Wednesday, January 12, 2011

“အန်ကော်ဝပ်နံရံထက်မှ မြန်မာလက်ရေး စာ”

 အန်ကော်ဝပ်ရှိ အလယ်ဗဟိုတွင်မြင်ရသော မြင့်မိုရ်တောင်

အန်ကော်ဝပ်နံရံထက်မှ မြန်မာလက်ရေး စာ

အန်ကောဝပ်တွင်ရှိသော မြန်မာနိုင်ငံသားများ ရေးသားခဲ့သည့် နံရံထက်မှ လက်ရေးစာသည် အန်ကောဝပ်၏အဓိကနေရာရဲ့ ဒုတိယမုဉ်ဦး မြင့်မိုရ်တောင် မြတ်စွာဘုရားရုပ်ပွါးတော်ရှိရာ အဝင်ဝ ညာဘက်တိုင်နံရံမှာဖြစ်ပါတယ်။ အမြင့်ဆုံးလှေကားရှိရာ မြင့်မိုရ်တောင်သို့မတက်ခင် မုဉ်ဦးအဝင်ဝ ညာဘက် တိုင်တွင်ရှိပါကြောင်းကို ကမ်ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ သွားရောက်လေ့လာမည့် မြန်မာခရီးသွားမိတ်ဆွေများအား အသိပေးလမ်းညွှန်လိုက်ပါတယ်နော်။

လေးစားစွာဖြင့်
bliss of us

Wednesday, January 5, 2011

လမ်းညွှန်မယ်နော် ဈေးဝယ်ဖို့...

ဂျပန်မအရုပ်လေးတွေ လိုချင်သူများအတွက်

ထိုင်းနိုင်ငံဆိုရင် ဈေးဝယ်ကောင်းတယ်လို့ မြန်မာအများသိပြီးဖြစ်ပါတယ်၊ ဘယ်နေရာတွေမှာ ဘယ်လိုပစ္စည်းတွေ ဈေးဝယ်လို့ကောင်းတယ်ဆိုတာကိုတော့ သေချာသိသူနည်းလှပါတယ်။ မြန်မာတို့ရဲ့ ထုံးစံအတိုင်း တဆင့်စကားဖြင့် စကား လက်ဆင့်ကမ်းကြသည်ဖြစ်လေရာ မိမိဝယ်ဖူးသော နေရာသည် အလွန် ဈေးသက်သာသည်ဟု ပြောဆိုကာ စေတနာဖြင့် လမ်းညွှန်ကြလေသည်။ ထို့ကြောင့် ဘန်ကောက်က “ပသူနမ်”တွင် ဈေးဝယ်လျှင် ဈေးသက်သာသည်ဟု ပြောစမှတ်တွင်ခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ်။

ဈေးဝယ်မည့် နေရာရွေးချယ်ခြင်း
ပသူနမ်ဟု ခေါ်တွင်သော ထိုနေရာသည် နိုင်ငံခြားသားများအပြင် ထိုင်းနိုင်ငံသားများအတွက် ပါ ဈေးဝယ်ချင်စရာများသော နေရာတစ်ခုတွင် အပါအဝင်ဖြစ်ပါတယ်။ The Platinum Fashion Mall သည်လည်း ပသူနမ် ဧရိယာအတွင်းတွင်တည်ရှိသောကြောင့် ကျားမ လူငယ်များစိတ်ကြိုက်နိုင်သော ဖက်ရှင်ကုန်တိုက်တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းအသစ်များကိုသာ ဦးစားပေးရောင်းချသောကြောင့် ဖက်ရှင်ကုန်တိုက်ဟု ကြေညာထားဟန်တူပါရဲ့။ ထိုင်းကို လာလည်လို့ တခြားနေရာတွေလည်း လည်မယ်၊ အချိန်ကလည်း သိပ်မရဘူးဆိုရင်တော့ ဒီကုန်တိုက်မှာပဲ လူငယ်တွေအတွက် ဈေးဝယ်သင့်ပါကြောင်း လမ်းညွှန်လိုက်ပါတယ်။ ထိုဖက်ရှင်ကုန်တိုက်နှင့် အနီးဆုံးတွင် Pantip Plaza ရှိပါတယ်။ ထိုနေရာတွင် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများ မျိုးစုံရရှိနိုင်လို့ နည်းပညာပိုင်းဆိုင်ရာဖြင့် အသက်မွေးဝမ်းကြောင်းကြသော ကိုကိုမမများ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။


The Platinum Fashion Mall

နေရာသိပြီဆိုတော့ ဈေးဘယ်လိုဝယ်ကြမလဲ...
ဧည့်သည်အဖြစ်နဲ့ လာပြီး ထိုင်းဘာသာပြန်လည်း အတူမပါဘူးဆိုရင်တော့ ဈေးဆစ်ရတာခက်ပါလိမ့်မယ်။ ဖက်ရှင်ကုန်တိုက်မှာ သုံးထည်ဝယ်ရင် ဈေးလျော့ပေးတဲ့စနစ်(လက်လီမှ လက်ကားဈေးသို့)ကို စတင်ကျင့်သုံးပါတယ်၊ အချို့ဈေးသည်တွေက နိုင်ငံခြားသားမှန်းသိရင် How much? ပြောလိုက်တာနဲ့ ဈေးမလျော့ပေးတော့ပါဘူး။ စိတ်ကောင်းတဲ့ ဈေးသည်တွေကတော့ ပုံမှန်ပဲ လျော့ပေးတတ်တာလည်း ရှိပါတယ်။
အခြားကုန်တိုက်တွေကို သွားဖို့ အချိန်ကုန်မယ့်အစား ဒီဖက်ရှင်ကုန်တိုက်မှာပဲ အချိန်များများယူပြီး ဆံဖျားကနေ ခြေဖျားအထိ အလှအပများကို သေချာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ထိုင်ဝမ်နဲ့ ထိုင်းထွက်ကုန်များကိုလည်း သေချာမေးပြီး ဝယ်ယူသင့်ပါတယ်။ ဈေးသည်တွေကလည်း ပွင့်လင်းစွာပြောပြကြပါတယ်။
ပသူနမ်ရှိ ကုန်တိုက်နှင့် လမ်းဘေးဈေးသည်များတွင်ရောင်းသော ကုန်ပစ္စည်းများ ဘာကွာခြားလဲဆိုလျှင်တော့ လမ်းဘေးဈေးဆိုင်လေးများသည် ထိုင်းနိုင်ငံရှိ စက်ချုပ်ရုံများမှ ချုပ်သော အင်္ကျီများ၊ ဖိနပ်များနှင့် လက်ကိုင်အိတ်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းကြတာဖြစ်ပါတယ်။ အရည်အသွေး အာမခံချက်နည်းပါးလွန်းတာမို့ နိုင်ငံရပ်ခြားမှာ တကူးတက လာရောက်ဈေးဝယ်ကြပြီး ဒီနေရာမှာ ဈေးတွေပေါလို့ များများဝယ်သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံရောက်ပြီး သိပ်မကြာခင်မှာ ပျက်စီးကြတာကို တွေ့ရမှာပါ။ အမျိုးအစားကောင်းတာလေးတွေလည်း လိုချင်တယ်၊ ဈေးလည်း သက်သာချင်တယ်ဆိုရင် ပစ္စည်းတစ်ခုတည်းကို မိသားစု၊ သူငယ်ချင်း စတဲ့ အကြိုက်တူသူများညှိနှိုင်းပြီး ဆယ်ထည် သို့မဟုတ် ဒါဇင်ဈေးဖြင့် ဝယ်ယူမည်ဆိုပါက အလွန်ဈေးသက်သာစေပြီး ပစ္စည်းကောင်းလေးကိုလည်း သုံးနိုင်မည်ဖြစ်ကြောင်း သတင်းစကားလက်ဆင့်ကမ်းလိုက်ပါတယ်။

အိမ်ခန်းတွင် အလှဆင် ပန်းအိုးလေးများ

မီးသီးလေးများနဲ့ ပန်းခက်ပုံအလှဆင်ကြမယ်...

MBK မှ အထပ်များစွာတွင် ဈေးဝယ်ကြမယ်...

ထိုင်း-မြန်မာစကားပြန်တော်တော်များများက MBKမှာ ဈေးဝယ်သင့်ကြောင်း ညွှန်းကြပြန်တယ်။ စကားပြန်ပါရင်တော့ ဈေးဆစ်တာ၊ ပစ္စည်းရွေးနိုင်တာ၊ ပစ္စည်း စစ်မစစ်က အစ ဂျီးများနိုင်ပါတယ်။ ရေမွှေးများ၊ အလှကုန်ပစ္စည်းများ၊ အထည်အလိပ်များ၊ ထိုင်းရိုးရာအမှတ်တယပစ္စည်းများ၊ လက်ကိုင်ဖုန်းများ၊ နာရီအမျိုးမျိုးအပြင် လူ့အသုံးအဆောင်ပစ္စည်းများစွာကို ဝယ်သူ စိတ်ကြိုက်စကားပြန်များက လိုက်လံဝယ်ယူပေးနိုင်တဲ့နေရာဖြစ်ပါတယ်။

The Mall, SiLom Central များကတော့ ထိုင်းနိုင်ငံအနေနဲ့ဆိုရင် သူဋ္ဌေး သူကြွယ်များနဲ့ ပညာရှင်များ ဈေးဝယ်သောနေရာများလို့ ဆိုကြတယ်။ ထိုနေရာများမှ ပစ္စည်းများနှင့် The Platinum Fashion Mall တွင် ရှိသော ပစ္စည်းများသည် အတူတူဖြစ်ကြသော်လည်း နေရာအနေအထား ထုပ်ပိုးမှုစနစ်များကြောင့် ဈေးကွာခြားနေတာဖြစ်ပါတယ်။ လက်ဆောင်ပေးရာတွင် The Mall, Central တို့မှ ဝယ်ပေးသော လက်ဆောင်ကို ပေးလျှင် ပေးသူလည်း မျက်နှာရ၊ အပေးခံရသူလည်း ဝမ်းသာဖြစ်တတ်ကြသေးတယ်။ ဒါကြောင့် မိမိနှစ်သက်သော နေရာများတွင် ပစ္စည်းများကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

MBK မှ မြန်မာစကားဖြင့် ဈေးဝယ်နိုင်ပါတယ်လို့ ပြောတဲ့ မြန်မာဈေးဆိုင်ရှင်

ပုဝါနဲ့ ပိုးထည်များ

Big C တွင် တွေ့ရသော လက်ဆောင်ခြင်းများ အကြိုက်ရွေးလို့ လက်ဆောင်ပေးကြတယ်။

Tesco Lotus နှင့် Big C များတွင်တော့ အဝတ်အထည် လူသုံးကုန်မျိုးစုံတို့ကို ထိုင်းနိုင်ငံ၏ လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများ ဈေးဝယ်အများဆုံးနေရာဖြစ်ပါတယ်။

ဒီလိုလေးလဲ ဈေးရောင်းထွက်ကြတယ်နော်

ဝန်ထမ်းအိမ်ယာများနှင့် ကျောင်းသားများ၏ အဆောင်များရှိရာ လမ်းများတွင် ယခုလို ကားဖြင့် မီးဖိုချောင်သုံး အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ရောင်းချပေးသော ဈေးကားကိုလည်း ဗဟုသုတဖြစ်စေရန် မျှဝေလိုက်ပါတယ်နော်။

ထို့ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လာရောက်လည်ပတ်သော ဧည့်သည်များအနေဖြင့် အချိန်ကုန် လူပင်ပန်းသက်သာစေရန် မိမိတို့ ဝယ်လိုသော ပစ္စည်းများကို စကားပြန်သို့ ကြိုတင်ပြောခြင်းဖြင့်လည်းကောင်း၊ bliss of us အဖွဲ့သို့ ဆက်သွယ်၍လည်းကောင်း မေးမြန်းနိုင်ပါကြောင်း ကြိုတင်အသိပေးလိုက်ပါရစေနော်။

ထိုင်းနိုင်ငံမှာ ဈေးဝယ်ပြီး မြန်မာနိုင်ငံမှာ ပြန်လည်ရောင်းဖို့အတွက် ဈေးဝယ်လမ်းညွှန်ကိုလည်း ရေးဖို့ ကြိုးစားပါအုံးမည်။

(အဖွဲ့မှ ကြိုးစားပြီး လမ်းညွှန်ပေးခြင်းများ အပေါ်တွင် လိုအပ်ချက်များလည်း ရှိနိုင်ပါသေးတယ်၊ လူအများ အကျိုးရှိဖို့အတွက် လမ်းညွှန်ပေးလိုပါက စာဖတ်သူအနေဖြင့် ကျေးဇူးပြု၍ comment ပေးပြီး ကူညီလမ်းညွှန်ပေးပါရန် တောင်းပန်ပါရစေနော်။)

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower