Monday, December 27, 2010

ဈေးဝယ်မယ်ဆိုရင် အပိုင်း(၄)

ပွဲတော်ရက်များအတွင်း ခမ်းနားလှပနေတဲ့ “The Mall”

“ပန်းတွေနဲ့ ဝေ”

ရွှေနားကွပ် ပန်းကန်များ

ချည်ထည်များ

နန်းစံချင်သူများအတွက် ဒီဇိုင်းလှတဲ့ နာရီ

ထိုင်းနိုင်ငံရောက်ရင် ဘယ်နေရာတွေမှာ ဈေးဝယ်သင့်လဲ၊
ဘာတွေ ဝယ်သင့်လဲ၊
ဘယ်နေရာမျိုးတွေမှာ ဘာပစ္စည်းတွေ ဝယ်ရင် ဈေးချိုနိုင်မလဲ၊
နောက်ရေးမယ့် ပိုစ့်အပိုင်း(၅)မှာ ဈေးဝယ်လမ်းညွှန်ကို ရေးပေးပါမယ်နော်။

လေးစားစွာဖြင့်
bliss of us

Friday, December 24, 2010

“နခွန်ပထုံစေတီတော်” အပိုင်း(၂)

According to wikipedia,
Phra Pathom Chedi is the tallest chedi in the world with the height of 127 metres (417 ft). It is located in the town of Nakhon Pathom, Thailand.
The name Phra Pathom Chedi means Holy chedi of the beginning. The chedi at the location is first mentioned in Buddhist scriptures of the year 675, however archaeological findings date back to the 4th century. In the 11th century it was overbuilt with a Khmer (Ancient Cambodia) style prang, which was later overgrown by the jungle. The ruin was visited several times by the later King Mongkut during his time as a monk, and after his coronation he ordered the building of a new and more magnificent chedi at the site. After 17 years of construction it was finished in 1870, and the population of nearby Nakhon Chedi was ordered to move to the newly created town around the chedi.

ပွင့်လန်းနေသော ခရေပန်းပွင့်များနဲ့စေတီတော်

စောင်းတန်းထဲမှာ ဖူးတွေ့ရမည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွါးတော်

ရင်ပြင်တော်ပေါ်မှာ တွေ့ရတဲ့ သစ်ပင်များနဲ့ အရံစေတီများ

စေတီတော်ရင်ပြင်ရောက်ဖို့ စောင်းတန်းလေးတော့ တက်ရမယ်နော်၊
လှေကားထစ်တွေ တက်တဲ့အခါမှာ လူကြီးတွေကို ဂရုတစိုက် တွဲခေါ်ဖို့ လိုအပ်ပါလိမ့်မယ်။

ထုံးသင်္ကန်းဖြင့် တွေ့ရသော အရံစေတီတစ်ဆူ။

ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ရပ်တော်မူ ဗုဒ္ဓရုပ်ပွါးတော်။

ဘန်ကောက်မြို့တွင်းနှင့် မြို့ပြင်အနီးဆုံးနေရာများသို့ လည်ပတ်ရာတွင်
နခွန်ပထုံစေတီတော်မြတ်သည်လည်း မြန်မာနိုင်ငံသားများ
သွားရောက်လေ့လာလည်ပတ်သင့်သော နေရာတစ်ခုဖြစ်ပါတယ်။

လေးစားစွာဖြင့်
bliss of us

Saturday, December 18, 2010

“နခွန်ပထုံစေတီ” အပိုင်း(၁)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ အနောက်အရပ်သို့ ကီလိုမီတာ (၅၅)အကွာအဝေးတွင် “နခွန်ပထုံစေတီ” တည်ရှိပါသည်။ စေတီတော်သို့ သွားရောက်ဖူးလိုပါက နေ့ချင်းပြန် သွားနိုင်ပါသည်။

စေတီကို အဝေးမှ ဖူးမြင်ရပုံ

စေတီပရဝဏ်တွင် ဘုရားပွဲတော် နီးကပ်လာပြီဖြစ်လို့ ပြင်ဆင်နေကြပုံ

စေတီတော်၏ အဆောက်အအုံများတွင် တွေ့မြင်နိုင်သော ရွှေဆေးရေးအနုပညာလက်ရာများ

တံခါးဘောင်များဖြစ်ပါတယ်

According to Thai History, Nakhon Pathom is best known for the Phra Pathom Chedi, the world's tallest Buddhist monument. Standing over 120 meters high, the chedi was first built over a thousand years ago but destroyed during a Burmese invasion in 1057.
King Mongkut visited the site in the mid-nineteenth century when it was known as the oldest Buddhist monument in Thailand and began reconstruction of the temple over the original chedi a few years later. This attempt later collapsed during a storm and King Chulalongkorn led the construction to its present state.
There is an annual fair at the temple which takes place in late November.

Sunday, December 12, 2010

“သဲထိတ်ရင်ဖို တင်ဆက်ရသော မိကျောင်းပွဲ”

မိကျောင်းသရုပ်ပြသူများနဲ့ ယဉ်ပါးနေကြပြီလား





မိကျောင်းပါးစပ်ထဲကို ငွေစက္ကူများ ထည့်နေပြီ

လည်မြိုတွင်းထိ ထည့်ပြခြင်း

မိကျောင်းပါးစပ်ထဲကို သရုပ်ပြတဲ့သူက ခေါင်းထည့်ပြခြင်း

အရွယ်ရောက်ခါစ မိကျောင်းလေးကို ပွေ့ထားပုံ

ထိုင်းနိုင်ငံရှိ မိကျောင်းမွေးမြူရေးကန်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ မိကျောင်း အကောင်ရေ (၆၀,၀၀၀) ကျော်ရှိပြီး ကျယ်ဝန်းသောဧရိယာအတွင်း မိကျောင်းများ သဘာဝအတိုင်း နေနိုင်ရန် ပြုလုပ်ပေးထားပါတယ်။ မိကျောင်းနဲ့သရုပ်ပြပွဲကိုလည်း တစ်နာရီကြားတစ်ခါ ပြုလုပ်ပေးပါတယ်။

သရုပ်ပြပွဲကို ကြည့်ရတာ မိကျောင်းပါးစပ်ပိတ်သံ တစ်ဖောင်းဖောင်းမြည်သံက သဲထိတ်ရင်ဖို ဖြစ်စရာတစ်ခုပါ။ မိကျောင်းကို ဒုတ်နဲ့ သရုပ်ပြခိုင်းတဲ့အချိန် ထိလိုက်တာတဲ့အခါမှာ မိကျောင်း ဒေါသတကြီး ပါးစပ်ပိတ် လိုက်တာတွေက ဧည့်သည်များ အသဲတအေးအေးဖြင့် ရှုစားရမှာဖြစ်ပါတယ်။

အရိုင်းသတ္တဝါတွေကို အယဉ်ဖြစ်အောင် ပြုလုပ်ရတာလည်း မလွယ်သလို သူတို့နဲ့အတူ အနီးကပ် သရုပ်ပြသရတဲ့ ဝန်ထမ်းတွေအတွက်လည်း အင်မတန် အန္တရာယ်ကြီးပါတယ်။ သူတို့ကို သရုပ်ပြပွဲအတွက် သင်ကြားလေ့ကျင့်ထားချိန်တွေက ပိုစိတ်ဝင်စားစရာကောင်းမှာပါ။ သတ္တဝါတွေနဲ့ သရုပ်ပြသတဲ့နေရာမှာ ဆင်ထက် ကျားက ခက်သလို၊ ကျားထက် မိကျောင်းကလည်း ပိုမိုခက်ခဲလှတယ်မဟုတ်လား။

မိကျောင်းမွေးမြူရေးကန်ကို သွားရောက်လေ့လာကြပြီး မိကျောင်းသားရေဖြင့် ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ကြပါတယ်။ သေပြီးသား မိကျောင်းရှိခဲ့ရင် မိကျောင်းအသား အစိမ်းကို ပင် ဝယ်ယူနိုင်ကြောင်း ကြေညာထားပါတယ်။

ထို့အပြင် မိကျောင်းများကိုလည်း လေ့လာရင်း အခြားသော သတ္တဝါလေးများကိုပါ ကြည့်ရှုနိုင်ပါတယ်။ ဆင်ပြပွဲများ၊ မျောက်နှင့် ကျေးငှက်များ၊ နှစ်ရှည် ကြံ့သတ္တဝါများကိုပါ လေ့လာနိုင်မှာဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံကို လာလည်လိုသော နိုင်ငံတကာရောက် မြန်မာမိတ်ဆွေများ ကြိုတင် သိနိုင်ဖို့ သတင်းစကား လက်ဆင့်ပါးလိုက်ရပါတယ်။


လေးစားစွာဖြင့်
bliss of us

Thursday, December 9, 2010

ရှိုးကြည့်ပြီး ဈေးဝယ်မယ်

ဈေးဝယ်မယ်ဆိုရင် အပိုင်း(၃)

IT ပစ္စည်းများ ရောင်းရာ Pantip Plaza

Laptop တွေလည်း ပွဲတော်ရက်အတွင်း ရောင်းကောင်းနေတယ်

ဝယ်သူတွေ သိထားမိစေဖို့အတွက် အချောအလှလေးများရဲ့ အရောင်းမြှင့်တင်ခြင်း တစိတ်တဒေသ

အရောင်းမြှင့်တင်ရေးမှာ
အဆိုတော်များကိုလည်း အားဖြည့်ထားတယ်လို့ သိခဲ့ရပါတယ်
Model Show ဖြင့် အရောင်းမြှင့်တင်ပေးခြင်းများ

အမျိုးသမီးမော်ဒယ်များက အနောက်နိုင်ငံပုံစံပြင်ထားကြပြီး

အမျိုးသားမော်ဒယ်များကတော့ ကိုးရီးယားမင်းသားပုံစံအတိုင်း ပြင်ထားကြလေရဲ့...

ဈေးလည်း ဝယ်မယ်၊ မော်ဒယ်တွေကိုလည်း ငေးနိုင်မယ့် နှစ်သစ်ကူးဈေးရောင်းပွဲတော်များ။

ဆက်ပါအုံးမည်...

Monday, December 6, 2010

မိကျောင်းကန်

ဥကလေးတွေက ပေါက်ခါစ အရွယ်ငယ်ငယ်

တဆင့်တိုးတော့ မရိုးမရွအရွယ်

အရွယ်ရောက်လို့ အပြင်ထွက်ပြီး သဘာဝအတိုင်း စည်းစိမ်ခံစားနေကြတယ်...



မိကျောင်းတွေကို ဒီလိုလေး အစာကျွေးနိုင်တယ်
အစာတစ်တွဲ(ကြက်ရိုးများ)ကို ဘတ်(၂၀)ဖြစ်ပါတယ်။

အယူအဆအမျိုးမျိုးရှိကြတဲ့ မြန်မာများနဲ့ မြန်မာနိုင်ငံမှ အခါပေးဆရာတွေက ဗေဒင်ယတြာတွေ လုပ်ဖို့ တိုက်တွန်းတဲ့အထဲမှာ မိကျောင်းအစာကြွေးခြင်းဆိုတာလည်း အပါအဝင်ဖြစ်တယ်။ မြွေကို အစာကျွေးခြင်း၊ ဆင်ကို ကြံကျွေးခြင်း၊ သတ်မှတ်ချက်တစ်ခုနဲ့ တိရစ္ဆာန်တွေကို အစာကျွေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် သတ္တဝါလေး ဗိုက်ဝပါစေ၊ အစာဝဝလင်လင်စားပါစေလို့ စေတနာလေးထားလိုက်ရင်တော့ ပစ္စပ္ပုန် သံသရာ နှစ်ဖြာ အကျိုးရစေမှာ ဖြစ်ပါတယ်။

ဒီလို သဘာဝအတိုင်းဖြစ်အောင် ပြုစုမွေးမြူထားကြတယ်...


“မိကျောင်းသား လျှာကို ရှည်တယ်”လို့ ဘာကြောင့် ပြောကြသလဲဆိုတာ သိရအောင်...

မိကျောင်းတွေကို ကြည့်ပြီး သူတို့ ပတ်သက်လို့ ကြားဖူးထားတာတွေကို စဉ်းစားမိတယ်၊ စကားပုံတစ်ခုက “မိကျောင်းမင်း ရေခင်းပြ”၊ “ဆယ့်နှစ်တောင်ရှိတဲ့ မိကျောင်းဆိုရင် လူဖန်ဆင်းနိုင်သတဲ့”၊ မိကျောင်းက လျှာကို မျောက်က ဖြတ်ပြေးလို့ မိကျောင်းမှာ လျှာမရှိတော့ဘူးဆိုတဲ့ ပုံပြင်တစ်ပုဒ်လည်း ကြားဖူးပါရဲ့နော်။

ကိုယ့်မွေးရပ် အမိနိုင်ငံမှာတောင် မိကျောင်းမွေးကန်ထဲ မသွားဖူးခဲ့ပါဘူး။ အိမ်နီးချင်းနိုင်ငံမှာတော့ မိကျောင်းများကို စီးပွါးဖြစ်မွေးမြူခြင်းအပြင် မိကျောင်းထွက်ကုန်များကိုပါ ရောင်းချနိုင်ခြင်းနဲ့ လူအများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပွဲသွင်းပြီး ပြသလျှက်ရှိပါတယ်။ အန္တာရာယ်များလှတဲ့ သတ္တဝါတွေကို ထိန်းကျောင်းနိုင်ပြီး လူများနဲ့ တင်ဆက်ထားနိုင်တာကိုလည်း ချီးကျူးစရာတစ်ခုပါ။

ဆက်လက်ဖော်ပြပါမည်...

Thursday, December 2, 2010

“ဧည့်သည်များအတွက် ဒီလိုစီစဉ်ပေးပါမယ်”

ကချနဘူရီမြို့မှ Soi Yok Noi ရေတံခွန် အနီး ရှေးခေတ် မီးရထားစက်ခေါင်းတစ်ခု

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြမည့် ဧည့်သည်များအတွက် Bliss of Us မှ စီစဉ်ပေးမှုများသည် အခြားသော Travel & Tour များနဲ့ မတူညီပါ၊ Pattaya, Phukhet, Ayudhaya စသော လည်ပတ်ရန်နေရာများအတွက် တစ်ခုချင်းအတွက် ဈေးနှုန်းသတ်မှတ်ထားခြင်းများ မပြုလုပ်ထားပါ။
အဓိပ္ပါယ်ကတော့ ခရီးစဉ်အတွက် ဈေးနှုန်းတွေ သတ်မှတ်ရောင်းချတာမျိုးမဟုတ်ပဲ၊ ဧည့်သည်များ သွားလိုသော နေ့ရက်နဲ့နေရာ၊ လူဦးရေ စသော အချက်အလက်များပေါ်အခြေခံပြီး စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။
ယခုလို စီစဉ်ပေးခြင်းအားဖြင့် Tour Season အရ ဈေးသက်သာခြင်းနဲ့ စရိတ်မြင့်တက်မှုများကို ရှောင်ရှားလို့ရနိုင်ပါတယ်၊ ဧည့်သည်ဘက်မှ လိုအပ်နှစ်သက်သော အစီအစဉ်များကို ကြိုတင်ဆက်သွယ်ထားပြီး ဈေးနှုန်းညှိခြင်း၊ နေရာနဲ့ နေ့ရက်ညှိခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဧည့်သည်များ သွားလိုရာသို့ စိတ်ချမ်းသာ အဆင်ပြေစွာသွားနိုင်မှာ ဖြစ်ပါတယ်။
Bliss of Us အဖွဲ့သည် နိုင်ငံတကာရောက် မိတ်ဆွေများကို အသိမိတ်ဆွေများမှ စီစဉ်ဆောင်ရွက်ပေးသော ပုံစံဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

လေးစားစွာဖြင့်
bliss of us

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower