Tuesday, August 30, 2011

ဂျိန်းစဘွန်း

အထဲရောက်တော့ ဒီလိုလေး တွေ့ရတော့တာပေါ့....
ပထမပိုင်းမှ အဆက်

 ဒီမြင်ကွင်းတွေကိုတွေ့တော့ အမိအရ မှတ်တမ်းတင်ကြပါတယ်...

ပထမတော့ ဒီလိုလေး ဝင်သွားတာ အသဲယားစရာ၊ လန့်စရာပေါ့၊
နောက်တော့ စိတ်ဝင်စားစရာဖြစ်သွားမှာပါ :)

ရုပ်ရှင်ချစ်မြန်မာလူမျိုးတွေ သိပြီးသားဖြစ်တဲ့ ကမ္ဘာကျော် ဂျိန်းစဘွန်းမင်းသားပါဝင်တဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ရာကျွန်းလေးကို မင်းသားနာမည်အစွဲပြုလို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။

ကျွန်းတွေသွားတဲ့ ပရိုဂရမ်လေးတွေက အမျိုးမျိုးရှိတာပေါ့။

အလည်သွားမယ့် ပရိုဂရမ်တစ်ခု ရွေးထားတယ်ဆိုရင်...
တည်းတဲ့နေရာမှ လေအေးပေးစက်တပ်ဆင်ထားတဲ့ ကားနဲ့ ကြိုပြီး၊ ကမ်းနားက စုရပ်ဆီကို ခေါ်လာပါတယ်။ 
စီးရမယ့် သင်္ဘောရှိရာ ကမ်းစပ်မှာ လူစုံပြီဆိုရင် သင်္ဘောစထွက်ပါတယ်။
သင်္ဘောပေါ်ကို ရောက်တာနဲ့ လက်မှတ်ရောင်းတဲ့ ကုမ္ပဏီက အင်္ဂလိပ်ဘာသာဖြင့် ခရီးသွားလမ်းညွှန်မှ အစီစဉ်များကို ပြောပြပါတယ်။ ပြီးတော့ အစားအသောက် ရှောင်တာတွေ/မတည့်တာတွေရှိလား မေးပါတယ်၊ အဆင်ပြေအောင် စားဖိုမှုးကလည်း ချက်ပေးပါတယ်၊ ကျွန်းတွေအလည်ပို့တာနဲ့ အစားအသောက်ကို အချိန်မီ အဆင်ပြေအောင် စီစဉ်ပေးကြပါတယ်၊ ခရီးသွားလမ်းညွှန်က ကိုယ့်သင်္ဘောပေါ်ပါလာတဲ့ ဧည့်သည်တစ်အုပ်စုစီကို စကားပြောပါတယ်၊ အကြောင်းရင်းကတော့  လူမှတ်ထားတာပါ၊ ကျွန်းတစ်ခုကို ဆိုက်ကပ်ပြီး ထွက်ခွာတိုင်း ကျွန်းရဲ့ ကမ်းခြေမှာ သူ့လူတွေကို ရအောင် ပြန်ခေါ်တင်ပါတယ်။ ဧည့်သည်တွေကလည်း ကျွန်းတွေကိုရောက်ရင် ငေးမောရင်း ပျော်နေတော့ အချိန်မီ သင်္ဘောပေါ်ကို ပြန်တက်ဖို့ မေ့နေတတ်ကြတယ်။ ဒါကြောင့် တစ်ကျွန်းနဲ့ တစ်ကျွန်း ဧည့်သည်တွေ အချိန်မီ သွားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြပါတယ်။ ပရိုဂရမ်အစီအစဉ်တိုင်းက သိပ်မကွာပါဘူး။ မိမိသွားလိုတဲ့ ကျွန်းတွေကိုသာ ရွေးချယ်ရမှာပါ။ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု ဝန်ဆောင်မှုကွာတာက ဈေးနဲနဲပိုပေးရမယ်ဆိုရင် အစားအသောက်ကောင်းပါတယ်၊ ကျွန်းလည်ပတ်တဲ့ သင်္ဘောအနေအထား ကွာသွားပါတယ်။

လူငယ်အုပ်စုတွေပဲဆိုရင်တော့ အခုနောက်ဆုံးခေတ်စားနေတဲ့ “ရာယကျွန်း” သွားကြပါလို့ အကြံပေးလိုပါတယ်။ ဈေးနဲနဲပိုပေးရပေမယ့် သိပ်လှပါတယ်။ ဖီဖီကျွန်းက လူသိများလို့ အသွား များကြပါတယ်။ ဖူးခက်ရောက်ဖူးတဲ့သူတွေကတော့ ဂျိန်းစဘွန်းကျွန်းကို သွားလိုကြပါတယ်။ နိုင်ငံခြားသားများကတော့ အပင်ပန်းခံနိုင်တဲ့အပြင် ငွေကုန်ခံနိုင်တော့ တစ်ရက်တည်းနဲ့ ကျွန်းသုံးကျွန်းကို ပတ်ကြပါတယ်။ အချို့ကြတော့ တစ်ကျွန်း တစ်ရက်စီ လည်ကြပါတယ်။ 

မြန်မာနိုင်ငံသားများအနေနဲ့ အသက်ခြောက်ဆယ်ကျော်လူကြီးတွေ ပါရင်တော့ ကျွန်းတွေ လည်တာ သိပ်အဆင်မပြေလောက်ဘူးလို့ ထင်ပါတယ်။ ကျွန်းအလည်သွားမယ်ဆိုရင် သင်္ဘောပေါ်က တက်/ဆင်းပြုလုပ်နိုင်ရပါမယ်၊ သင်္ဘောမှ လှေတွေပေါ်ကိုလည်း ပြောင်းစီးရပါမယ်၊ ကျွန်းနားကို သွားတော့ လှေသုံးရပါတယ်။ 
စကတည်းက ဘုတ်နဲ့ အုပ်စုလိုက်ဆိုရင်တော့ ဘုတ်ပေါ်တက်ဆင်း သတိထားရပါမယ်၊ လူငယ်တွေအတွက် အရာရာ ပျော်စရာ၊ စိတ်ဝင်စားစရာဆိုပေမယ့် လူကြီးတွေအတွက် လမ်းခရီးတွင်း မှားလို့ မဖြစ်ပါဘူး။ 
ဖူးခက်နဲ့ ပတ်သက်ပြီး အခြားသိလိုတာများရှိခဲ့ရင် အီးမေးမှ တဆင့် သို့မဟုတ် ထိုင်းဖုန်းနံပါတ်ကို တိုက်ရိုက်ဆက်သွယ်ခေါ်ဆို မေးမြန်းနိုင်ပါတယ်။ ဧည့်သည်များ သွားလိုတဲ့ ပုံစံအနေအထားကို အတတ်နိုင်ဆုံး ဆွေးနွေးလမ်းညွှန်ပေးပါမယ်။ 


“မြန်မာတို့ရဲ့ ဒုတိယအိမ်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ စိတ်ချမ်းမြေ့စွာ အနားယူအပန်းဖြေနိုင်ကြပါစေ”

လေးစားစွာဖြင့်
bliss of us

Wednesday, August 24, 2011

မြဘုရား ဝင်ကြေး ဈေးနှုန်းတက်

မြဘုရားဝင်ကြေးမှာ (၃၅၀)ဘတ်မှ (၄၀၀)ဘတ်သို့ တိုးမြှင့်ပြောင်းလဲ။
လာမည့် Tour ရာသီမှာ အခြားသော ဈေးနှုန်းများလည်း တိုးမြှင့်ပြောင်းလဲနိုင်ကြောင်း ခန့်မှန်းရပါသည်။

 ဒီနေရာလေးက မြဘုရားဝင်းတစ်နေရာမှာဖြစ်ပါတယ်၊ ရောက်ဖူးတဲ့သူတွေ မှတ်မိကြမလား ...

 ဒီနေရာလေးကို ရောက်တိုင်း ရှုထောင့်မျိုးစုံကနေ ဓာတ်ပုံရိုက်ကြည့်ပါတယ်၊ ရှုခင်းလှတယ်နော်...

 ကင်မရာနဲ့ ဆန့်သလောက်ရိုက်ကြည့်ပါတယ်၊ သူလည်း လှတာပါပဲ....

 လက်တွဲဖော်တွေအတွက် အမှတ်တရဖြစ်စေပါတယ်...

မမ လှလှ
ဇီးပင် ရိပ်အောက်ဝယ်.....

လေးစားစွာဖြင့်
bliss of us

Monday, August 15, 2011

လှပတဲ့ကျွန်းများနဲ့ ဖူးခက်

ဖူးခက်ခရီးစဉ် သွားမယ်ဆိုရင်.....


ဖူးခက်ကို မိသားစု သို့မဟုတ် သူငယ်ချင်းများနဲ့ သို့မဟုတ် ဟန်နီးမွန်း အလည်များကြပါတယ်။

အုပ်စုလိုက်သွားရင် ဘာလို့ ဈေးတန်တာလဲဆိုရင်
အစစ ကုန်ကျသမျှ မျှဝေကုန်ကျတော့ အဆင်ပြေ သက်သာတာပေါ့။



ဖူးခက်မှာ ဘယ်နှစ်ရက်အချိန်ကုန်ကြမလဲ။
ကားနဲ့ ညပိုင်းသွားရင် ပထမရက်မှာ  မနက်ပိုင်းဆို ဖူးခက်ကို ရောက်ပြီ၊ ဖူးခက်ရှိ ပါတောင်ကမ်းခြေမှာ အပန်းဖြေ။

ဒုတိယတစ်ရက်ကတော့ ဖူးခက်မှာ နာမည်ကျော်လှပတဲ့ ကျွန်းသုံးကျွန်းရှိပါတယ်။
Phi Phi Island, James Bond Island, Raya Island

ဒီကျွန်းတွေထဲက ကျွန်းတစ်ကျွန်း သို့မဟုတ် ကျွန်းသုံးကျွန်း(အချိန်အနည်းငယ်စီလည်ဖို့) ကိုယ်နှစ်သက်ရာနဲ့ ဈေးနှုန်းကို စိတ်ကြိုက်ရွေးပြီး လည်ဖို့က တစ်ရက်အချိန်ကုန်မှာပေါ့။
ဘယ်ကျွန်းသွားမယ်ဆိုတာ ခရီးစဉ်မသွားခင်ကတည်းက ဘိုကင်ပြုလုပ်ပြီးမှ သွားလို့ရမှာနော်။

သင်္ဘောပေါ်မှ ဧည့်သည်တွေကို ခနူလှေလေးတွေနဲ့ လာကြိုနေကြပါတယ်။ 
ပရိုဂရမ်အစီအစဉ်တစ်ခုပေါ့။

ကျွန်းတွေကိုသွားလည်တဲ့ ပရိုဂရမ်တွေ ခရီးသွားကုမ္ပဏီတွေက ဆွဲပေးထားကြပါတယ်။
ဈေးသက်တာနဲ့အမျှ ဝန်ဆောင်မှုအားနည်းနိုင်ပါတယ်။
ဝန်ဆောင်မှုလည်း သင့် ဈေးနှုန်းလည်း သက်သာစေတာမျိုးကို ရွေးနိုင်ရင် အကောင်းဆုံးပါ။
ထိုင်းမှာရှိတဲ့ မိမိတို့အသိတွေကို ကြိုတင်ဆက်သွယ် ဘိုကင်ပြုလုပ်ပြီး ရွေးပေးထားရင် လမ်းခရီး အဆင်ပြေချောမွေ့စေပါတယ်။

နောက်ဆုံးတစ်ရက်မှာ ဖူးခက်မြို့ထဲ လည်လည်သွားပြီး ညပိုင်းမှာ အေးဆေးပြန်လာမယ်ဆိုရင် ဘန်ကောက်ကို စတုတ္ထနေ့မနက်မှာ ပြန်ရောက်ပါပြီ။ 


လေယာဉ်စရိတ်တတ်နိုင်သူများကတော့ အချိန်ကို နဲနဲ ကြည့်စီစဉ်ရမှာဖြစ်ပါတယ်။
လေယာဉ်စရိတ်က ဘန်ကောက်-ရန်ကုန်ထက်ဝေးတဲ့အတွက် ပိုကုန်နိုင်မယ်ဆိုတာ ကြိုတွက်ထားရပါမယ်။ ပိုဈေးကြီးမယ်ပေါ့။

Express နဲ့ဆိုရင် ဘတ်ခြောက်ရာစွန်းစွန်းလောက်ပေးရမယ်။
အငှားကားနဲ့ဆိုရင်တော့ သွားမယ့်နေ့မှ ပြန်တဲ့အထိ ဆီဖိုးနဲ့ ကားခကို ပေးရမှာပါ။
ဆယ်ယောက်အနဲဆုံးရှိမှ တန်ပါတယ်။
သွားလည်မယ့်ခရီးစဉ်မှာ ၁၀-ဦးအောက်လျော့မယ်ဆိုရင်တော့ လိုင်းကားနဲ့ သွားတာ ပိုတန်ပါတယ်။

လိုင်းကားတွေက တော်တော်လေး ကောင်းတဲ့အတွက် စိတ်ပူစရာတော့မရှိပါဘူး။
လိုင်းကားစီးသွားပေမယ့် ဖူးခက်မှာတော့ ကမ်းခြေဆင်းတဲ့အခါ၊ မြို့ထဲသွားတဲ့အခါ အငှားကားလိုအပ်နိုင်ပါတယ်။

လိုင်းကားဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားဖြစ်ဖြစ် ဘန်ကောက်ကနေ မောင်းရင် ၁၂-နာရီကြာမှ ဖူးခက်ကို ရောက်ပါမယ်။
လေယာဉ်နဲ့ဆို တစ်နာရီခွဲဝန်းကျင်စီးရပါမယ်။ 
တိုးရာသီချိန်တွေမှာ ကြိုတင်ဘိုကင်တွေ အစောထဲက ပြုလုပ်ထားမှ စိတ်ချရပါတယ်။
အခုလိုအချိန်မှာတော့ ဧည့်သည်ပါးချိန်မို့ ထိုင်းနိုင်ငံကို မလာခင် တပတ်လောက်မှာ ကြိုတင်စီစဉ်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။

ဧည့်သည်များ သိသင့်တာလေးတွေကို ရေးပေးထားပါတယ်။ လိုအပ်တာတွေ သိချင်တာတွေ ရှိမယ်ဆိုရင် ကွန်မန့်သို့မဟုတ် စီဘုံးမှာ မေးနိုင်ပါတယ်နော်။

 
ခနူလှေပေါ်မှာ ဧည့်သည်နှစ်ယောက် စီးခွင့်ရှိပါတယ်။

 လျှိထဲကို ဝင်သွားကြပြီ၊ အပေါ်က ကျောက်ဆောင်ကျွန်းကြီး၊ 
ဒီထဲကိုဝင်ရင် ဘာတွေ တွေ့ရမလဲ...

လေးစားစွာဖြင့်
bliss of us

Monday, August 8, 2011

ချပ်တူးချပ်

အနုပညာပြခန်းနဲ့ အနုပညာပစ္စည်းများကိုလည်း မြင်တွေ့နိုင်ပါတယ်။

ပျိုမေတို့ အကြိုက်

spa နဲ့ ပတ်သက်သော အလှအပ ပစ္စည်းများ

အိမ်ခန်းအလှဆင်ပစ္စည်းများ

ဘာသာရေးနဲ့ သက်ဆိုင်သော အမှတ်တရလက်ဆောင်ပစ္စည်းများ

ထိုင်းရိုးရာ အမှတ်တရပစ္စည်းများ

ထိုင်းလက်ရာ ရုပ်ထုများ

ရှေးဟောင်းအမှတ်တရပစ္စည်းအရောင်းဆိုင်များ
မဲခေါင်ငါးနိုင်ငံထဲမှာ အပါအဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မျာ ဒီလို ရိုးရာ အမှတ်တရပစ္စည်း အရောင်းဆိုင်များကို နိုင်ငံခြားသားခရီးသည်များအတွက် အထူးအလေးထားရောင်းချလျှက်ရှိကြပါတယ်။ ဘန်ကောက်မြို့ရှိ ချပ်တူးချပ်ဈေးကတော့ BTS ရဲ့ ဂိတ်ဆုံး မော်ချစ်ဂိတ်မှာ ဆင်းပြီး သွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ မြေပုံကိုလည်း ဖေါ်ပြပေးထားတယ်။ 
ဘန်ကောက်ကို အလည်လာပြီး အချိန်ရမယ်ဆိုရင် ဘယ်နေရာမဆို မြေပုံကို ကြည့်ပြီး သွားနိုင်ပါတယ်။ ဘလော့စာမျက်နှာတစ်ခုမှာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်သွယ်မလုပ်ပဲ ကိုယ်တိုင်သွားရင် ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းတစ်ခုအတွက် ဖြေပေးလိုက်ပါတယ်။ ဧည့်သည်အနေနဲ့ ဈေးသက်သာတဲ့ ဟိုတယ်တစ်ခုကို ကြိုတင်ဘိုကင်လုပ်ထားပြီး တည်ခိုးနိုင်သလို၊ အမျိုးသမီးတစ်ယောက်တည်း ပထမဆုံးအကြိမ်အလည်လာတာမျိုးမဟုတ်ရင် ဖြစ်နိုင်ပါတယ်။ အချိန်လည်း သိပ်မရဘူး ငွေကုန်တာလဲ သက်သာချင်တယ်ဆိုရင်တော့ မြန်မာတွေကို ကြိုတင်ဆက်သွယ်ပြီး မေးမြန်းစုံစမ်းထား အလည်လာလည်း ဖြစ်ပါတယ်။ ဘန်ကောက်ကို အလည်လာတဲ့ ဧည့်သည်တွေအနေနဲ့ ဝန်ဆောင်မှုအဖွဲ့တွေကို ဘာကြောင့် ဆက်သွယ်ကြလဲဆိုရင် ခရီးသွားအပန်းဖြေတဲ့ ကာလမှာ စိတ်သောက ကင်းဝေးစွာနဲ့ အပန်းဖြေလိုကြပါတယ်၊ အချိန်ကုန်သက်သာချင်တယ်၊ ဘယ်သွားရမယ်ဆိုတာ ကြိုတင်ညှိထားတော့ ကိုယ်လိုချင်တာ ဖြစ်ချင်တာကို ကူညီပေးနိုင်ကြပါတယ်။ 
ငွေကုန်သက်သာချင်တယ်ဆိုရင်လည်း ဝိုင်းပြီး စဉ်းစားပေး ကူညီပေးကြပါတယ်။

 bliss of us အဖွဲ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ရှိလာမယ့် ဧည့်သည်များအားလုံးကို ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် 
အပန်းဖြေအနားယူချိန်တွင်း အဆင်ပြေစေဖို့ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း။
လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower