွက် လှူဒါန်းပူဇော်ထားပါသည်။ ထိုင်းလူမျိုးများနှင့် မြန်မာလူမျိုးအချို့တို့သည် နွေ၊မိုး၊ဆောင်းဘုရား ရုပ်ပွါးတော်များ ဝယ်ယူပူဇော်လိုကြပါသည်၊ အကြောင်းရင်းမှာ သုံးရာသီလုံး မြတ်စွာဘုရားကို ပူဇော်ကြည်ညိုရသော ကုသိုလ်ကြောင့် တစ်နှစ်တာပတ်လုံး အိမ်ထောင်ရေး၊ စီးပွါးရေး၊ လူမှုရေး အစစ အဆင်ပြေအောင်မြင်သည်ဟု ယုံကြည်မှုတစ်ခုကြောင့်ဖြစ်ပါသည်။

“ရွှေနဲ့မြ နေနဲ့လ” လို တင့်တယ်ခြင်းများနဲ့ ပြည့်စုံဖို့
တစ်နေ့တည်း ဘုရားနှစ်ဆူဖူးပြီး သံသရာအတွက် ကောင်းမှုကုသိုလ်တွေ စုကြပါစို့နော်။

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower