Wednesday, February 29, 2012

ဒုတိယအိမ်တွင် နေထိုင်ခွင့်

မြန်မာတို့ရဲ့ ဒုတိယအိမ်ဖြစ်စေသော ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး နည်းလမ်းအသွယ်သွယ်ရှိကြရာ မြန်မာတို့နဲ့ အသင့်တော်ဆုံးသော နေထိုင်ခွင့်ပြုလုပ်ပုံကို ဗီဇာနဲ့ ပတ်သက်တဲ့ post update လည်းဖြစ်အောင် ရေးသားလိုက်ပါတယ်။ မြန်မာတို့အနေနဲ့ ဒုတိယအိမ်မှာ အခြေချ မနေထိုင်သေးခင် ခေတ္တခဏ လာရောက်ရင်း ကုန်သွယ်စီးပွါးရေးကိစ္စများအတွက် ချိတ်ဆက်ကြအခါမှာ ရက်ရှည်နေထိုင်ဖို့အတွက် နှစ်ရှည်နေထိုင်ခွင့် လိုအပ်လာပါတယ်။ ကိုယ့်မိခင်နိုင်ငံမှ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါ မြန်မာတို့ရဲ့ ဒုတိယအိမ်မှာ ခေတ္တနားခိုပြီး  အခု ကျောင်းဗီဇာတစ်နှစ်ယူထားခြင်းက မြန်မာတို့ စိတ်ဝင်စားလာကြပါတယ်။ bliss of us အဖွဲ့ကို ထိုင်းနိုင်ငံတွင်းနေထိုင်ခွင့်နဲ့ ပတ်သက်ပြီး အမြဲဖြေပေးနေရတာကြောင့် မြန်မာတို့အတွက် အသုံးဝင်မယ်လို့လည်း ထင်ပါတယ်။

ထိုင်းနိုင်ငံမှာ ဗီဇာနဲ့ ပတ်သက်ပြီး နေထိုင်ခွင့်တွေအမျိုးမျိုးရှိကြရာမှာ မြန်မာအများစုနှစ်သက်တာကတော့ ကျောင်းဗီဇာ
ဖြစ်ပါတယ်။  ကျောင်းဗီဇာမှာလည်း အမျိုးမျိုးရှိကြပါတယ်။ အခု ပြောပြမယ့် ကျောင်းဗီဇာနေထိုင်ခွင့်ဆိုတာ လူဝင်မှုကြီးကြပ်ရေးရုံးကို သွားပြီး သုံးလတစ်ခါ ဗီဇာတိုးနေဖို့မလိုပါပဲ တစ်နှစ်ဗီဇာရမှာဖြစ်ပါတယ်။ အခြားသော ကျောင်းဗီဇာတွေက မူလကျောင်းအပ်ခအပြင် သုံးလတစ်ခါ ဗီဇာတိုးတိုင်း ဘတ်ငွေ (၁,၉၀၀) သွင်းနေရတော့ ဒီလိုဗီဇာမျိုးကိုလည်း ဈေးနည်းပေမယ့် မရွေးချယ်သင့်ဘူးနော်။ အခုနေထိုင်ခွင့်က ပိုက်ဆံကုန်လည်း သက်သာ၊ တစ်နှစ်ဗီဇာလည်းရတဲ့အပြင် အခြားနိုင်ငံတွေ ကူးတဲ့ခါမှာလည်း စစ်ဆေးမေးမြန်းတာတွေ မရှိတာကြောင့် အခြားနိုင်ငံများကို သွားပြန်ပြုလုပ်နေရတဲ့ မြန်မာများအတွက် အဆင်ပြေစေပါတယ်။ ပထမဆုံး ဗီဇာစလျှောက်တဲ့အခါ အခြားနိုင်ငံတစ်ခုကို သွားပြီး (တိုင်ပတ်ပြီး) ဧည့်ဗီဇာမှ တစ်နှစ်ဗီဇာတုံးပြောင်းထုစရာမလိုတာကြောင့် နောက်တစ်နိုင်ငံထပ်ထွက်ရအုံးမယ်ဆိုတဲ့ အလုပ်ပိုတွေလည်း လျော့သွားစေပါတယ်။ ထို့အတွက် အမျိုးသမီးတွေအတွက် အထူးသင့်လျော်ပါတယ်။ ခုနောက်ပိုင်းမှာ တိုင်ပတ်တယ်လို့ မသင်္ကာဖြစ်ရင် ကိုယ့်စာအုပ်နောက်ပိုင်းမှာ ထိုင်းသံရုံးတွေက အနီတုံးထုပေးလိုက်ပါပြီ။ ဒါကြောင့် အနီတုံးအထုခံလိုက်ရရင် ကိုယ့်စာအုပ်အတွက် မျက်နှာမလှတော့ဘူးပေါ့။ အခြားသံရုံးတွေ သွားပြီး ဗီဇာဝင်မယ်ဆိုရင်လည်း ဒီအနီတုံး ဘာကြောင့် ထုခံရတယ်ဆိုတာ သင်္ကာမကင်းကြပြန်ဘူး။ ခုလိုအဆင်မပြေမှုတွေ မကြုံတွေ့ရအောင် နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာတို့အတွက် ရွေးချယ်စရာနည်းလမ်းတွေ ကြိုတင်သိထားမယ်ဆိုရင် အချိန်နဲ့ ငွေကုန်သက်သာစေမယ်မဟုတ်လားနော်။


ဒါဆို မြန်မာများအတွက် ဒုတိယအိမ်မှာ နေထိုင်ခွင့်အတွက် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာလေး လေ့လာကြည့်ရအောင်...

ပထမဆုံးကျောင်းစအပ်တော့မယ်ဆိုရင်
  • မြန်မာ passport စာအုပ်ကိုင်ဆောင်ထားသော မြန်မာတစ်ဦးအနေနဲ့ ထိုင်းနိုင်ငံတွင်းသို့ ရောက်လာပြီးမှသာ ဒုတိယအိမ်တွင် နေထိုင်ခွင့်လျှောက်ထားရမှာ ဖြစ်ပါတယ်။
  • passport စာအုပ်မှာ ထိုင်းဗီဇာတစ်ခုခုရထားသူတိုင်း (working 22-days ) တစ်လကျန်ရပါမယ်။ မကျန်ခဲ့ရင်တော့ တစ်လဘောင်ဝင်အောင် အမြန်ကြေးထပ်ဆောင်းပေးသွင်းရပါမယ်။
  • တစ်နှစ်ဗီဇာအတွက် ကျောင်းလခမှာ ဘတ်ငွေ (၂၂,၀၀၀)
  • ဧည့်ဗီဇာမှ ကျောင်းသားဗီဇာကို ပြောင်းရခြင်းအတွက် ဘတ်ငွေ (၇,၀၀၀
  • နောက်ခံအဖြူရောင်နဲ့ ရိုက်ထားသော ဓာတ်ပုံ (၇)ပုံ
  • ပတ်စ်ပိုစ့် မိတ္တူ နှစ်စုံ(ပတ်စ်ပိုစ့်စာအုပ်တွင် စာပါသော စာမျက်နှာများအားလုံး)
အသေးစိတ် မေးလိုတယ်ဆိုရင် blissofus@gmail.com ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
    အခုလိုကျောင်းအပ်ပြီးသွားပြီး ပထမဆုံး ကျောင်းအပ်သူများအနေနဲ့ ပထမ သုံးလရရှိပြီး သုံးလပြည့်တဲ့အခါ ရုံးက တစ်နှစ်တာနေထိုင်ခွင့်ကို မိမိစာအုပ်မှာ တုံးထုပေးတော့မယ်ဆိုရင် နောက်ဆုံး ဘတ်ငွေ (၁,၉၀၀)ပေးသွင်းပြီး နေထိုင်ခွင့် ရသွားပါပြီ။ နောင်လာမယ့်နှစ်များမှာ တစ်နှစ်တိုးတော့မယ်ဆိုရင်တော့ တုံးပြောင်းလဲခ ဘတ်ငွေ ခုနှစ်ထောင်ထပ်မံသွင်းရန် မလိုတော့ပဲ တိုးမယ့်နှစ်ရဲ့ ကျောင်းအပ်ငွေသာ ပေးသွင်းပြီး တစ်နှစ်ဗီဇာရနိုင်ပါတယ်။ ကျောင်းလခကတော့ ကျောင်းအပ်ချိန်ပေါ်မူတည်သောကြောင့် အပြောင်းအလဲရှိတတ်ပါတယ်။ ကြိုတင်ဆက်သွယ်ပြီး မေးထားမယ်ဆိုရင် ပိုကောင်းပါတယ်။

    အခြားသိထားသင့်တာလေးတွေကတော့...
    ထိုင်းမှာ နေထိုင်ခွင့် တစ်နှစ်ရစဉ်အတွင်း re-entry ယူပြီး အခြားနိုင်ငံကိုလည်း ခွင့်ပြုတဲ့ အချိန်ကာလအတွင်း သွားရောက်နိုင်ပါသေးတယ်။ မြန်မာ passport မဟုတ်ပဲ အခြားနိုင်ငံသားများအတွက်ကတော့ ကျောင်းအပ်ခငွေ ပိုပေးရပါတယ်။ တစ်နှစ်ဗီဇာယူလိုတဲ့ မြန်မာတို့ကို BOU အဖွဲ့မှ ကျောင်းသို့ တိုက်ရိုက်ဆက်သွယ်ပေးခြင်းဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။


    နေထိုင်ခွင့် တစ်လတိုးခြင်း
    မြန်မာနိုင်ငံသားများအနေနှင့် ထိုင်းနိုင်ငံတွင်း အလည်ဗီဇာနှင့် လာရောက်ပြီး တစ်ပတ်အတွင်း (ရောက်ရောက်ခြင်း)တစ်လ နေထိုင်ခွင့်တိုးတဲ့အခါ လူဝင်မှုကြီးကြပ်ရေးရုံးမှ ခွင့်မပြုတတ်ပါ။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် နေထိုင်သူ ထိုင်း သို့မဟုတ် ထိုင်းစကားပြောနိုင်သော မြန်မာတစ်ဦးမှ လူဝင်မှုကြီးကြပ်ရေးရုံးသို့ လူကိုယ်တိုင်လိုက်ပါပြီး တစ်လတိုးခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက်၊ နေထိုင်သော လိပ်စာနဲ့ ဖုန်းနံပါတ်များကို ပြောနိုင်ရပါမယ်။

    အလည်ဗီဇာနဲ့ လာပြီး၂-လကုန်ခါနီးမှ တစ်လထပ်တိုးမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါကြောင်း မြန်မာနိုင်ငံသားတို့အတွက် ဒုတိယအိမ်နဲ့ ပတ်သက်သော နေထိုင်ခွင့်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အသေးစိတ် သိလိုတယ်ဆိုလျှင် အီးမေးနဲ့ ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ လွတ်လပ်စွာဆက်သွယ်မေးမြန်းနိုင်ပါတယ်။ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လိုအပ်သော ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်များ ဆောင်ရွက်နိုင်ဖို့ အကြံပေးဆွေးနွေးပေးပါမယ်နော်။

     ထိုင်း-မြန်မာနယ်စပ်ဂိတ်သုံးဂိတ်ရှိတဲ့အနက် မြန်မာအများဆုံး ကူးသန်းလေ့ရှိကြတဲ့ မဲဆောက်-မြဝတီနယ်စပ်မှာခြားနေတဲ့ မဲဆောက်ဘက်ခြမ်း ချောင်းမြင်ကွင်းဖြစ်ပါတယ်။ တချိန်မှာ မြန်မာတို့ရဲ့ ဒုတိယအိမ်ဖြစ်စေမယ့် မြို့တော်တစ်ခု ဖြစ်လာလေမလား။


    လေးစားစွာဖြင့်
    bliss of us

    Saturday, February 18, 2012

    ခမာပြည်၏ မြို့တော်မြင်ကွင်းများ (၂)

    အင်ကြင်းပင်ကြီး၏ ပင်စည်ကို အနီးကပ် လေ့လာနိုင်ပါတယ်။

    အင်ကြင်းပင်ရင်းမှာ အေးချမ်းစွာသီတင်းသုံးလျှက်ရှိပါတယ်

     ခမာတို့ရဲ့ ဘုရင်ဟောင်းရုပ်ထုကို အမိုးအကာ၊ ထီးတော်များနဲ့ အခုလိုတွေ့ရပါတယ်

    ခမာလူမျိုးတို့ ရှေးခေတ်က အိမ်လေးကို နမူနာပြထားပါတယ်။
    မြန်မာတို့အိမ်လေးတွေ အတူတူပါပဲ။ ခြေတံရှည်အိမ်လေးပါ။
    ခမာ-မွန်ဆိုတော့လည်း တူတာပေါ့နော်။

    မွန်တို့ ဘာသာတရားကိုင်းရှိုင်းကြပါတယ်

     ကြည်းကွမ်းအစ်

    ဧည့်သည်လာရင် ကွမ်းအစ်လေးချလို့ ဧည့်ခံကြပါတယ်။
    ဧည့်သည်ပေါ်မူတည်ပြီး ကွမ်းအစ်များကို ခွဲခြားထားပါတယ်။

    ယွန်းကွမ်းအစ်


    ခေါင်းဆောင်းများဖြစ်ပါတယ်။ နှစ်အတော်ကြာနေပြီဆိုတော့ ကျိုးကုန်မှာစိုးဟန်တူပါရဲ့ မကိုင်ရဘူးတဲ့။


    ယက္ကန်းစင်ဖြစ်ပါတယ်။ ရှေးခေတ်က မြန်မာတွေလိုပဲ မိန်းကလေးမှန်ရင် ယက္ကန်းခတ်တတ်ရမယ်ထင်တယ်

    ထိုင်းနဲ့ ကမ္ဘောဒီးယားတော်တော်များများတူပေမယ့် အခုလို ဝတ်စားဆင်ယင်မှုမျိုး ထိုင်းမှာ မရှိပါဘူး။
    ခမာပြည်က လူမျိုးပုံစံတွေနဲ့ အိမ်တွေ တိုင်းပြည်အနေအထားက ထိုင်းကို ကျော်ပြီး မြန်မာပြည်က မွန်ပြည်နယ်က နေရာတွေနဲ့ တော်တော်ဆင်တူပါတယ်။


    နောက်ပိုစ့်မှာတော့ ဘုရားဝင်းအတွင်းပြတိုက်ထဲက ပုံလေးတွေတင်ပေးပါမယ်
    ဆက်ပါအုံးမည်... 

    လေးစားစွာဖြင့်
    bliss of us

    Sunday, February 12, 2012

    ချင်းမိုင်မြို့မှ ပန်းပွဲတော် (အပိုင်း-၅)

    အိမ် သို့မဟုတ် ရုံးခန်းတွေမှာ indoor & outdoor အလှစိုက်နိုင်သော
    ပန်းများကို နည်းပညာများနဲ့ အတူ Dasada Garden  ပြသထားပါတယ်။

     ပြခန်းရဲ့ အရှေ့မှာ လှပတဲ့ ပုံဖေါ်ဒီဇိုင်းများကို မြင်တွေ့နိုင်ပါတယ်။

    ကလေးငယ်များနဲ့ အမျိုးသမီးများ အများဆုံးကြိုက်နှစ်သက်တဲ့ ပြခန်းတစ်ခုလည်း ဖြစ်ပါတယ်

     ဓာတ်ပုံရိုက်ဖို့ အလှည့်ကျ စောင့်ဆိုင်းနေသူများလည်း ပြည့်နက်နေပါတယ်
     
    ကျောင်းသူငယ်လေးများ ပန်းခင်းများအကြားမှာ အမှတ်တရ

    ပြပွဲလာ ဧည့်သည်များ အနှစ်သက်ဆုံး ပန်းပုံဖေါ်ပြကွက်တစ်ခု

    ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ တွေ့ရတဲ့ ဟင်္သာဦးခေါင်းပုံစံဖေါ်ထားတဲ့ ပန်းပြကွက်

    ကလေးငယ်များ သဘောကျတဲ့ လိပ်ပြာပုံပြကွက်

    မီးပုံး (မီးပုံးလို့ ထင်တာပါပဲ) ပုံစံနဲ့ ပန်းစိုက်ခင်းများ

    ကုက္ကိုပင်ကြီးပေါ်မှာ လေထဲ တလွင့်လွင့်နဲ့ သိပ်လိုက်ဖက်ညီလှပါတယ်

    indoor အတွင်း အခုလို အပင်ကြီးနဲ့ သစ်ခွများကို ဒီလိုပုံစံ စိုက်နိုင်ကြောင်း ပြသထားတာပါတယ်။

    လေးစားစွာဖြင့်
    bliss of us

    Thursday, February 9, 2012

    ခမာပြည်၏ မြို့တော်မြင်ကွင်းများ (၁)

    ခမာပြည်၏ (အချို့က “ခမယ်”လို့ အသံထွက်ကြပါတယ်။) မြို့တော်ကို သွားမယ်ဆို ရွှေပြည်ကြီးမှ တိုက်ရိုက်လေကြောင်းများ ရှိနေကြပါပြီ။ ထိုင်းမှာ ဝင်လည်ပြီးမှ သွားမယ်ဆိုရင်တော့ ဘန်ကောက်မြို့မှ တဆင့် ကားလမ်း သို့မဟုတ် လေကြောင်းနဲ့သွားနိုင်ပါတယ်။ ကားလမ်းနဲ့ဆိုရင် ခမာပြည်ရဲ့ ဒုတိယမြို့တော် Siem Reap ကို အုပ်စုလိုက် သွားမယ်ဆိုရင်တော့ ကားလမ်းက ဈေးသက်သာနိုင်ပြီး၊ ထိုမြို့မှာ တဆင့် ခမာတို့၏ မြို့တော် ဖနွမ်းပင်ကို သွားနိုင်မှာဖြစ်ပါတယ်။

    ခမာပြည်မှာလည်း ထိုင်းနိုင်ငံလိုပါပဲ မြဘုရား(ကျောက်စိမ်းဆင်းတုတော်)နဲ့ ရွှေနန်းတော်ကို ဘုရားဖူးပြီး လှည့်လည်လေ့လာကြပါတယ်။ မြို့တော်ထဲ အရင် မသွားခင် ဘုရားနဲ့ ရွှေနန်းတော်ထဲကို အရင်လေ့လာကြစို့နော်။

    ဘုရားကျောင်းတော် ဝင်းအတွင်း ရိုသေလေးစားသောအားဖြင့် အဝတ်အစားများကိုလည်း သတ်မှတ်ထားသည့်အတိုင်း ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ထို့ပြင် ဝင်းအတွင်းမှာ ဆေးလိပ်မသောက်ရပါ။

     လက်မှတ်ရောင်းသောနေရာ

     ဘုရားဖူးမယ်ဆိုရင် ဒါတွေ ရှောင်ရမယ်၊ သိထားရမှာဖြစ်ပါတယ်။ 


    အဝင်လမ်းမှာ ရုပ်ထုများ

    ခမာပြည်သား ဧည့်လမ်းညွှန်မှ အင်ကြင်းပန်းအကြောင်းနှင့် ပတ်သက်သော
    မြတ်စွာဘုရားပွင့်ထွန်းတော်မူလာပုံကို နန်းတော်ထဲ မဝင်ခင် အနည်းငယ် ရှင်းပြနေစဉ်

    ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ တော်ဝင်ပန်းဖြစ်ကြောင်း ဧည့်လမ်းညွှန်မှ ရှင်းပြနေစဉ်

    ရနံ့သင်းတဲ့ အင်ကြင်းပန်းများ ပွင့်လန်းနေတာ စိတ်ချမ်းမြေ့စရာ

    “နာဂ”
    ရာဇဝင်ထဲက နဂါးရပ်ထုကို ပြန်လည်မွမ်းမံထားပါတယ်။

    မြတ်စွာဘုရားဆင်းတုတော်ကို ဒီကျောင်းဆောင်ထဲမှာ အပူဇော်ခံထားရှိတာဖြစ်ပါတယ်။
    ထိုင်းနိုင်ငံမှာလိုပါပဲ အထဲမှာ ဘုရားဆင်းတုတော်ကို ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။

    ထိုင်းနိုင်ငံမှ နန်းတော်နှင့် နှိုင်းစာကြည့်လျှင်တော့ နန်းစံမှုများ နန်းဟန်များ သိပ်မတွေ့ရတော့ပေ။

    ခမာလမ်းညွှန်ပြောသော အင်္ဂလိပ်စကားသည် ထိုင်းလူမျိုးဧည့်လမ်းညွှန်ပြောသော ထိုင်းလေသံဝဲဝဲ အင်္ဂလိပ်စကားပြောများထက် များစွာနားထောင်ရ အဆင်ပြေလေသည်။ 

    ဆက်ပါအုံးမည်...

    ခမာပြည်ကို စိတ်ဝင်စားသော မြန်မာတို့အတွက်၊
    မကြာခင်သွားလည်ကြမည့် မြန်မာဧည့်သည်တို့အတွက် ဗဟုသုတဖြစ်စေရန် ရည်ရွယ်ပါသည်။

    လေးစားစွာဖြင့်
    bliss of us

    Sunday, February 5, 2012

    ဘန်ကောက်မြို့တွင်း တစ်နေ့တာ ဘုရားဖူးခရီးစဉ်

    မြဘုရားနှင့် ရွှေနန်းတော်

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာများကတော့ မြဘုရားကို ပထမဆုံး ဦးတိုက် ရှိခိုးလေ့ရှိပါတယ်။ မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း(၃)နာရီအထိ ဖွင့်ပါတယ်။ ညနေပိုင်းဆိုရင် နန်းတော်ထဲ ပွဲတော်တခုခုအတွက် ပြင်ဆင်လေ့ရှိတာကြောင့် မနက်စောစော သွားဖူးတာက ပိုစိတ်ချရပါတယ်။
    ဘုရားဖူးသွားမည့် ဧည့်သည်များအနေဖြင့် ဘောင်းဘီ အတို၊ အကြပ်များ၊ စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊ T-shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။ အကယ်၍ ဝတ်သွားမိခဲ့ပါက အဝင်ဝတွင် အဝတ်လဲခန်းနှင့် အဝတ်ငှားရမ်းသော နေရာများတွင် ကျသင့်ငွေပေးဆောင်၍ ငှားဝတ်နိုင်ပါတယ်။ ဘုရားဝင်းပြင်ပတွင်လည်း စပန့်သား ဘောင်းဘီများအရှည်များကိုလည်း ရောင်းချပေးနေသည့်အတွက် ဧည့်သည်များအနေဖြင့် အဆင်ပြေစွာဝယ်ယူဝတ်ဆင်နိုင်ပါတယ်။


    အင်တာနက်စာမျက်နှာတွင်းရှိ ယူကျူ့လင့်ထဲမှာ မြဘုရားဝင်းအတွင်း ရိုက်ကူးထားတာအပြင် ထိုင်းဘာသာ ဘုရားသီချင်းကိုပါ နားဆင်နိုင်ပါတယ်။



    မြဘုရားသမိုင်း (အင်တာနက်စာမျက်နှာများမှ မြဘုရားသမိုင်းများကို စုစည်း ကူးယူတင်ဆက်ပါသည်။)
    ထိုင်းဟာ အတိတ်က လာအို နိုင်ငံ ကို တိုက်ခိုက် သိမ်းပိုက် ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က မြ ဘုရားကို ထိုင်းနိုင်ငံကို ပင့် ဆောင် လာပါတယ်။ တကယ်တော့ ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်က လက်ဆောင် ဆက်သ ထားပြီး ပုဂံကို အပို့ လမ်းမှာ မုန်တိုင်း မိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီး လာအို ဘုရင်က တမြတ်တနိုး ကိုးကွယ် ထားတဲ့ ဆင်းတုတော်ပါ။ ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာ ဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးက ဘုရင် တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်က သီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံ ရေစက်ချ လှူဒါန်း ခဲ့ ပါတယ်။ အနော်ရထာ ဘုရင် ဆီက မျက်နှာသာ ရလိုမှု ကိုသာ အဓိက ထားတဲ့ သီဟိုဠ် ဘုရင် ဟာ ခုလို အနော်ရထာ ဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက် ကျေနပ် သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန် လွှတ်ပြီး ဖြစ်စေ ပြန်ယူရင် အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာ ဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့် ပြည်သူတွေရဲ့ သဒ္ဒါတရား ကို ခုလို အသိအမှတ်ပြု လေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအို ဘုရင်ကလဲ အနော် ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစား ခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒီလို သမိုင်း ကြောင်း ကြီးတဲ့ မြဘုရား ကိုမှ ထိုင်းက လာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ ပါတယ်။ 
    http://borderlessburmesebloggers.blogspot.com/2008/09/blog-post_04.html မှ ကူးယူပါသည်။

     
    မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင် ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။ ထိုင်းရာမ ဘုရင် ၁ (1782-1809) သည်။ AD- 1782 တွင် လာအိုနိုင်ငံ ဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက်မြို့တော်အတွင်း တစ်ပါတည်း တည်ဆောက်ခဲ့လေသည်၊ မြဘုရားသည် တကယ်တော့မူ ကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်းဖြစ်လေသည်။ ယုံကြည်ရသော ရာဇ၀င်သမိုင်းမှတ်တမ်း ထဲတွင်မူ AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခု ချင်းရိုင်ခရိုင် (Chiangrai) တွင် ဗုဒ္ဓဆင်းတုတော်ကို အင်္ဂတေများဖုံးအုပ်လျက် တွေ့ရှိခဲ့ရလေသည်။ ဆင်းတုတော်ကို ကျောင်းထိုင် ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ ပင့်ဆောင်သွားခဲ့သည်။ တစ်နေ့သော အခါ ဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ အင်္ဂတေများသည် အဖတ်လိုက် အလိပ်လိပ်ကွာကျပြီး အတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကို ဆရာတော်က တွေ့ရှိလိုက်ရလေသည်။ ဆရာတော်က အင်္ဂတေများအားလုံးကို ဆင်းတုတော်မှ ဖယ်ရှားလိုက်သောအခါ မြဘုရားဆင်းတုတော်ကို ဖူးမြင်လိုက်ရတော့သည်။ ထိုင်းတွေ၏အဆိုအရ မြဆိုသည်မှာ အစိမ်းရောင်ကိုခေါ်ခြင်းဖြစ်ေ
    လသည်။
    ထိုသတင်းကိုကြားကြသောအခါ လူအများသည် မြဘုရားကိုဖူးကြဖို့ စုရုံးလာကြတော့သည်။ ထိုအချိန်က ချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင်၏ လက်အောက်တွင်ရှိနေသည်။ ထို့နောက် ဘုရင်ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သို့ ပင့်ဆောင်ရန် ဆင်တော်ကိုလွှတ်လိုက်လေသည်။ သို့သော အကြိမ်တိုင်းတွင် ဆင်တောက လမ်းဆုံရောက်သော အခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ ပြေးပြေးဝင်ရောက်သွားခဲ့လေသည်။ ဆင်တော်က သုံးကြိမ်တိုင်တိုင် လမ်းပန်းမြို့တွင်းသို့ ပြေးဝင်ပုံကို ထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု အတွေး ရပြီးနောက် ဆင်းတုတော်ကို နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်းမိုင်ဘုရင် တိလောကTiloka စိုးစံသော AD- 1468 အထိ လမ်းပန်းမြို့တွင် စံပယ်ထားခဲ့လေသည်။
    AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲနတ်ရွာစံလေတော် သမီးတော်တစ်ပါးက လာအိုဘုရင်နှင့် စုလျားရစ်ပတ်လေသည်။ သမီးတော် ချိုင်းချက်သ Chaichettha မင်းသားဖွား  မြင်တော်မူသည်။ ချင်းမိုင်ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသားကို ထီးနန်းအပ်သောအခါ လက်ခံခဲ့လေသည်။ သို့သောငြားလည်း သူ၏ခမည်းတော် လာအိုဘုရင် နတ်ရွာစံသောအခါ မင်းသားသည် သူ၏တိုင်းပြည်သို့ ပြန်ချင်နေခဲ့တော့သည်။ ထို့ကြောင့် AD- 1552 တွင် မင်းသားသည် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သော Luang Prabang လူအမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင်သွားခဲ့လေသည်။ ချင်းမိုင်ဝန်ကြီးများကို သူပြန်လာ ပါမည်ဟု ကတိပြုခဲ့လေသည်။ သူဘယ်တော့မှ မပြန်ခဲ့သလို မြဘုရားသည်လည်း လူအမ်ပရာဘန်တွင် ၁၂ နှစ်တိုင်တိုင်း စံပယ်နေခဲ့ရလေသည်။
    AD- 1564 တွင် ဘုရင်ချိုင်းချက်သသည် လာရောက်တိုက်ခိုက်သော မြန်မာဘုရင် ဘုရင်နောင်ကို ဆက်လက် မခုခံနိုင်တော့သဖြင့် သူ၏မြို့တော်ကို ဗီရန်တိန် Vientiane သို့ ပြောင်းရွှေ့စိုးစံခဲ့ရတော့သည်။ ထို့ကြောင့် မြဘုရားသည် ဗီရန်တိန်းတွင် နှစ်ပေါင်း ၂၁၄ နှစ်တိုင်အောင် စံပယ်နေခဲ့ရတော့၏ ထို့ကြောင့် လောနိုင်ငံတွင် ၂၂၆ နှစ်တိုင်အောင် AD- 1778 တွင် ဘန်ကောက်၏ ရာမဘုရင် ၁ Chao Phraya chakri သည် ဗိုလ်ချုပ်တစ်ဦး အဖြစ် ဗီရန်တိန်းကို သိမ်းပိုက်လိုက်ပြီးနောက် မြဘုရားကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပင့်ဆောင်လာခဲ့လေသည်။
    ဘန်ကောက်ကိုလည်း မြို့တော်အဖြစ် တည်ဆောက်လိုက်ပြီး မြဘုရားကိုလည်း နန်းတော်အတွင်း ထည့်သွင်း စံပယ်တော်မူစေလေသည်။ ထိုအချိန်မှစ၍ မြဘုရားသည် ထိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးသော အဆောင် တန်ခိုးကြီး ဘုရားအဖြစ် ကျော်ခဲ့လေသည်။ ဆင်းတုတော်ကို သွန်ဘူရီမှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့ AD- 1784 March 22 တွင်ပင့်ဆောင်ခဲ့ကြလေသည်။ ရာမဘုရင် ၁ က မြဆင်းတုတော်ကို တစ်နှစ်လျှင် နှစ်ကြိမ် နွေနှင့် မိုးတွင် သင်္ကန်းကပ်လေသည်။ ရာမဘုရင် ၃ က (1824 – 1851) တွင်မူ တစ်ကြိမ်ထပ်တိုး၍ ဆောင်းသင်္ကန်းပါ ကပ်လှူလေသည်။ မြဆင်းတုတော် သင်္ကန်းကပ်ပွဲတော်ကို နှစ်စဉ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။ မြဆင်းတုတော်၏ ရင်တော်သည် ၄၈.၃ စီတီမီတာ ရှိသည်။ ဥာဏ်တော်သည် ၆၆ စီတီမီတာ ရှိသည်။ ဆင်းတုတော်သည် ထိုင်ကိုယ်တော်ဖြစ်ပြီး ညာခြေတော်သည် ဘယ်ခြေတော်အပေါ် တင်ထားလေသည်။ ဆင်းတုတော်၏ ကိုယ်နေ ဟန်ပန် တရားထိုင်နေပုံမှာ တောင်ပိုင်း အိန္ဒိယနှင့် သီရိလင်္ကာ ဟန်နှင့် ဆင်တူနေလေသည်။ မြဘုရားကို ထိုင်းတွေက ၀ပ်ဖကရောက် Wat Phra Kaew ဟုခေါ်သည်။ ၀ပ်ဆိုသည်မှာ ဘုရား၊ ကရောက်က ကျောက်စိမ်း။
    ပြေ (ဆေး၂) မဟေသီ
    October 2007
    www.shanniyouth.blogspot.com  မှ ကူးယူပါသည်။

    ဘန်ကောက်မြို့တွင်း ရေကြီးပြီးသည့်နောက်ပိုင်း ယခုရက်များတွင် မြဘုရားသို့လာရောက်ကြသော ဘုရားဖူးလာဧည့်သည်များ အဝင်ဝမုဉ်ဦးအထိ ကြိတ်ကြိတ်တိုးစည်ကားလျှက်ရှိပုံ


     တာဝန်ချိန်ပြီးဆုံး၍ မြဘုရားဝင်းအနီး ရွှေနန်းတော်ထဲမှ ထွက်လာသော စစ်သည်တော်များ

     ဝပ်အာရုဏ်

    ခရီးသွားများအနေဖြင့် ကျောက်ဖရားမြစ်နဘေး မြစ်အလှကို ခံစားရင်း စေတီလက်ရာများကို လေ့လာကြပါသည်။
    ဘုရားဝင်းအတွင်းမှာ မြစ်ဟိုဘက်ကမ်းရှိ မြဘုရားရှိရာသို့ အခုလို လှမ်းမြင်နိုင်ပါတယ်။ 

    http://blissofus.blogspot.com/2011/09/blog-post_26.html ဒီလင့်ကို နှိပ်၍ လေ့လာနိုင်ပါတယ်။

    ရွှေဘုရား
     ရွှေဘုရားရှိရာ ဘုရားဝင်းအတွင်းမှာ ရုပ်ပွါးတော်တစ်ဆူ
    http://blissofus.blogspot.com/2010/08/wat-traimit.html


    တောင်ပေါ်ဘုရား
    တောင်ပေါ်ဘုရားကိုတော့ အများအားဖြင့် ညနေပိုင်းမှာ သွားကြပါတယ်။ ဘုရားဖူးရင်း Sunset ကြည့်နိုင်ပြီး ဘန်ကောက်မြို့ကွက်ကိုပါ တက်ရောက်ကြည့်ရှုလေ့ရှိကြပါတယ်။


    ဗုဒ္ဓမွန်ထုံ

     ဘန်ကောက်မြို့တွင်း အချိန်ရလျှင် မြို့ထဲနှင့် သိပ်မဝေးလှတဲ့ ဗုဒ္ဓမွန်ထုံဘုရားသို့လည်း သွားရောက်နိုင်ပါတယ်။
    http://blissofus.blogspot.com/2011/05/blog-post_16.html 

    ဘန်ကောက်မြို့အနောက်ဘက်ရှိ ထိုင်းနိုင်ငံ၏ အကြီးဆုံးစေတီတော်ကြီးကို ဖူးမျှော်နိုင်ပါတယ်။
    http://blissofus.blogspot.com/2010/12/blog-post_18.html
    ဖေါ်ပြပါလင့်တွေမှာ ဘုရားများနဲ့ ပတ်သက်ပြီး ပိုစ့်တွေ ရေးသားပေးထားပါတယ်။

    ဘန်ကောက်မြို့တွင်းနှင့် မြို့အထွက် ဘုရားစေတီများပါ မကျန် စုံအောင်ဖူးမည်ဆိုပါက အချိန်နှစ်ရက်ခန့်ပေးနိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း သတင်းစကားလက်ဆင့်ပါးပါရစေနော်။
    လေးစားစွာဖြင့်
    bliss of us

    “သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


    “မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
    သွားလည်ရအောင်နော်”




    “Bliss of Us သို့ လာလည်ကြသော
    နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


    လေးစားစွာဖြင့်
    bliss of us

    Angkor Wat BBC Documentary Description Video Siem Reip

    Too Much So Much Very Much

    Tokunaga Hideaki

    ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

    St Luke's Garden Tower