Saturday, October 30, 2010

အမောပြေဖို့ “ကော်စမွေ”သို့ အပိုင်း (၆)


YouTube မှာ တွေ့ရတဲ့ ကော်စမွေကျွန်းအကြောင်းလေးကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်ရှင်။

ကျွန်းရဲ့ အလှပုံများ စုစည်းတင်ဆက်ထားပါတယ်။

ကျွန်းပေါ်တွင်ရှိသော တောင်တက် တောင်ဆင်းလမ်းတလျှောက်
လှပသော တိုက်အိမ်လေးတွေ ဆောက်ထားတယ်။


ကျွန်းပေါ်မှာ အခုလို Apartment Guest House တွေက အခန်းငှားခ ဈေးအသက်သာဆုံးပါ။



ကျွန်းအလယ်ဗဟို တောင်ပတ်လမ်းအတိုင်း လှည့်လည် ကြည့်ရှုကြမယ်။


ဒီလိုခရီးသွားဖော်လေးနဲ့သွားမှ အလွမ်းဆိုတာကို မသိရမှာ။


ကျွန်းပေါ်မှ အရောင်းဆိုင်များ။


ဒါလေးတွေကတော့ ကြွေနဲ့ပြုလုပ်ထားတဲ့ တရုတ်လက်ရာတွေဖြစ်ပါတယ်။ ထိုင်းလက်ရာလို့ ထင်ပြီး နိုင်ငံခြားသားတွေ စိတ်ဝင်စားနေကြပုံရပါတယ်။

ဒါလေးတွေက အနံ့သင်းတဲ့ ဆပ်ပြာလေးများကို ပန်းပုံစံလေးတွေ ဖေါ်ကျူးထားပါတယ်။ နိုင်ငံခြားသားများကို လက်ဆောင်ပေးလို့ အဆင်ပြေတာပေါ့။



ဈေးဆိုင်ရှေ့က ယတြာတစ်ခုပါ။ ငွေဝင်စေတယ်လို့ ယူဆကြပါတယ်။


လေဆိပ်အနီးမှာ ဘုရားကြီးနဲ့ ရေကန်ကြီးရှိပါတယ်။ ကန်ပတ်လမ်းတလျှောက်မှာရှိတဲ့ စားသောက်ဆိုင်များဖြစ်ပါတယ်။

ပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင်က မြန်မာအမျိုးသားတစ်ဦးဖြစ်ပါတယ်။ လက်ရာကောင်းမွန်ပြီး၊ ဝန်ဆောင်မှုကောင်းတာကြောင့် နိုင်ငံခြားသားများ လာရောက်စားသောက်ကြတာကို တွေ့ခဲ့ရပါတယ်။






မြန်မာဝန်ထမ်းများ အင်္ဂလိပ်ဘာသာစကားတတ်မြောက်မှုက ထိုင်းလူမျိုးတွေထက် သာလွန်မှုကြောင့် ဒီကျွန်းပေါ်မှာ မြန်မာလူမျိုးဝန်ထမ်းများအတွက် အဆင်ပြေစွာ အလုပ် လုပ်ကိုင်နိုင်ကြပါတယ်။



စွယ်တော်ပန်းလေးတွေလည်း ပွင့်လန်းလို့။

ကျွန်းပေါ်က မြေနီးလမ်းနဲ့ ထန်းပင်

သဘာဝကမ်းခြေ

ပြီးပါပြီ။

Wednesday, October 27, 2010

အမောပြေဖို့ “ကော်စမွေ”သို့ အပိုင်း(၅)

ကမ်းစပ်

Transportation
ထိုင်းနိုင်ငံရှိ မြို့တော် ဘန်ကောက်မှ ပုံထဲက ကားမျိုးတွေနဲ့ ကျွန်းကို သွားနိုင်ပါတယ်။ ရိုးရိုးပုံမှန်ကားနဲ့ အထူးကားအနေဖြင့် ပုံစံနှစ်မျိုး ထွက်ပါတယ်။ ပုံမှန်ကတော့ လမ်းမှာ သုံးခါရပ်ပေးပါတယ်။ ကားပေါ်မှာ ချမ်းရင် ခြုံဖို့ စောင်ပေးပြီး၊ အထူးကားကတော့ ညဦးတွင် ထမင်းစားရန် ထမင်းစားလက်မှတ်၊ သောက်ရေ၊ မုန့်နဲ့ ကော်ဖီ၊ ချမ်းရင် ခြုံဖို့ စောင်၊ ကားပေါ်တွင် အိမ်သာကိုပါ တပ်ဆင်ထားတဲ့အပြင် ထိုင်ခုံများမှာလည်း ကျယ်ဝန်းသဖြင့် အညောင်းညာပြေစေနိုင်ပါတယ်။ လမ်းမှာ ညနေစာ စားရန် ထမင်းဆိုင်တွင် ဝင်ရပ်သည်မှ အပ ကျန်ဂိတ်များတွင် ဝင်ရောက်ရပ်နားခြင်းမပြုတော့ပါဘူး။ ကားလက်မှတ်ဈေးနှုန်းကတော့ ရိုးရိုးနဲ့ အထူးက ဈေးနှစ်ဆကျော်ကွာခြားတာကြောင့် ဝန်ဆောင်မှုများကလည်း ကွာခြားနေခြင်းပဲဖြစ်ပါတယ်။

ဘန်ကောက်မှ ညနေပိုင်းတွင် ထွက်ခွာခဲ့သော ကားသည် မနက် ဝေလီဝေလင်းတွင် ကျွန်းကို ကူးသော ဇက်ဆိပ်ကို ရောက်ရှိပါတယ်။ ကျွန်းက ပင်လယ်ထဲမှာ သီးခြားရှိနေတာကြောင့် လူနဲ့ ကားများက ဇက်ပေါ်တွင် (2)နာရီကျော် စီးကြပြီးမှ ကျွန်းကို ရောက်ရှိမှာဖြစ်ပါတယ်။ ကားခထဲမှာ ဇက်စီးခငွေပါပြီးသားဖြစ်ပြီး၊ ဇက်ပေါ်တွင် အေးဆေးစွာ အနားယူမှေးစက်ခြင်း သို့မဟုတ် အပန်းဖြေကြည့်ရှုနိုင်ပါတယ်။

မနက်ခင်း ဇက်စီးစဉ်။

ဇက်၏ ဒုတိယထပ်ဖြစ်တဲ့ နေရာမှာ လေအေးပေးစက်ဖြင့် အခန်းဖွဲ့ထားပြီး ခရီးသည်များ ဇက်စီးနေစဉ် အနားယူနိုင်အောင် ဝန်ဆောင်မှုပေးထားပါတယ်။

ဇက်သင်္ဘောအောက်ဆုံးထပ်မှာ ကားတွေကို ဇက်ပေါ်တင်နေပါပြီ။

ဇက်ကြီးတွေက သုံးထပ်သင်္ဘောတွေဖြစ်လို့ ကားတွေရော လူတွေရော အားလုံးကို နိုင်နင်းစွာ သယ်ဆောင်နိုင်ပါတယ်။

တစ်ချိန်တုန်းက ဒီနေရာတွေမှာ သဘာဝလင်းပိုင်တွေ လာရောက်ကျက်စားကြတယ်လို့ သိခဲ့ရပါတယ်။ သင်္ဘောလာရင် သူတို့ပျော်ပြီး လိုက်လာတတ်ကြသတဲ့။ အခုတော့ လူအသွားအလာများမှုကြောင့် ဒီဘက်ကို မလာကြတော့ပဲ လူရှင်းတဲ့ ကျွန်းတွေဘက် သွားနေကြသတဲ့။ အဲဒီနေရာတွေကိုတော့ boat ငှားပြီး သွားကြည့်နိုင်ပါတယ်။

ဇက်၏ အပေါ်ဆုံးမှာ ရှုခင်းများကို အခုလို တက်ရောက် ကြည့်ရှုခံစားနိုင်ကြပါတယ်။


ဒီခေါင်းတိုင်ကြီးဘေးနားကနေ ဓာတ်ပုံတွေ ရိုက်လို့၊
လေဒဏ်ကို ကျားကန်ရင်း ခရီးစဉ်ဓာတ်ပုံတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကိုယ့်လို သူတို့လည်း မှတ်တမ်းတင်နေလေရဲ့။


ဇက်ကူးစဉ် တွေ့ရသော အဝေးမှ ကျွန်းစုလေးများ။

ကျွန်းနဲ့ ပင်လယ်ရေပြင်ရဲ့ အလှတို့က အားပြိုင်နေကြသလား။

ပင်လယ်ရေပြင်၊ ဇက်ဆိပ်နဲ့ ကျွန်းအလှကို တွေ့မြင်ရစဉ်။


ဆိပ်ကမ်းမှာ ဇက်သင်္ဘောဆိုက်ကပ်ထားပုံ




ကမ်းကူးသော ဇက်ကြီး။

ဇက်၏ အပေါ်ဆုံးထပ်တွင် သဘာဝရှုမျှော်ခင်းများကို ငေးမောရင်း လိုက်ပါစီးနင်းနိုင်ပါသေးတယ်။ သင်္ဘောဦးမှာ ဝါသနာပါရင် Titanic ရုပ်ရှင်ထဲကလို သီချင်း သီဆိုနိုင်ပါတယ်၊

အဝေးမှာ “ကော်စမွေ”ကျွန်းက ကျန်ရစ်ခဲ့ပြီ။

ဆက်လက်ဖေါ်ပြပါမည်...

Monday, October 25, 2010

အမောပြေဖို့ “ကော်စမွေ”သို့ အပိုင်း (၄)

ကျောက်ဖိုနဲ့ ကျောက်မ

ထိုင်းနိုင်ငံရှိ တောင်ဘက်ရွန်းရွန်းမှာရှိသော် Koh Samui ကျွန်းရဲ့ ကြံကြံဖန်ဖန် အကြောင်းအရာလေး တစ်ခုကို သိမှတ်ဖွယ်ရာအဖြစ် တင်ဆက်လိုက်ပါတယ်။ အဲဒါကတော့ ကမ်းစပ်မှာရှိသော ထူးခြားတဲ့ ကျောက်တုံးကြီးများရဲ့ ပုံသဏ္ဌာန်တွေပဲဖြစ်ပါတယ်။

ကျောက်တုံးကြီးများကို Hin Ta & Hin Yai (ကျောက်ဖို နဲ့ ကျောက်မ)လို့ ခေါ်ကြပြီး အဲ...ခေါ်ရတဲ့ အကြောင်းရင်းကတော့ ကျောက်တုံးတွေက အမျိုးသားအင်္ဂါ၊ အမျိုးသမီး အင်္ဂါတွေနဲ့ တူလို့ ထိုင်းနိုင်ငံသားဒေသခံတွေက ဆိုကြတယ်။။ ဒါကြောင့် အထူးဆန်းဆိုရင် လေ့လာလိုကြတဲ့ အနောက်နိုင်ငံသားတွေအတွက်တော့ အတော်လေးကို ဟန်ကျနေတာပေါ့။

လမ်းအဝင်မှ ဆိုင်းဘုတ်လေးပါ။
ဆိုဒ်တစ်ခုမှာတော့ ကျောက်တုံးတွေ အကြောင်းကို ဒီလိုရေးထားတာတွေ့ရပါတယ်။
Strangely shaped rocks at south Lamai. A local story tells of an old couple whose ship was wrecked in the bay. Their body's were washed ashore to create the rocks.


Grand Pa (Hin Ta)

Grand Mom (Hin Yai)



သဘာဝအလှဆင်ပစ္စည်းများ အရောင်းဆိုင်



ဆက်လက်ဖေါ်ပြပါမည်...

Friday, October 22, 2010

အမောပြေဖို့ “ကော်စမွေ”သို့ အပိုင်း (၃)

ကျွန်းပေါ်က ရှုခင်းသာစခန်းနေရာကို တောင်ပေါ်က စီးမြင်ရပုံ



view point နေရာ

ကမ်းခြေကို တောင်ပေါ်မှ လှေကားဖြင့် ဆင်းနိုင်ပါတယ်။


view point နေရာ တောင်ပတ်လမ်း
ကျွန်း၏ အလယ်ဗဟိုတွင်ရှိသော တောင်ကြောတစ်ခုလုံးကို ဒီလိုဖြောင့်ဖြူးသော လမ်းများနှင့် လှည့်လည်ကြည့်ရှုနိုင်ပါတယ်။ စွန့်စွန့်စားစား တောင်ပေါ်မှာ လေ့လာလိုလျှင်သော်လည်းကောင်း၊ ကမ်းခြေမှာ အပန်းဖြေလိုလျှင်သော်လည်းကောင်း မိမိတို့ ဝါသနာအလိုက် အနားယူနိုင်ပါတယ်။ ဒါကြောင့် Koh Samui ကျွန်းလေးမှာ စိတ်ကြည်နူးစရာ အပန်းဖြေဖို့ ရသပေါင်းစုံက လွှမ်းခြုံလို့နေပါတယ်။

ဆက်လက်ဖေါ်ပြပါမည်...

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower