Sunday, April 29, 2012

“လူငယ်များအတွက် ပတ္တရားမြို့”

ပတ္တရားမြို့နဲ့ ပတ္တရားကမ်းခြေကို လူငယ်အများစု အပန်းဖြေဖို့ အသွားများကြပါတယ်။ အပန်းဖြေစရာမြို့ဆိုရင်လည်း မမှားဘူး။ အပန်းဖြေစရာ အမယ်စုံလင်လှပါတယ်။ ဘန်ကောက်မြို့ကနေ အရှေ့ဘက်ကို ကားမောင်းသွားမယ်ဆိုရင် (၂)နာရီခန့်သာ ကြာတာကြောင့် သွားလာရေး အဆင်ပြေပါတယ်။ အများအားဖြင့်တော့ ပတ္တရားဆိုရုံမျှနဲ့ ကမ်းခြေကိုသာ သွားကြပါတယ်၊ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တရားမှာ ကမ်းခြေအပြင် အခြားလည်စရာ အပန်းဖြေစရာ နေရာတွေလည်း ရှိသေးတာပေါ့။

 Big Buddha Hill
ဘုရားခြေတော်ရာ ရှိပါတယ်။ 

 တရုတ်ဘုံကျောင်း
ဘုရားပေါ်တက်ရင်သာ ဖိနပ်ချွတ်ဖို့ သေချာမပြောတာ၊ 
ဘုံကျောင်းထဲ အဝင်မှာ ဖိနပ်ချွတ်ဖို့ သေချာပြောတယ်ဗျနော်။ 
ဘုံကျောင်းကနေ ရှေ့ဆက်မယ်ဆိုရင် လေဆာပစ်ခွင်းရေးဆွဲထားတဲ့ ဘုရားကို သွားကြမယ်။

ကျောက်သားနံရံကြီးပေါ်က ရွှေဆေးရေးချယ်ထားတဲ့ ဗုဒ္ဓရုပ်ပုံလွှာ

နောင်နွတ်ပန်းခြံ
ဝင်ကြေးမှာ ဘတ်ငါးရာ

ပတ္တရားကမ်းခြေ view point ကနေ ရှုမျှော်ကြည့်လိုက်ရင်...

သန္တာကျောက်တန်းဆီကို သင်္ဘောကြီးနဲ့ သွားမယ်ဆိုရင်...

 speed boat လေးတွေနဲ့ သန္တာကျောက်တန်းကမ်းခြေကို ကူးကြမယ်ဆိုရင်...

ပင်လယ်ပြင်မှာ balloon စီးကြမယ်ဆိုရင်
တစ်ယောက်မှ ဘတ်ငါးရာ ....း)

သန္တာကျောက်တန်းကမ်းခြေမှာ အပန်းဖြေမယ်ဆိုရင်...

အလှမယ်လေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြမယ်ဆိုရင်...

ညပိုင်းမှာ တင်ဆက်ပြသတဲ့ ပွဲမို့ ညည့်နက်မှ ပြန်မယ့်သူတွေအတွက် အဆင်ပြေပါတယ်။ ဟိုတယ်ခ မကုန်ချင်ရင်တော့ ညတွင်းချင်းပြန်ရင် ဘန်ကောက်ကို မိုးလင်းခါနီးရောက်မှာပေါ့။ ညအိပ်ပြီး ကမ်းခြေနောက်တစ်ရက် လည်ချင်သေးတယ်ဆိုရင်တော့ ပွဲကြည့်တဲ့ည ပတ္တရားမှာ ညအိပ်ရမှာဖြစ်ပါတယ်။ ပတ္တရားတစ်ခွင် စုံစုံလင်လင် တင်ဆက်ပေးလိုက်ပါတယ်။ 
ပျှော်ရွှင်ချမ်းမြေ့ကြပါစေ...

လေးစားစွာဖြင့်
bliss of us

Monday, April 23, 2012

“ပန်းတွေနဲ့ဝေ”

ပန်းကလေးတွေက လှတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ ဒီဇိုင်းလှလှ ဆင်ထားပါတယ်

အရုပ်လေးလည်း ပါသေးသဗျ...

ဘယ်လိုကြည့်ကြည့် “ရှုမဆုံးတော့သည်”...

ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ဖို့


ဒီဇိုင်းစိတ်ကူးလေး ကောင်းလိုက်တာ

ထားဝယ်မှိုင်းပန်းလေးတွေ....၊ ပန်းရနံ့လေး မွှေးမွှေးးးး


သဘာဝနဲ့ နည်းပညာ ပေါင်းစပ်လိုက်တော့ ချမ်းမြေ့လိုက်တာ

ခြံထဲက လမ်းလေး

အလှဆင်ထားတဲ့ ပန်းရုံလေးတစ်ခု

ဘဝအဖေါ်မွန်တွေနဲ့ အတူ

သစ်ပင်ကြီးတွေမှာ သစ်ခွကပ်စိုက်ထားတာလေးတွေ
ဘန်ကောက်မှာလည်း နေရာအတော်များများ အလှဆင်ထားတာ တွေ့ဖူးကြမှာပါ။

ထိုင်းနိုင်ငံတောင်ပိုင်းက ပတ္တရားမှာလည်း ပန်းခြံကြီးတစ်ခုရှိပါတယ်။ ပတ္တရားမြို့က ပန်းခြံထက် ပိုကျယ်ပြီး အမျိုးအစားပိုစုံတဲ့  မြောက်ပိုင်း ချင်းမိုင်မြို့က ပန်းခြံကို အနယ်နယ်အရပ်ရပ်က ထိုင်းလူမျိုးတွေတင်မကပဲ နိုင်ငံခြားသားများပါ စိတ်ဝင်စားကြတယ်။ ချင်းမိုင်မြို့က ရာသီဥတုကလည်း ပန်းတို့အကြိုက်ဖြစ်လေတော့ ပိုလှနေကြတာပေါ့။ ပန်းချစ်သူများအတွက် ပန်းခြံထဲမှာ တစ်နေ့တာလုံးနေရမယ်ဆိုရင် အချိန်တွေ ဘယ်လိုကုန်မှန်းမသိဖြစ်ကြမှာ ဧကန်ပါပဲ။ ချင်းမိုင်မြို့ကို ရောက်ခဲ့မယ်ဆိုရင် ပန်းခြံကြီးထဲကို သွားဖို့ မမေ့နဲ့အုံးနော်........

လေးစားစွာဖြင့်
bliss of us

Tuesday, April 10, 2012

နှစ်သစ်ကူး ပိတ်ရက်တွေမှာ အပန်းဖြေဖို့ နေရာတွေ...။

နှစ်သစ်ကူး ပိတ်ရက်တွေမှာ အပန်းဖြေဖို့ နေရာလေးတွေရှိပါတယ်။ ထိုင်းနိုင်ငံမှာ အများသွားနေကြနေရာတွေပဲ သွားနေရတာ ငြီးငွေ့နေပြီဆိုရင် ဒီနေရာလေးတွေကို သွားသင့်ပါတယ်။ သဘာဝအတိုင်း လှပနေတဲ့ နေရာလေးတွေနဲ့ အပန်းဖြေစခန်းတွေမှာ ထူးဆန်းတဲ့ ပြကွက်လေးတွေ လုပ်ပေးထားတာ စိတ်ဝင်စားစရာပါ။ ဥပမာ - အပန်းဖြေနေရာတိုင်းလိုလိုမှာ ကျား၊ ဆင်၊ မိကျောင်းတွေနဲ့  တင်ဆက်တဲ့ ပွဲတွေကို တွေ့ရမှာဖြစ်ပါတယ်။ တကယ့်ကျားမွေးစခန်း အစစ်က ကချနဘူရီမှာရှိတာပါ။ ဆင်ဆိုရင်လည်း ဆင်နဲ့ ပတ်သက်ပြီး အဓိက မွေးမြူလေ့ကျင့်ရာ ဘေးမဲ့ဆင်စခန်းက ထိုင်းမြောက်ပိုင်းက မဲတံဆင်စခန်းဖြစ်ပါတယ်။ မိကျောင်းမွေးမြူရေး အဓိက နေရာကတော့ ဘန်ကောက်မြို့ရဲ့ အရှေ့ဘက်မှာ ရှိတာမို့ တကယ့်မွေးမြူရေးစခန်းတွေကို သွားရောက်လေ့လာရတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခြားသော ပြကွက်တွေ တိစ္ဆာန်ငယ်လေးတွေကိုပါ တွေ့မြင်နိုင်တာကြောင့် ကလေးတွေအတွက်လည်း ပျော်စရာပေါ့။ ဒီလိုပဲ ရေတံခွန်အတုတွေလည်း ပြုလုပ်ထားကြတာမို့ ရေတံခွန်ဆိုရင် ရေတံခွန် အစစ်လား အတုလား မေးကြည့်ရသေးတယ်။ အခု လမ်းညွှန်မယ့် နေရာလေးကတော့ ဘုရားပုထိုးစေတီတွေလည်း ဖူးမျှော်နိုင်၊ ရေတံခွန်မှာလည်း အပန်းဖြေနိုင်၊ စပျစ်ဝိုင်စိုက်ခင်းတွေဆီလည်း သွားလေ့လာနိုင်ပြီး၊ အထူးခြားဆုံးနဲ့ ကျော်ကြားတဲ့ နေရာလေးတစ်ခုကတော့ အီတလီကျေးရွာငယ်ပုံစံ အပန်းဖြေစခန်းတစ်ခုပဲဖြစ်ပါတယ်။

ရှုခင်းတွေ လှမလှ ကြည့်ပေးပါအုံးနော်........။

ရောက်တုန်းက ကင်မရာ setting ကို သတိမထားလိုက်မိလို့ 
ပုံတွေ သိပ်မလှဘူးဖြစ်နေပါတယ်၊ ကောင်းတဲ့ပုံတချို့ကို ရွေးချယ်ပြီး ပိုစ့်တင်ပေးလိုက်ပါတယ်နော်။

ဒီပုံနှစ်ပုံကတော့ လှလို့ ဂူဂလ်က အကူအညီယူလိုက်ရတာပါ။

 အိမ်လေးတွေကြား ဒီလိုလေးတွေ အမှတ်တရ ဓာတ်ပုံရိုက်ကြပါတယ် :)

 ပုံလေးတွေ သည်းခံပြီး ကြည့်ပေးလို့ ကျေးဇူးတင်ပါတယ် :)

လမ်းကျဉ်းကျဉ်းလေးတွေကြားမှာ အလည်လာသူတွေကို ဈေးရောင်းနေကြပါတယ်။
တစ်ဘက်မှာလည်း တောင်တန်းများနဲ့ သိပ်လှနေတာပေါ့။ 
တောင်တွေနား နီးနီး အိမ်လေးဆောက်ပြီးနေရရင် ရှုခင်းတွေ သိပ်လှနေမှာနော်။

အစားအသောက်ဆိုင်တွေလည်း ရှိပါတယ်၊ ဓာတ်ပုံအလှ အမှတ်တရရိုက်ကြရင်း အပန်းဖြေနိုင်တာပေါ့။ 
သွားနေကြ နေရာတွေထက် ဒီနေရာလေးက မိတ်ဆွေကို ဘဝအမောတွေ အတန်ငယ်တော့ ပြေပျောက်စေနိုင်ပါလိမ့်မယ်...။

MuakLek ရေတံခွန် အပန်းဖြေစခန်း

 ပျော်ရွှင်စွာ ရေဆော့ကစားနေသူတွေ

သဘာဝပတ်ဝန်းကျင်အလှတွေကို တဝကြီး ခံစားနိုင်ဖို့ ...သွားကြစို့လေ မိတ်ဆွေတို့ရေ။

စပျစ်ဝိုင်ခြံလေးပေါ့...

စိုက်ခင်းတွေဆီ အလည်သွားတဲ့အခါ ...

ဝိုင်တွေကို သိုလှောင်ထားတဲ့ နေရာရှေ့မှာ
စပျစ်ဝိုင်ထုတ်လုပ်မှုကို နမူနာ ပြသဖို့အတွက် နေရာလည်းဖြစ်ပြီး ဝိုင်တွေကိုလည်း သိုလှောင်ထားပါတယ်။

 အခုပိုစ့်လေးဖြစ်ပေါ်လာအောင် အကူအညီအဓိကပေးသူ တီချမ်းတို့နှစ်ယောက်ကို အထူးကျေးဇူးတင်ပါကြောင်း ဒီနေရာလေးက ပြောပါရစေနော်။
တီချမ်းကိုယ်တိုင် စပျစ်ဝိုင်နဲ့ ပတ်သက်ပြီး ပိုစ့်သီခြားရေးပါလိမ့်မယ်။ သူရေးတဲ့အခါမှ စောင့်ဖတ်ကြတာပေါ့နော် :)

“နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ”

လေးစားစွာဖြင့်
bliss of us

Friday, April 6, 2012

ဝပ်ဖို

ဘန်ကောက်မြို့တော်ကို ရောက်ခဲ့ပြီဆိုရင် ဗုဒ္ဓဘာသာအများစုအနေနဲ့ ပထမဦးစွာ မြဘုရားကို မဖြစ်မနေသွားကြပါတယ်။ မြဘုရားနဲ့ အနီးဆုံးဖြစ်တဲ့ ဒုတိယအနေနဲ့ ဝပ်ဖို အမည်ရတဲ့ လျောင်းတော်မူရုပ်ပွါးတော်မြတ်ကြီး ဘုရားဖူးခရီးစဉ်တွေထဲမှာ  ထည့်ဆွဲကြပါတယ်။ ဘန်ကောက်မြို့တွင်း ဘုရားဖူးခရီးစဉ်တစ်နေ့လုံးယူထားမယ်ဆိုရင် ဒီနေရာကို မဖြစ်မနေရောက်မှာ သေချာတာပေါ့။ မြဘုရားသွားပြီးတာနဲ့ ဗိုက်ဆာလို့ ထမင်းဆိုင်ရောက်သွားရင်တော့ ဒီနေရာကို ရောက်ဖို့မလွယ်တော့ဘူး။ မြဘုရားကို စောစောသွားပြီး ထမင်းမဆာခင် ဝပ်ဖိုလျောင်းတော်မူရုပ်ပွါးတော်မြတ်ကို ဝင်ဖူးလိုက်တာ လမ်းကြောသင့်တာပေါ့နော်။ အရင်တုန်းက ဝင်ကြေးက ဘတ်(၅၀)၊ အခုနှစ်စကတည်းက ဘတ်(၁၀၀) ဈေးတက်သွားပါပြီ။ 

ရုပ်ပွါးတော်ရဲ့ အနောက်မြင်ကွင်း

နေရာလေးက ကျဉ်းကျဉ်းကြပ်ကြပ်မို့ အဆင်ပြေသလိုပဲ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်

ဘုရားပရဝဏ်အတွင်းမှာ တွေ့ရတဲ့ စေတီတော်များ

ဘုရားသမိုင်းကို လေ့လာချင်ရင်တော့ အောက်ပါလင့်ကိုသာ နှိပ်ပြီး လေ့လာနိုင်ကြပါတယ်။

ဘုရားဝင်းအတွင်းမှာ  စေတီတော်များကို အခုလို ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်ပါတယ်။

နံရံမှာ ရေးဆွဲထားတဲ့ ဆေးရေးပန်းချီများနဲ့ ပြတင်းပေါက်တစ်ခု

ထိုင်းရောက်တဲ့အခါ ဘုရားတွေ သွားဖူးတာ ကုသိုလ်ရရုံတင် ဘယ်ကမလဲ၊ မြန်မာနဲ့ ထိုင်း ဘာသာရေး ဝါဒချင်းတူတယ်၊ ရုပ်ပွါးတော်များ ထုလုပ်ပုံတွေ ဘယ်လိုခြားနားသလဲ ဘယ်နေရာတွေတူသလဲ ဘယ်လိုအယူအဆနဲ့ ထုလုပ် ပူဇော်ထားကြတယ်ဆိုတာ လေ့လာနိုင်ဖို့ပါ။

ရှေးဟောင်းအမွေအနှစ်တွေဆိုတာ သမိုင်းတွေကို သက်သေပြနေကြပါတယ်။ 

စေတီပုထိုးများကို ထုလုပ်လှူဒါန်းသူရဲ့ ရည်ရွယ်ချက်၊ 
ထုဆစ်တဲ့ ပန်းပုဆရာများရဲ့ လက်ရာ အနုပညာများက
 ခေတ်နဲ့ စနစ်ကို ပြောပြနေကြပါတယ်။

တန်ခူးလပြည့်နေ့မှာ bliss of us အဖွဲ့မှ အွန်လိုင်းမိတ်ဆွေများကို ဘုရားဖူးပို့လိုက်ပါတယ်နော်။ 

“ရွှင်လန်းချမ်းမြေ့ကြပါစေ”
bliss of us

Wednesday, April 4, 2012

တခါတုန်းက ဇင်းမယ်မြို့

ထိုင်းမြောက်ပိုင်း၏ မြို့တော် ချင်းမိုင် 
အပိုင်း (၆) 
စိမ်းစိုတဲ့ သီးနှံစိုက်ခင်းတွေကြား လာရောက်ကြည့်ရှုသူတွေ ပျော်ရွှင်နေကြပါတယ်

လင့်စင်ထိုးပြီး အနွယ်တက်ပြီး သီးတဲ့ အသီးတွေကို အတူတကွ စိုက်ပျိုးထားတဲ့
 ပြကွက်လေးက ကြည်နူးစရာ၊ စိတ်ဝင်စားစရာပေါ့

အစိမ်းစား သခွါး၊ အသီးအမှည့်ကို စားရတဲ့ သခွါး၊ ပဲလင်းမွေသီး(ဘုံလုံသီး)၊ ကြက်ဟင်းခါးသီး၊ ကျောက်ဖရုံသီး

 ကိုယ်စားနေကျ အသီးအနှံတွေကို အပင်မှာ တွေ့ရတာ စိတ်ထဲတော့ တမျိုးလေးပေါ့

အညှာလေးတွေက ဆတ်တော့ အခုလို စောင့်ရှောက်ထားပုံရပါတယ်

ထိုင်းနိုင်ငံမှာ အလည်သွားစရာတွေထဲ မြောက်ပိုင်းက ဇင်းမယ်မြို့ (ရှေးယခင်က ဇင်းမယ်လို့ သုံးခဲ့ကြပါသေးတယ်) ချင်းမိုင်မြို့က အထင်ကရတစ်ခုထဲမှာ ပါဝင်ပါတယ်။ နိုင်ငံတကာလေဆိပ်တစ်ခုလည်းရှိတယ်၊  တောင်ပေါ်မြို့လေးလည်းဖြစ်ပါတယ်။ မြန်မာမင်းတွေ နှစ်နဲ့ ချီပြီး နန်းစိုက်စိုးစံခဲ့ရာ မြို့လည်းဖြစ်ပြန်ပါတယ်။ တောင်ပိုင်းက ယဉ်ကျေးမှုနဲ့ အနည်းငယ် ကွာဟပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာတွေ အခုချိန်ထိ ရှိနေတဲ့အတွက်ကြောင့်လည်း နိုင်ငံခြားသားများအလည်အပတ် အသွားများကြပါတယ်။

ဘန်ကောက်မြို့မှ ချင်းမိုင်မြို့ကို အလည်သွားမယ်ဆိုရင် Express ကားကောင်း ကားသန့်တွေနဲ့ စိတ်ချလုံခြုံစွာ သွားနိုင်သလို၊  ကိုယ်ပိုင်ကားငှားသွားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဧည့်သည်များအနေနဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေနဲ့လည်း သွားနိုင်ပြီး ဈေးနှုန်းအမျိုးမျိုးပေါ်မူတည်ပြီး လူသက်သာတာကိုလည်း ရွေးချယ်ကြပါသေးတယ်။ ကိုယ်ပိုင်ကားကို ဘန်ကောက်မြို့ကနေ ငှားသွားမယ်ဆိုရင်တော့ အသွားအပြန် လမ်းတလျှောက်က မြို့တွေကို ဝင်ရောက်လည်ပတ်နိုင်တာပေါ့။ နဲနဲချွေတာပြီး Express ကားနဲ့ သွားပြီး ချင်းမိုင်မြို့မှာ ကားငှားလည်မယ်ဆိုရင်လည်း ရပါတယ်။ ကားကြာကြာမစီးနိုင်သူတွေအတွက်တော့ လေယာဉ်နဲ့ သွားကြပြီး ချင်းမိုင်ရောက်မှ ကားငှားလည်ပတ်ကြပါတယ်။ ကားငှားခတွေကတော့ ဈေးအမျိုးမျိုးရှိကြပါတယ်။ (၁,၈၀၀)ဘတ်နဲ့ ဆီထည့်ပေးရတဲ့ ကားဆို ခုနှစ်ယောက်လောက်စီးလို့ရပါတယ်။ ကားအသစ်ကိုမှ စီးချင်တယ်ဆိုရင်တော့ (၂,၂၀၀)ဘတ်နဲ့ ဆီထည့်ပေးရပါတယ်။ သွားလိုတဲ့နေရာတွေကို ကိုယ်အဆင်ပြေသလို ဈေးညှိနှိုင်းပြီး သွားကြတာများပါတယ်။

ချင်းမိုင်မှာ ဘာနေရာတွေ သွားလည်နိုင်မလဲဆိုတော့ ပန်းခြံတွေ ရေတံခွန်တွေ၊ ဆောင်းတွင်းဆိုရင် နှင်းကြည့်တဲ့ တောင်၊ ရိုးရာအဝတ်အထည်တွေ ဝယ်ယူနိုင်ပြီး၊ တောင်ပေါ်ဘုရားများကို သွားရောက်ဖူးမျှော်နိုင်တာပေါ့။ မြန်မာတွေအတွက်တော့ မြန်မာမင်းတွေ အုပ်စိုးစဉ်က အငွေ့အသက်လေးတွေ ကျန်ခဲ့သေးတော့ ဒါလေးတွေလည်း လေ့လာနိုင်ပါတယ်။ ဘန်ကောက်မြို့လို ရာသီဥတု မပူတဲ့အတွက် တောရိပ် တောင်ရိပ်နဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး တခါတုန်းက ဇင်းမယ်မြို့လေးမှာ ယဉ်ကျေးမှုရိုးရာတွေကို လေ့လာနိုင်လို့ နိုင်ငံခြားသားတွေ  အကြိုက်တွေ့စေတဲ့ မြို့တစ်ခုလည်းဖြစ်ပါကြောင်း။

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower