Monday, November 30, 2009

The Death Railway, Krasae Cave Bridge

မရဏတံတားအနီး တောင်နံရံထဲက လျှိုထဲမှာ ကြည်ညိုသပ္ပါယ်စွာ
ဖူးတွေ့ရတဲ့ ဗုဒ္ဓဆင်းတုတော်ပါ။
တံတားပေါ်ကနေ စီးမြင်တွေ့ရတဲ့ မြစ်ကွေ့ရှူခင်း။

တောင်နံရံ၊ ရထားလမ်း တံတားနှင့် မြစ်တစ်စင်း။

ရထားကြီးက တံတားကြီးပေါ်မဖြတ်ခင်ပုံ။

ရထားကြီးထွက်ခွာသွားတာကို ဒီလိုရင်ခုန်စွာကြည့်နေကြတယ်။

ရထားကြီး တံတားပေါ်ကို ဖြတ်နေပြီနော်။ ရထားလမ်းတံတားရဲ့ တစ်ဘက်မှာ ကျောက်နံရံ၊ တစ်ဘက်က မြစ်တစ်စင်းက စီးဆင်းနေပါတယ်။
မြစ်ထဲမှာ ဘန်ဂလိုလေးတွေလည်း ရှိတယ်။

ဒီလိုသွားရတာမျိုးဖြစ်လို့ မရဏတံတားလို့ ခေါ်ကြတာပါ။
ရထားလမ်းပေါ်ကို လမ်းလျှောက်ခြင်တဲ့သူတွေပါ၊ သစ်သားတွေ ကျိုးတို့ကျိုးတဲနဲ့
အသဲထိတ်စရာ လမ်းလျှောက်နေကြတာ။

တံတားပေါ်မှာ လှပျိုဖြူတွေက ဓာတ်ပုံရိုက်နေကြတာလေ။

တံတားတစ်စင်းနဲ့ မြစ်တစ်စင်း စီးဆင်းနေပုံကို ယှဉ်တွဲလျှက်။

လမ်းညွှန်လေးတစ်ယောက်က ခရီးသွားသံဃာတော်ကို ရှင်းပြနေပုံပါ။

ဒီနေရာလေးကို ရောက်တော့လေ မြန်မာနိုင်ငံက ဂုတ်ထိပ်တံတားကို သတိရမိတယ်။ ဗိုလ်ချုပ်ပြောတာကို သတိရပြန်ရော။ ထိုင်းနိုင်ငံသည် ဒုတိယမြန်မာနိုင်ငံတော်တဲ့လေ။ စာဖတ်သူတို့ရေ သူတို့နိုင်ငံရဲ့ စိတ်ဝင်စားစရာနေရာလေးတွေ စိတ်လှုပ်ရှားစရာနေရာလေးကို လာရောက်လေ့လာ အပန်းဖြေနိုင်ဖို့အတွက် သတင်း စကား လက်ဆင့်ကမ်းလိုက်ပါတယ်နော်။

Friday, November 27, 2009

Erawan Waterfalls




ကချနဘူရီမြို့မှ ဧရာဝဏ်ရေတံခွန်စခန်း
တောတောင်ရေမြေသဘာဝတရားတွေကို အပြည့်အဝခံစားမှုပေးနိုင်တဲ့ အဆင့်ခုနှစ်ဆင့်ရှိတဲ့ ရေတံခွန်စခန်း တစ်ခုပါ။ ရေတံခွန်အဆင့်တွေဆီကို သွားရတဲ့ပုံစံက မြန်မာနိုင်ငံ၊ မေမြို့မှ ဓာတ်တော် ချိုင့်ရေတံခွန်ကို သွားရတဲ့ ပုံစံမျိုးပေါ့။ ဒါပေမဲ့သူတို့ဆီမှာက သွားတဲ့လမ်းလေးတွေကို လမ်းခင်းထားတဲ့အတွက် လမ်းလျှောက် ရတာ မပင်ပန်းဘူးနော်။ ဘေးပတ်ဝန်းကျင်က တောစခန်းရှူခင်းတွေကို ကြည့်သွားရတာဆိုတော့ မောတော့ မောတယ် ဒါပေမဲ့ မမောဘူးပေါ့။ ပြီးတော့ ရေတံခွန်မှာ ဆင်းဆော့ပြီးရင် ရေချိုးခန်းမှာ ရေဝင်ချိုးလို့လည်း ရပါတယ်။ ရေတံခွန်တစ်ဆင့်ပြီးတစ်ဆင့် လျှောက်ကြည့်ပြီးမှ ကိုယ်ကြိုက်နေရာလေးမှာ မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ ကိုယ့်အဖော်မွန်လေးနဲ့ဖြစ်စေ အပန်းဖြေနားနေပြီး ရေကစား အပန်းဖြေလို့ ရပါတယ် လို့ သတင်းကောင်းပေးလိုက်ပါတယ်။ ရေတံခွန်စခန်းပိတ်ချိန်က ဒေသစံတော်ချိန် ညနေ(၅)နာရီ ဖြစ်တာ ကြောင့် ရေထဲက ပြန်တက်ဖို့ မမေ့ဖို့ သတိပေးလိုက်ပါတယ်နော်။

ဆက်လက်ဖော်ပြပါမည်။

Tuesday, November 24, 2009

Taweechai Elephant Camp





အပန်းဖြေစရာ ဆင်စခန်းတစ်ခုပါ။ ဒီနေရာလေးမှာ ဆင်ထိန်းဝန်ထမ်းများအားလုံးသည် မြန်မာနိုင်ငံသားတွေ ဖြစ်တာကြောင့် မြန်မာလိုပြောဆိုလို့ရတဲ့ အပန်းဖြေစရာနေရာလေး တစ်ခုပါ။ ဆင်စခန်းဆိုတဲ့အတိုင်း ဆင်စီးလို့ ရပါတယ်။ ချောင်းထဲမှာ ဆင်တွေနဲ့ ရေဆော့ကစားလို့ရပါတယ်။ ဆင်အယဉ်တွေဖြစ်တာကြောင့် အန္တာရာယ် မရှိနိုင်ပါဘူး။ အသက်ခုနှစ်ဆယ်ကျော်ဆင်ကြီးတစ်ကောင်လည်း ရှိပါတယ်၊ သူ့အစွယ်က အရှည်ကြီးပါ။ ဆင်စခန်းရဲ့အနောက်ဘက်မှာ တောင်တန်းတစ်ခု ရှိနေပါတယ်။ ယင်းတောင်တန်း၏ တောင်ထိပ်သည် ဆင်ဦး ခေါင်းပုံစံမျိုး ရှိခြင်းကြောင့် ဧရာဝဏ်ဆင်စခန်းလို့ ခေါ်ပုံရပါတယ်။ အဲဒီဆင်စခန်းမှာတော့ ထိုင်းလူမျိုးတွေ အပန်းဖြေတာထက် နိုင်ငံခြားသားတွေ အပန်းဖြေတာပိုများပါတယ်။ သဘာဝရှူခင်း အလှတွေရယ် ဆင်လိမ္မာ တွေနဲ့ ရေထဲဆော့ရတဲ့အရသာကို နိုင်ငံခြားသားတွေ အထူးကြိုက်နှစ်သက်ကြပါတယ်။

ဆင်အရိုးစုကို ထိုင်းနှင့်ထိုင်ဝမ် ဖက်စပ်ရိုက်တဲ့ ရုပ်ရှင်တစ်ခုထဲမှာ တွေ့ဖူးကြပါသလား။ ဒီဆင်စခန်းသည် ရုပ်ရှင်ဇာတ်ကားများစွာ လာရောက်ရိုက်ကူးတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်နော်။ ယူကျူ့မှာ နမူနာကြည့်ဖို့ လင့်ပေးလိုက်ပါတယ်။ http://www.youtube.com/watch?v=6pEzB4D6of8
http://www.youtube.com/watch?v=rsyIxBh_788&feature=related
ကဲ အသက်ကြီးလာတော့ ဆင်စီးကြပါစို့နော်။





မြွေသူတော်လို့ တင်စားတဲ့ မြွေဖြူတစ်ကောင်ပါ။ သူ့အစာက ကြက်တစ်ကောင် လောက်စားနိုင်ပါတယ်တဲ့။ သူက လူတွေကို အန္တရာယ်မပြုပါဘူး၊ သူနဲ့တွဲပြီး ဓာတ်ပုံရိုက် လို့ရပါတယ်။ ဒီဆင်စခန်းမှာ မြွေဖြူနှစ်ကောင်ရှိပါတယ်။ တစ်ကောင်က အရေခွံလဲ နေတာကြောင့် ဓာတ်ပုံမရိုက်ခဲ့ရပါဘူး။ ဒီလိုမျိုး အဖြူရောင်မြွေရှိရင် မြွေဆိုးတွေ မလာပါဘူးတဲ့။

ဆက်လက်ဖေါ်ပြပါမည်။

Monday, November 23, 2009

ဘန်ကောက်မြို့နှင့် အနီးဆုံး နေ့ချင်းပြန်ရောက်သည့် လည်ပတ်နိုင်သော နေရာများ

ဘန်ကောက်မြို့နှင့် အနီးဆုံး နေ့ချင်းပြန်ရောက်သည့် လည်ပတ်နိုင်သော နေရာများထဲက ကချနဘူရီမြို့ကို သွားရောက်လည်ပတ်မယ်ဆိုရင်............။

ကချနဘူရီမြို့ရဲ့တည်နေရာက ဘန်ကောက်မြို့ရဲ့အနောက်မြောက်ဘက်မှာတည်ရှိပြီး ရှေ့ဆက် ကီလိုမီတာ (၁၀၀)ခန့်ဆက်သွားပါလျှင် ဘုရားသုံးဆူမြို့ကို ရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းကနေ ကြည့်ရင် တော့ ရေးမြို့နှင့် ထားဝယ်မြို့အကြားမှာတွေ့ရမှာဖြစ်ပါတယ်။

ဂူဂယ်မှာ တွေ့နိုင်တဲ့သော မြို့တည်ရှိရာ နေရာပြမြေပုံလင့်ဖြစ်ပါတယ်။
http://maps.google.com/maps?hl=en&source=hp&q=bangkok+map&um=1&ie=UTF-8&hq=&hnear=Bangkok,+Thailand&ei=AUoLS5ykO4SWkQX8p9GUBA&sa=X&oi=geocode_result&ct=title&resnum=1&ved=0CA0Q8gEwAA

ထိုမြို့မှာ တွေ့ရသောရှူခင်းတွေကတော့ မြန်မာနိုင်ငံရေမြေတောတောင်သဘာဝရှူခင်း တွေနဲ့ သိပ်ကွာဟတာမျိုးမရှိပါဘူး။ ဒါပေမဲ့ သူတို့နိုင်ငံအနေနဲ့ နိုင်ငံခြားသား ဧည့်သည်များကို စိတ်ဝင်စားအောင် ဆွဲဆောင်မှု တွေနဲ့ ပြင်ဆင်ထားတဲ့အပြင် သွားလာရေး အဆင်ပြေချောမွေ့တာတွေကြောင့် လည်ခြင်စရာကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ထိုမြို့နဲ့ပတ်သက်ပြီး လက်လှမ်းမီသလောက် လည်ပတ်စရာရှူခင်းလှတဲ့နေရာလည်းဖြစ် စိတ်ဝင်စားစရာ ကောင်းအကြောင်းလေးတွေကို Bliss of us ရဲ့သတင်းစာမျက်နှာမှ မိတ်ဆက်လိုက်ပါတယ်နော်။
  • Sai Yok Waterfall (Big & Small)
  • Taweechai Elephant Camp
  • Erawan Waterfalls
  • The Death Railway, Krasae Cave Bridge
  • River Kwae Bridge
  • Wat Tham Suar (Pagoda)
Sai Yok Waterfall (Big & Small)
ဆိုင်ယုပ် လို့ အနီးစပ်ဆုံးအသံထွက်နဲ့ ရေတံခွန်ပါ။ ထိုရေတံခွန်က အကြီးအသေးနှစ်နေရာရှိပါတယ်။ ဘုရားသုံးဆူနဲ့က ရေတံခွန်အကြီးက ပိုနီးပါတယ်။ ရေတံခွန်ချစ်သူဧည့်သည်တွေ ကြည့်ရအောင် ဓာတ်ပုံတွေနဲ့ ဖေါ်ပြပေးလိုက်ပါတယ်။



ဆက်လက်ဖေါ်ပြပါမည်။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower