Tuesday, September 29, 2009

အားသာချက်များဖြင့် ထိုင်းနိုင်ငံ

Bliss of Us အဖွဲ့သည် မြန်မာနိုင်ငံမှ ဧည့်သည်များ စိတ်ချမ်းသာ အဆင်ပြေမှုရှိစေ ရေးကို အဓိကထား ဆောင်ရွက်ရခြင်းမှာ ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိနေကြသော မြန်မာများအနေဖြင့် ဘန်ကောက်တွင် ဆေးကုသခြင်းဖြင့် မြန်မာနိုင်ငံမှ မိဘဆွေမျိုးများနှင့် အနီးကပ် ပြုစုစောင့်ရှောက်နိုင်ခြင်း၊ မြန်မာနိုင်ငံမှ ဆွေမျိုးများနှင့် ဘန်ကောက်တွင် တွေ့ဆုံလည်ပတ် နိုင်ခြင်းများ၊ ဘန်ကောက်မြို့ရှိ ဆေးရုံများသို့ တက်ရောက်ကုသနေစဉ် အခက်အခဲရှိခဲ့ပါလျှင် ယင်းဆေးရုံတွင် ကူညီပေးခြင်းနှင့် အခြားဆေးရုံသို့ ရွေ့ပြောင်း ကုသလိုပါကလည်း ကူညီဆောင်ရွက်ပေးခြင်း၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် အပန်းဖြေခရီး ထွက်ခြင်း၊ ဈေးဝယ်ခြင်း၊ စီးပွါးရေးဈေးကွက်ရှာခြင်း၊ ဆေးကုသမှုများပြုလုပ်နိုင်ခြင်း၊ နိုင်ငံတကာတက္ကသိုလ်များသို့ ကျောင်းတက်နိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ရန် အကောင်းဆုံးသော အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။
ထို့အပြင် ယဉ်ကျေးမှု အလေ့အထနှင့် ဘာသာရေး၊ ကိုးကွယ်မှုများတူနေခြင်းကြောင့် လူငယ်များသာမက လူကြီးများအတွက်ပါ အဆင်ပြေစွာ အပန်းဖြေလည်ပတ်နိုင်ခြင်း၊ နိုင်ငံတကာအဆင့်မှီ ပြည့်စုံကောင်းမွန်သော ဆေးရုံများတွင် စိတ်ချမ်းသာစွာ ဆေးစစ်နိုင်ခြင်းနှင့် ဆေးကုသမှုများပြုလုပ်နိုင်ခြင်းသည် အခြားနိုင်ငံများထက် အားသာချက်တစ်ခုဖြစ်ပါသည်။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower